from 795 USD
Inquiry

Kashmir with Taj Mahal & Pink City Tour ခရီးစဉ်

Kashmir, India
0/5
Duration

8D 7N

Tour Type

Daily Tour

Group Size

1 person

Languages

English, Myanmar

Overview

Kashmir (၇ ညအိပ် ၈ ရက်) ခရီးစဉ်ဖြင့် အိန္ဒိယနိုင်ငံရှိ အထင်ကရနေရာတွေနဲ့ ကမ္ဘာ့အံ့ဖွယ်အထိမ်းအမှတ်နေရာတွေကို သွားရောက်လည်ပတ်ကြပါမယ်။  

နှင်းတောင်ရေခဲနှင်းမှုန်များကြောင့် အေးမြမှုကိုခံစားရမယ့်အပြင် ရေခဲတောင်ပေါ် နှင်းတွေကြားက ဟိုတယ်မှာ ညအိပ်တည်းခိုပြီး Snowboarding, Ice-Skating, Sleazing အမျိုးမျိုးတို့ကို့ စီးကြည့်နိုင်ပါတယ်။  

Highlights

  • ကမ္ဘာ့အံ့ဘွယ်စာရင်းဝင် ကမ္ဘာကျော် တာ့ရှ်မဟာ
  • အာဂရာက ဘုရင့်စံနန်းနဲ့ ခံတပ်ကြီးတွေ
  • နယူးဒေလီမြို့ရဲ့ အထိမ်းအမှတ်တစ်ခုအဖြစ်လူသိများရာ အမြင့် ၄၂ မီတာမြင့်တဲ့ India Gate
  • ကြာပန်းပုံသဏ္ဌာန် ဗိသုကာလက်ရာ Lotus Temple
  • တစ်မြို့လုံးကို ပန်းသွေးခြယ်ထားတဲ့ ပန်းရောင်မြို့တော် Jaipur Pink City
  • ရေပေါ်အဆောက်အဦးများဖြင့် နာမည်ကျော်ကြားတဲ့ Houseboat
  • ကေဘယ်လ်ကားစီးပြီး ရေခဲတောင် အလှကို ခံစားရမယ့် Gulmarg

Itinerary

Day 1

New Delhi Arrival   


New Delhi Intl’ Airport သို့ရောက်ရှိပြီး Guide & Driver မှလာရောက်ကြိုဆိုပေးမှာ ဖြစ်ပါတယ်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး India Gate, Lotus Temple, Satipathan Temple အစရှိတဲ့ အထင်ကရနေရာများကို သွားရောက်လည်ပတ်ပါမယ်။ ဒေသစားသောက်ဆိုင်တွင်ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အနားယူကြပါမယ်။   

Day 2

New Delhi – Srinagar (By Air) - Sonamarg   


မနက်စာသုံးဆောင်ပြီးရင် Kashmir ကိုသွားရောက်ရန် လေဆိပ်သို့ ပို့ဆောင်ပေးပါမယ်။ Srinagar သို့ရောက်ရှိသည်နှင့် ဒေသစားသောက်ဆိုင်တွင် နေ့လည်စားပြီး Sonamarg (85 Kms)သို့ ကားဖြင့်ဆက်ထွက်ခွာပါမယ်။ (၆)မိုင်ထက် မနည်းရှည်လျားတဲ့ တောင်ကြားတစ်လျှောက် ရင်သပ်ရှုမောဖွယ်ရာသဘာဝအလှတရားများကို ကြည့်ရှုခံစားရင်း အမှတ်တရဓာတ်ပုံရိုက်ကြပါမယ်၊ ပြီးရင်တော့ ညစာသုံးဆောင်ပြီး ဟိုတယ်တွင်အနားယူမှာဖြစ်ပါတယ်။   

