from 0 review
5D 4N
Specific Tour
1 person
English, Myanmar
မန္တလေး၊ ပြင်ဦးလွင်၊ ဂုတ်ထိပ်ဒေသရှိ အထင်ကရ လည်ပတ်စရာနေရာများကို စုံလင်အောင်လည်ပတ်ရမယ့် ရန်ကုန် – မန္တလေး – ပြင်ဉီးလွင် – ဂုတ်ထိပ် ( ၄ ညအိပ် ၅ ရက်) ခရီးစဉ်ကို အတူလိုက်ပါရင်း မန္တလေးဒေသရဲ့ နာမည်ကြီးရိုးရာစားရာတွေ၊ ပြင်ဦးလွင်မြို့ရှိ အထင်ကရစားသောက်ဆိုင်တွေနဲ့ ဒေသထွက်လက်ဆောင်ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့သိရှိနိုင်မှာပါ။
ရန်ကုန် - မန္တလေး
နံနက် ၆ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမယ်။ နံနက်စာ ကို ၁၁၅ မိုင်တွင် သုံးဆောင်ပြီး နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ညနေ ၄ နာရီ ခန့်တွင် မန္တလေးမြို့ သို့ ရောက်ရှိပြီး ဉီးပိန်တံတားသို့ သွားရောက်လည်ပတ်ပါမယ်။ ပြီးနောက် ဟိုတယ်မှာ Check-In ဝင်ပြီး ခေတ္တအနားယူပါမယ်။ ညစာကိုဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။
မန္တလေး - ပြင်ဉီးလွင်
နံနက်စာ ကို ဟိုတယ်မှာ သုံးဆောင်ပြီး ကုသိုလ်တော်ဘုရား ၊ မန္တလေးတောင် ၊ မဟာမြတ်မုနိ ဘုရားကြီး ၊ ကျောက်စိမ်းဘုရား များ သို့သွားရောက် လည်ပတ်ပါမယ်။ နေ့လည်စာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ မန္တလေးမြို့ ရဲ့ အထင်ကရ အစားအစာဖြစ်သော ထိုးမုန့် ၊ လက်ဖက် ၊ စသည့်ဒေသထွက် လက်ဆောင်များ ဝယ်ရန် ဈေးသို့ ပို့ဆောင်ပေးပါမယ်။ ထို့နောက် ပြင်ဉီးလွင်မြို့ သို့ ဆက်လက်ခရီးဆက်ပါမယ်။ ပြင်ဉီးလွင်မြို့ရှိ ဟိုတယ်မှာ Check – In ဝင်ကာ ခေတ္တအနားယူပါမယ်။ ညစာကို ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီးဟိုတယ်တွင် ချမ်းစွာ အိပ်စက်အနားယူပါမယ်။
ပြင်ဉီးလွင် - ဂုတ်ထိပ် - ပြင်ဉီးလွင်
နံနက်စောစောတွင် ဟိုတယ်မှ ဂုတ်ထိပ်သို့ ရထားစီးရန် ထွက်ခွာပါမယ်။ နံနက် ၈ နာရီတွင် ပြင်ဉီးလွင်ဘူတာမှ ဂုတ်ထိပ်သို့ ရထားဖြင့် စီးနင်းလိုက်ပါပြီး လည်ပတ်ပါမယ်။ နေ့လည် ၁၂ နာရီတွင် ဂုတ်ထိပ်မှ ပြင်ဦးလွင်သို့ ရထားဖြင့် ပြန်လည်ရောက်ရှိပြီး နေ့လည်စာကို ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပါမယ်။ BE Fall နှင့် ပိတ်ချင်းမြောင် သဘာဝလှိုဏ်ဂူ သို့ သွားရောက် လည်ပတ်ပါမယ်။ ညစာကို ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။
ပြင်ဉီးလွင် - ရန်ကုန်
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် မဟာအံ့ထူးကံသာ ဘုရား၊ အမျိုးသားကန်တော်ကြီး ဉယာဉ် သို့ သွားရောက်လည်ပတ်ပါမယ်။ ထိုနောက် နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင်သုံးဆောင်ပါမယ်။ ဟိုတယ်သို့ပြန်ကာ Check – out ပြုလုပ်ပါမယ်။ ပြီးနောက် ပြင်ဉီးလွင် ဒေသထွက်လက်ဆောင် များ ဝယ်ယူပါမယ်။ ညစာကိုတော့ ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီး နောက်ရန်ကုန်သို့ ဆက်လက်ထွက်ခွာပါမယ်။
ရန်ကုန်
နံနက်စောစောတွင် ရန်ကုန်မြို့ သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည်ဖြစ်ပါတယ်။
Leave a reply