from 2,470 USD
Inquiry

Kolkat – Bagdogra – Darjeeling – Phuestling – Thimphu – Paro

Kolkat – Bagdogra – Darjeeling – Phuestling – Thimphu – Paro
0/5
Duration

8D 7N

Tour Type

Daily Tour

Group Size

1 person

Languages

English, Myanmar

Overview

ခရီးစဉ်ထွက်ခွာမည့်ရက် – 23rd June 2024
ပြန်လည်ရောက်ရှိမည့်ရက် – 30th June 2024 

ခရီးစဉ်လိုက်ပါရန် နောက်ဆုံးစာရင်းသွင်းရမည့်ရက် – 3rd June 2024

ခရီးစဉ်အတွက် လူတစ်ဦးလျှင် USD 2,470 ကျသင့်ပါသည်။

Itinerary

Day 01: Yangon – Kolkata (-/-/D)

 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Oway Travel ရဲ့ Tour Leader နှင့် တွေ့ဆုံပြီးနောက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ထွက်ခွာပါမယ်။ကာလကတ္တားလေဆိပ်သို့ ရောက်ရှိပြီးရင်တော့ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ Check-in ဝင်ရန် ပို့ဆောင်ပေးပါမယ်။ညစာကို ဒေသစားသောက် ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည်အနားယူအိပ်စက်ရမှာဖြစ်ပါတယ်။ 

Day 02: Kolkata – Bagdogra (By Air) – Darjeeling (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ အိန္ဒိယနိုင်ငံအနောက်ဘင်ဂေါရှိ Hooghly မြစ်အားဖြတ်သန်းတည်ဆောက်ထားတဲ့ ကမ္ဘာပေါ်မှာ အရှည်ဆုံး Cantilever တံတားများထဲမှ တစ်ခုဖြစ်ပြီး ကာလကတ္တားမြို့နှင့် ဟောင်ရမြို့တို့အားဆက်သွယ်ထားသော Howrah Bridge အား သွားရောက်လေ့လာလည်ပတ်ပါမယ်။ ၁၈၃၉ ခုနှစ်တွင် အုတ်မြစ်ချခဲ့ပြီး ၁၈၄၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့တဲ့ Gothic ဗိသုကာလက်ရာ အင်္ဂလီကန်ဘုရားရှိခိုးကျောင်း St. Paul’s Cathedral Church အား သွားရောက်လေ့လာကြပါမယ်။ ထိုမှတဆင့် ၁၈၇၆ ခုနှစ်မှ ၁၉၀၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဧကရီတစ်ပါးဖြစ်ခဲ့သူ ဗစ်တိုးရီးယားအထိမ်းအမှတ်အဆောက်အဦးသို့ သွားရောက်လေ့လာလည်ပတ်ပါမယ်။  (မှတ်ချက် - တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင် ပိတ်ပါသည်။) ပြီးရင်တော့ ဟိန္ဒူနတ်ဘုရား Kali မယ်တော်ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ကြပါမယ်။ နေ့လယ်စာကို ဒေသစားသောက်ဆိုင်မှာ သုံးဆောင်ပြီးနောက် Bagdogra သို့ Kolkata လေဆိပ်မှတဆင့် ထွက်ခွာကြပါမယ်။ Bagdogra လေဆိပ်မှတဆင့် ဟိမဝန္တာတောင်ခြေရှိ အိန္ဒိယအနောက်ဘင်္ဂလားပြည်နယ်ရှိမြို့တစ်မြို့ဖြစ်ရာ Darjeeling မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာကြပါမယ်။  ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check-in ဝင်ကာအနားယူအိပ်စက်ရမှာဖြစ်ပါတယ်။

Day 03: Darjeeling (B/L/D)

 ံနက်စောစောမှာ ဒါဂျီလင်မြို့မှ Tiger Hill သို့ သွားရောက်ပြီး သူကနေမှ Kanchandzonga တောင်၊ ဧဝရတ်တောင် အစရှိတဲ့ ဟိမဝန္တာတောင်တန်းကြီးမှ အလွန်လှပတဲ့ နေထွက်ချိန်အားကြည့်ရှုခံစားကြပါမယ်။ နေမထွက်ခင် မိုးကုတ်စက်ဝိုင်းမှ အရောင်များပြောင်းလဲကာ ဟိမဝန္တာတောင်တန်းတစ်ခုလုံး ရွှေရောင်အဖြစ် ပြိုးပြိုးပြက်ပြက်ပြောင်းလဲလာတဲ့ အလွန်တရာကြီးကျယ်ခန်းနားလွန်းလှသည့် နေထွက်ချိန်မြင်ကွင်းအား စိတ်ကြိုက်ကြည့်ရှုခံစားနိုင်ပါမယ်။ပြီးရင်တော့ ၁၈၈၁ ခုနှစ်က တည်ဆောက်ခဲ့တဲ့ သက်တမ်း (၁၀၀) ကျော်သက်တမ်းရှိ (၈၈) ကီလိုမီတာခန့်ရှည်လျားပြီး ရထားသံလမ်းအကျယ် (၂) ပေသာအကျယ်ရှိတဲ့ New Jalpaiguri နှင့် Darjeeling ကြား ပြေးဆွဲလျက်ရှိတဲ့ ဒါဂျီလင်-ဟိမဝန္တာရထားလမ်း Toy Train အား သွားရောက်လေ့လာကြပါမယ်။၁၈၇၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ယင်း‌ဒေသရှိရှေးအကျဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ၁၅ ပေအမြင့်ရှိဗုဒ္ဓရုပ်ပွားတော်ရှိရာ အဝါရောင်ခေါင်မိုးဖြင့် တည်ဆောက်ထားသော ရှေးဟောင်းဘုန်းကြီးကျောင်း Ghoom Monastery သို့ သွားရောက်လည်ပတ်ပါမယ်။ပြီးရင်တော့ ဧဝရတ်တောင်ထိပ်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သူ နီပေါနိုင်ငံသား Mr. Tenzing Norgay မှ ၁၉၅၄ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့က ဖွင့်လှစ်ခဲ့သော ဒါဂျီလင်မြို့ရှိ တောင်တက်သင်တန်း Himalayan Mountaineering Institute သို့ သွားရောက်လေ့လာပါမယ်။ထိုမှတဆင့် Padmaja Naidu Himalayan Zoological Park သို့ သွားရောက်လေ့လာလည်ပတ်ကြပါမယ်။ (အပတ်စဉ် အင်္ဂါနေ့တိုင်း ပိတ်ပါသည်။)နောက်မှာတော့ ၁၉၅၉ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် တည်ထောင်ခဲ့တဲ့ တိဘက်ဒုက္ခသည်များကိုယ်ပိုင်ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက်လေ့လာပြီး သူတို့ရဲ့ လက်မှုပညာများ၊ ကော်ဇောများ၊ သားရေလုပ်ငန်း၊ ပန်းချီလုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်း အစရှိသည်တို့အား လေ့လာကြပါမယ်။ (အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပိတ်ပါသည်။)‌ဒေသစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်အနားယူအိပ်စက်ရပါမယ်။

Day 04: Darjeeling – Phuentsholing (B/L/D)

ဟိုတယ်မှာ နံနက်စာသုံးဆောင်ပြီးနောက် ဘူတန်သို့ ဆက်လက်ထွက်ခွာရန် Phuentsholing Border သို့ သွားရောက်ကြပါမယ်။ လမ်းခရီးမှာတော့ နေ့လည်စာသုံးဆောင်ကြရပါမယ်။ ပြီးရင်တော့ Phuentsholing နယ်စပ်မှတဆင့် Phuentsholing သို့ ရောက်ရှိတဲ့အခါ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဒေသ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ကာ Normal Entry ဖြင့် ဝင်ရောက်ပြီး ဟိုတယ်သို့ Check in ဝင်ပါမယ်။အိန္ဒိယလွင်ပြင်မြောက်ဘက်အစွန်းရှိ စီးပွားရေးစင်တာတစ်ခုဖြစ်တဲ့ Phuentsholing မြို့ဟာ ဟိမဝန္တာတောင်ခြေရင်းတည့်တည့်မှာတည်ရှိပြီး အိန္ဒိယနှင့် ဘူတန်လူမျိုးများ ရောနှောနေထိုင်ကြပါတယ်။ သူတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုများအား တစ်နေရာတည်းတွင်ရောနှောမြင်တွေ့နိုင်မယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Phuentsholing မြို့ရှိ ဟိုတယ်တွင် အနားယူအိပ်စက်ပါမယ်။ 

DAY 05: PHUENTSHOLING – THIMPHU (B/ L/ D)

 ဟိုတယ်မှာ နံနက်စာသုံးဆောင်ပြီး Phuentsholing မှ ထွက်ခွာပါမယ်။ ပြီးရင်တော့ အိန္ဒိယလူဝင်မှုကြီးကြပ်ရေးဌာနမှာ ထွက်ခွာခွင့်ပြုလုပ်ကာ Phuentsholing သို့ ပြန်လည်ဝင်ရောက်ပြီးနောက် ဘူတန်နိုင်ငံသို့ ဝင်ရောက်ခွင့်အဆင့်ဆင့်အား ပြုလုပ်ကြပါမယ်။ ဘူတန်နိုင်ငံ၏မြို့တော် Thimphu သို့ သွားရာလမ်းခရီးရှိ မြစ်ဆုံ Chhuzom တွင် ခေတ္တခဏရပ်နားပြီး တိဘက်ယဉ်ကျေးမှု၊ နီပေါယဉ်ကျေးမှုနှင့် ဘူတန်ယဉ်ကျေးမှုများပေါင်းဆုံရှာ စေတီပုထိုးများအားလေ့လာကြည့်ရှုရင်း အမှတ်တရဓာတ်ပုံများ ရိုက်လို့ရပါမယ်။ Thimphu မြို့သို့ရောက်ပြီဆိုရင်တော့ ဟိုတယ်သို့ Check in ဝင်ကာ ခေတ္တအနားယူပါမယ်။ ညနေပိုင်းမှာ Thinphu Main Street နဲ့ ဈေးဧရိယာတစ်လျှောက် ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမယ်။ ရိုးရာလက်မှုပစ္စည်းနှင့် ဒေသထွက်ကုန်များရောင်းချရာ ဈေးသို့လည်း သွားရောက်လည်ပတ်ကြပါမယ်။  ညစာကို ဒေသစားသောက်ဆိုင်မှာ သုံးဆောင်ပြီးနောက် အမြင့်မီတာ ၂၄၀၀ တွင်တည်ရှိတဲ့ Thimphu မြို့ကဟိုတယ်တွင် အနားယူအိပ်စက်ပါမယ်။

DAY 06: Thimphu – Paro (55 KMS / 1.5 hrs drive) (B/ L/ D)

 ဟိုတယ်မှာ နံနက်စာသုံးဆောင်ပြီးရင်တော့ စတုတ္ထမြောက်ဘုရင် Jigme Singye Wangchuck ရဲ့ နှစ် (၆၀) ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဘူတန်တောင်တန်းများပေါ်တွင် တည်ထားသော Shakyamuni ဗုဒ္ဓရုပ်ပွားတော်ရှိရာ Buddha Point (Kuensel Phodrang) သို့ သွားရောက်ဖူးမြော်ပါမယ်။  ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူလိုသော ဘူတန်၏တတိယမြောက်ဘုရင် Jigme Dorji Wangchuk အား အမှတ်တရ ရည်စူးပြီးသော်လည်းကောင်း၊ ငြိမ်းချမ်းရေးအတွက် အထိမ်းအမှတ်အဖြစ်လည်းကောင်း တည်ဆောက်ထားခဲ့သည့် King’s Memorial Chorten သို့ သွားရောက်လေ့လာကြပါမယ်။ ပြီးရင်တော့  မြို့တော် Paro ရှုခင်းသာအဝေးပြေးလမ်းမကြီးသို့ ဆက်လက်မောင်းနှင်ကာ ၁၆၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော နိုင်ငံ၏ ရှေးအကျဆုံးခံတပ်၊ ယခုအခါ ဗုဒ္ဓဘာသာ လေ့လာရေးကျောင်းအဖြစ်ဖွင့်လှစ်ထားတဲ့ Simtokha Dzong သို့ သွားရောက်လည်ပတ်ပါမယ်။ Paro သို့ ပြန်လည်ရောက်ရှိတဲ့အခါ ဟိုတယ်သို့ Check-in ဝင်ပါမယ်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်မှာ သုံးဆောင်ပြီးနောက် မူလကင်းမျှော်စင်အဖြစ် တည်ဆောက်ထားရှိခဲ့ပြီး ယခုအခါ အမျိုးသားပြတိုက်အဖြစ်ပြောင်းလဲဖွင့်လှစ်ထားရှိတဲ့ ရှေးဟောင်း တန်ခပန်းချီများ၊ အထည်အလိပ်များ၊ လက်နက်များနှင့် သံချပ်ကာများ၊ အိမ်သုံးပစ္စည်းများနှင့် သဘာဝနှင့် သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ ကြွယ်ဝစွာ အစုံအလင်မြင်တွေ့နိုင်ရာ Ta Dzong သို့သွားရောက်လည်ပတ်ပါမယ်။ အဲ့ကမှတဆင့် ခြံဝင်းအတွင်း စီတန်းထားတဲ့ သစ်သားပြခန်းတစ်လျှောက် ဗုဒ္ဓဘာသာဒဏ္ဍာရီကို သရုပ်ဖော်ထားတဲ့ နံရံဆေးရေးပန်းချီများရှိရာ Rinpung Dzong (Paro Dzong) သို့ ဆက်လက်၍ လည်ပတ်ပါမယ်။ ညမှာတော့ Paro ရှိ ဟိုတယ်တွင် အနားယူအိပ်စက်ပါမယ်။

Day 07: Paro (B/L/D)

နံနက်စာသုံးဆောင်ပြီး Taktshang ဘုန်းတော်ကြီးကျောင်း သို့မဟုတ် Tiger's Nest သို့ လေ့လာရေးခရီး (5 နာရီခန့် လမ်းလျှောက်ရပါမယ်။)-  သူကဘူတန်ရဲ့အကျော်ကြားဆုံးဘုန်းကြီးကျောင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ Guru Rinpoche ဟာ ကျားတစ်ကောင်ရဲ့ ကျောပေါ်တွင်လိုက်ပါပြီး ထိုနေရာသို့ ရောက်ရှိလာကာ ဤဘုန်းတော်ကြီးကျောင်းတွင် တရားထိုင်ခြင်းကြောင့် သူ့ကို "ကျားသိုက်" လို့ခေါ်တာပါ။  ဒီနေရာကို ShabdrungNgawangNamgyal မှ 1646 ခုနှစ်တွင် သွားရောက်လည်ပတ်ခဲ့ပြီး အမြင့်မြတ်ဆုံးနေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။  ဘူတန်လူမျိုးများဟာသူတို့ရဲ့တစ်သက်တာမှာအနည်းဆုံးတစ်ကြိမ်လာရောက်လည်ပတ်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ 1998 ခုနှစ် ဧပြီလ 19 ရက်နေ့မှာ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦးရဲ့ ပင်မအဆောက်အဦး ဆိုးရွားစွာ ပျက်စီးသွားခဲ့ပါတယ်။ အခုတော့ မူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိနေပါပြီ။  နေ့လည်ပိုင်းမှာတောဘူတန်စစ်သည်များ လွန်ခဲ့သောရာစုနှစ်များစွာက တိဗက်ကျူးကျော်သူများကို တိုက်ခိုက်ခဲ့လိုပျက်စီးသွားတဲ့ခံတပ်ဖြစ်သော Drukgyel Dzong သိုမောင်းနှင်သွားပါမယ်။ မြင့်မြတ်သော Chomolhari၊ "နတ်ဘုရားမတောင်" ရဲနှင်းဖုံးလွှမ်းသောအမိုးခုံးအား Dzong သို့ချဉ်းကပ်သောလမ်းမသူမ၏ဘုန်းအသရေအားလုံးကို မြင်တွေ့နိုင်ပါတယ်။ ညနေပိုင်းမှာ တိဗက်ဘုရငSongtsen Gampo က ဟိမဝန္တာတောင်တန်းမှာ တည်ဆောက်ထားခဲ့တဲဘုရားကျောင်း ၁၀၈ ခုထဲမတစ်ခုဖြစ်တဲ့ 7th Century Kyichu Lhakhang သိုသွားရောက်လည်ပတ်ပါမယ်။ ဤဘုရားကျောင်း ဆောက်လုပ်ခြင်းဟာ ဘူတန်တွငဗုဒ္ဓဘာသာကို စတင်ထွန်းကားစေသည့်အမှတ်အသားဖြစ်ပါတယ်။ 
ညမှာတော Paroရှိဟိုတယ်တွငအိပ်စက်အနားယူကြရပါမယ်။  

Day 08: Paro – Kolkata – Yangon (B/-/-)

ဟိုတယ်မှာ မနက်စာသုံးဆောင်ပြီးရင်တောအပြန်ခရီးစဉ်စတင်ကာ ခရီးစဉ်လေးပြီးဆုံးပါပြီ 

Included/Excluded

  • သက်ဆိုင်ရာနိုင်ငံရှိဟိုတယ်များတွင် တည်းခိုခွင့်(နှစ်ဦးလျှင်တစ်ခန်းနှုန်း)နှင့် နံနက်စာသုံးဆောင်ခွင့် 
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း သီးသန့် Air conditioner car ဝန်ဆောင်မှု 
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း နံနက်စာ၊ နေ့လည်စာ၊ ညစာ 
  • နေ့စဉ်အတွက် တစ်ဦးလျှင် ရေ (၁) ဘူးစီ 
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း English Speaking Guide or Driver ဝန်ဆောင်မှု 
  • အိန္ဒိယဗီဇာနှင့် ဘူတန်ဗီဇာ ဝန်ဆောင်မှု 
  • Tourist Tax for Bhutan 
  • ခရီးသွားအာမခံဝန်ဆောင်မှု 
  • ရန်ကုန် - ကာလကတ္တား - Bagdogra/ Paro - ကာလကတ္တား - ရန်ကုန် လေယာဉ်လက်မှတ် 
  • Tipping for guide & driver 
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော အစားအသောက်ဝန်ဆောင်မှုများ 
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး 
  • မိမိတို့၏ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့် 
  • ခရီးစဉ်တွင်ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို 

Tour's Location

Kolkat – Bagdogra – Darjeeling – Phuestling – Thimphu – Paro

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 2,470 USD

Inquiry



    You might also like