Day 3

Sonamarg – Srinagar   


ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Nishat Garden, Shalimar Garden, Tulip Garden (If Open) တို့ကိုသွားရောက်လည်ပတ်ကြပါမယ်။ Dal Lake သို့မဟုတ် Nagin Lake တွင် Shikara ကိုစီးကြပါမယ်။ Houseboat ပေါ်တွင် ညစာသုံးဆောင်ပြီး အိပ်စက်အနားယူပါမယ်။   

Day 4

Srinagar – Gulmarg – Srinagar    


နံနက်စာသုံးဆောင်ပြီး (၁)နာရီခန့်ကားဖြင့်သွားရသော ကမ္ဘာပေါ်ရှိ နှင်းလျှောစီးရန်အကောင်းဆုံးနေရာဖြစ်တဲ့ Gulmarg သို့သွားရောက်ပါမယ်။ နေ့လည်စာသုံးဆောင်ပြီးနောက် အာရှတွင်အမြင်ဆုံးနှင့် အရှည်ဆုံး Cable Car စီးရင်း Gulmarg ပတ်ဝန်းကျင်အလှကို ကြည့်ရှုပါမယ်။ (Skiing & Snow Boarding, Ice-skating, Heli-Skiing, Slazing စတဲ့ ACTIVITIES များအားလည်း ဧည့်သည်တော်များစိတ်ကြိုက် မိမိတို့၏ကိုယ်ပိုင်အစီအစဉ်များဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။   

Day 5

Srinagar – New Delhi (By Air) - Agra    


ဒေသစားသောက်ဆိုင်တွင်နေ့လည်စာသုံးဆောင်ပြီးနောက် New Delhi သို့ပြန်ပါမယ်။ New Delhi မှတစ်ဆင့် Agra မြို့သို့ ကားဖြင့်ထွက်ခွာပါမယ်။ ဒေသစားသောက်ဆိုင်တွင်ညစာစားပြီး ဟိုတယ်တွင်အနားယူအိပ်စက်ပါမယ်။   

Day 6

Agra – Abhaneri – Jaipur    


နံနက်စာသုံးဆောင်ပြီးနောက် Taj Mahal, Agra Fort တို့ကိုသွားရောက်လေ့လာပါမယ်။ နေ့လည်စာသုံးဆောင်ပြီး Jaipur သို့ဆက်လက်ထွက်ခွာပါမယ်။ လမ်းတွင် Abhaneri သို့လည်ပါမယ်။ ညစာသုံးဆောင်ပြီး Jaipur ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမယ်။   

Day 7

Jaipur – New Delhi    


နံနက်ပိုင်းမှာ Hawa Mahal, Amber Fort တို့ကိုလည်ပတ်ပြီး ဒေသစားသောက်ဆိုင်တွင် နေ့လည်စာစားပါမယ်။ ပြီးနောက် City Palace သို့လည်ပတ်ပြီး New Delhi သို့ပြန်မှာဖြစ်ပါတယ်။   

Day 8

New Delhi Departure     


နံနက်စာသုံးဆောင်ပြီးနောက် ရန်ကုန်မြို့တော်သို့ပြန်ရန် လေဆိပ်သို့လိုက်ပို့ပြီး ခရီးစဉ်ပြီးဆုံးမှာပဲဖြစ်ပါတယ်။ 

Included/Excluded

  • Accommodation with sharing twin/ double with daily breakfast 
  • Transportation 
  • Meals as per itinerary 
  • Ride (Cable car ride upto first phase in Gulmarg, Jeep ride at Amber Fort (One Way), Elephane ride at Amber Fort (One Way) 
  • English speaking guide 
  • Two bottles of mineral water per pax per day 
  • Entrance fees as per itinerary 
  • Any hike of government taxes, personal expenses & any supplement charges  
  • Services which are not mentioned above 
  • Yangon – Delhi – Yangon flight & Delhi – Srinagar – Delhi flight 
  • Tips to driver and guide 
  • Personal Expenses 

Tour's Location

Kashmir, India

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 795 USD

Inquiry



    You might also like