from 90 USD
Inquiry

ရန်ကုန် – မန္တလေး – ပြင်ဉီးလွင် – ဂုတ်ထိပ် ခရီးစဉ်( ၄ ညအိပ် ၅ ရက်)

ရန်ကုန် - မန္တလေး - ပြင်ဉီးလွင် - ဂုတ်ထိပ်
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

မန္တလေးပြင်ဦးလွင်၊ ဂုတ်ထိပ်ဒေသရှိ အထင်ကရ လည်ပတ်စရာနေရာများကို စုံလင်အောင်လည်ပတ်ရမယ့် ရန်ကုန် – မန္တလေးပြင်ဉီးလွင် – ဂုတ်ထိပ် ( ၄ ညအိပ် ၅ ရက်) ခရီးစဉ်ကို အတူလိုက်ပါရင်း မန္တလေးဒေသရဲ့ နာမည်ကြီးရိုးရာစားရာတွေပြင်ဦးလွင်မြို့ရှိ အထင်ကရစားသောက်ဆိုင်တွေနဲ့ ဒေသထွက်လက်ဆောင်ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့သိရှိနိုင်မှာပါ။ 

Highlights

  • ကုသိုလ်တော်ဘုရား ၊ မန္တလေးတောင် ၊ မဟာမြတ်မုနိ ဘုရားကြီး ၊ ကျောက်စိမ်းဘုရား၊ ဉီးပိန်တံတား
  • ပြင်ဉီးလွင်ဘူတာမှ ဂုတ်ထိပ်သို့ ရထားဖြင့် စီးနင်းလိုက်ပါပြီး လည်ပတ်ပါမည်၊
  • BE Fall နှင့် ပိတ်ချင်းမြောင် သဘာဝလှိုဏ်ဂူ၊ မဟာအံ့ထူးကံသာ ဘုရား၊ အမျိုးသားကန်တော်ကြီး ဉယျာဉ်

Itinerary

Day 1

ရန်ကုန် - မန္တလေး 


နံနက် ၆ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမယ်။ နံနက်စာ ကို ၁၁၅ မိုင်တွင် သုံးဆောင်ပြီး နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ညနေ ၄ နာရီ ခန့်တွင် မန္တလေးမြို့ သို့ ရောက်ရှိပြီး ဉီးပိန်တံတားသို့ သွား‌ရောက်လည်ပတ်ပါမယ်။ ပြီးနောက် ဟိုတယ်မှာ Check-In ဝင်ပြီး ခေတ္တအနားယူပါမယ်။ ညစာကိုဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။ 

Day 2

မန္တလေး - ပြင်ဉီးလွင် 


နံနက်စာ ကို ဟိုတယ်မှာ သုံးဆောင်ပြီး ကုသိုလ်တော်ဘုရား ၊ မန္တလေးတောင် ၊ မဟာမြတ်မုနိ ဘုရားကြီး ၊ ကျောက်စိမ်းဘုရား များ သို့သွားရောက် လည်ပတ်ပါမယ်။ နေ့လည်စာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ မန္တလေးမြို့ ရဲ့ အထင်ကရ အစားအစာဖြစ်သော ထိုးမုန့် ၊ လက်ဖက် ၊ စသည့်ဒေသထွက် လက်ဆောင်များ ဝယ်ရန် ဈေးသို့ ပို့ဆောင်ပေးပါမယ်။ ထို့နောက် ပြင်ဉီးလွင်မြို့ သို့ ဆက်လက်ခရီးဆက်ပါမယ်။ ပြင်ဉီးလွင်မြို့ရှိ ဟိုတယ်မှာ Check – In ဝင်ကာ ခေတ္တအနားယူပါမယ်။ ညစာကို ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီးဟိုတယ်တွင် ချမ်းစွာ အိပ်စက်အနားယူပါမယ်။   

Day 3

ပြင်ဉီးလွင် - ဂုတ်ထိပ် - ပြင်ဉီးလွင် 


နံနက်စောစောတွင် ဟိုတယ်မှ ဂုတ်ထိပ်သို့ ရထားစီးရန် ထွက်ခွာပါမယ်။ နံနက် ၈ နာရီတွင် ပြင်ဉီးလွင်ဘူတာမှ ဂုတ်ထိပ်သို့ ရထားဖြင့် စီးနင်းလိုက်ပါပြီး လည်ပတ်ပါမယ်။ နေ့လည် ၁၂ နာရီတွင် ဂုတ်ထိပ်မှ ပြင်ဦးလွင်သို့ ရထားဖြင့် ပြန်လည်ရောက်ရှိပြီး နေ့လည်စာကို ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပါမယ်။ BE Fall နှင့် ပိတ်ချင်းမြောင် သဘာဝလှိုဏ်ဂူ သို့ သွားရောက် လည်ပတ်ပါမယ်။ ညစာကို ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။ 

Day 4

ပြင်ဉီးလွင် - ရန်ကုန် 


နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် မဟာအံ့ထူးကံသာ ဘုရား၊ အမျိုးသားကန်တော်ကြီး ဉယာဉ် သို့ သွားရောက်လည်ပတ်ပါမယ်။ ထိုနောက် နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင်သုံးဆောင်ပါမယ်။  ဟိုတယ်သို့ပြန်ကာ Check – out ပြုလုပ်ပါမယ်။ ပြီးနောက် ပြင်ဉီးလွင် ဒေသထွက်လက်ဆောင် များ ဝယ်ယူပါမယ်။   ညစာကိုတော့ ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီး နောက်ရန်ကုန်သို့ ဆက်လက်ထွက်ခွာပါမယ်။ 

Day 5

ရန်ကုန် 


နံနက်စောစောတွင် ရန်ကုန်မြို့ သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည်ဖြစ်ပါတယ်။ 

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ၄၅ ယောက်စီး ( Air Condition Vehicle)၊
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ၊
  • 3* / 4*ဆင့်ရှိ ဟိုတယ်တွင် ၃ ညစာ တည်းခိုခွင့်၊
  • နေ့စဉ် ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ၊
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု၊
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု၊
  • Guide and Driver Tipping၊
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ၊
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ၊
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ၊
  • ခရီးသွားအာမခံ၊

Tour's Location

ရန်ကုန် - မန္တလေး - ပြင်ဉီးလွင် - ဂုတ်ထိပ်

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 90 USD

Inquiry



    You might also like