from 0 review
4D 3N
Specific Tour
1 person
English, Myanmar
လူဦးရေ (၆) ဦးရှိရုံနဲ့ သွားလို့ရနိုင်မယ့် ဘန်ကောက် – ပတ္တရား
(၃) ညအိပ် (၄) ရက် ခရီးစဉ်
Booking ကာလ – ယခုမှစ၍ ဩဂုတ်လ ၃၁ ရက်နေ့အထိ
ခရီးသွားကာလ – ဇူလိုင်လမှ အောက်တိုဘာလ အတွင်း
တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်) (၆) ဦးအဖွဲ့အတွက်

ငွေပေးချေမှု
TERMS & CONDITIONS:
· ဘန်ကောက်လေဆိပ်မှတဆင့် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ပတ္တရားသို့ ဆက်လက်ထွက်ခွာပါမည်။
· ပတ္တရားသို့ရောက်ရှိပြီးနောက် ဟိုတယ်သို့ Check-in ဝင်ကာ မိမိတို့၏စိတ်ကြိုက်အစီအစဉ်များဖြင့် (J Park Sricacha Nhun Mura) သို့မဟုတ် (Pattaya Night Market) အစရှိသည်တို့အား မိမိတို့၏ ကိုယ်ပိုင်စိတ်ကြိုက်အစီအစဉ်များဖြင့် သွားရောက်လည်ပတ်ကြပါမည်။
· ထိုညအား ပတ္တရားရှိဟိုတယ်တွင် အနားယူအိပ်စက်ကြပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ဒေသခံဧည့်လမ်းညွှန်နှင့်အတူ Laser Buddha (Khao Chi Chan) သို့ သွားရောက်လည်ပတ်ရင်း တောင်ကျောက်နံရံပေါ်တွင် လေဆာဖြင့် ထွင်းထုထားသော အထင်ကရ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ကြပါမည်။
· ထို့နောက် ထိုင်းနိုင်ငံ၏ နာမည်ကျော် ရုက္ခဗေဒဥယျာဉ်ဖြစ်သော Nong Nooch Tropical Garden သို့ သွားရောက်လည်ပတ်ပါမည်။ အဆိုပါဥယျာဉ်တွင် ထိုင်းရိုးရာ ယဉ်ကျေးမှုဖျော်ဖြေပွဲများကို ကြည့်ရှုနိုင်ပြီး Sightseeing Bus ဖြင့် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုပါမည်။
· နေ့လယ်စာ Buffet Lunch အား သုံးဆောင်ပြီးနောက် Pattaya Floating Market သို့ သွားရောက်လည်ပတ်ပြီး ရေပေါ်ဈေး၏ ထူးခြားသော အငွေ့အသက်များနှင့် ဒေသထွက် အစားအစာများ၊ လက်မှုပစ္စည်းများကို လေ့လာကြည့်ရှုရင်း ဝယ်ယူပါမည်။
· ထို့နောက် Precious Gems Gallery သို့ သွားရောက်ကာ ထိုင်းနိုင်ငံ၏ နာမည်ကျော် ကျောက်မျက်ရတနာများနှင့် လက်ဝတ်ရတနာလက်ရာများကို လေ့လာကြည့်ရှုဝယ်ယူနိုင်ပါမည်။
· ထို့မှတဆင့် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာလာပြီး ဘန်ကောက်ရှိဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါ သည်။
· ထိုညအား ဘန်ကောက်မြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒေသခံဧည့်လမ်းညွှန်နှင့်အတူ ဘန်ကောက်မြို့တွင်း city tour အဖြစ် (၄) နာရီခန့် ပျော်ရွှင်စွာလည်ပတ်ကြပါမည်။
· ခရီးစဉ်အတွင်း Chinatown Gate ကို ဖြတ်သန်းကြည့်ရှုမည်ဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံး ရွှေစင်ဗုဒ္ဓရုပ်ပွားတော် တည်ရှိရာ Wat Traimit (Temple of the Golden Buddha) သို့ သွားရောက်ဖူးမြော်ပါမည်။
· ထို့နောက် ဆုတောင်းပြည့်ဝသည်ဟု ယုံကြည်ကြသော အထင်ကရ Erawan Shrine (Four-Faced Buddha) သို့ သွားရောက်ဖူးမြော်ပါမည်။
· ဆက်လက်၍ ဘန်ကောက်မြို့၏ နာမည်ကျော် ဈေးဝယ်စင်တာတစ်ခုဖြစ်သော MBK Center တွင် ဈေးဝယ်ရန်နှင့် လွတ်လပ်စွာ လည်ပတ်ရန် အချိန်ပေးပါမည်။
· နေ့လည်ပိုင်းတွင် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ကျန်ရှိသောအချိန်များကို မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ အပန်းဖြေနိုင်မည်ဖြစ်ပါသည်။
· ညနေပိုင်းတွင် ဘန်ကောက်မြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် နံနက်ပိုင်းတွင် မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်သကဲ့သို့ ဈေးဝယ်ထွက်ခြင်းလည်း ပြုလုပ်နိုင်ပါမည်။
· နေ့လယ်ပိုင်းတွင် သတ်မှတ်ထားသောအချိန်၌ ယာဉ်မောင်းနှင့်တွေ့ဆုံပြီး ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
· လေဆိပ်သို့ရောက်ရှိပြီးနောက် ပြန်လည်ထွက်ခွာမည့် လေယာဉ်ခရီးစဉ်အတွက် Check-in ပြုလုပ်ပြီးနောက် ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply