from 2,200 USD
Inquiry

ဆိုးလ်မြို့ – ဂျယ်ဂျုးကျွန်း – ဘူဆန်မြို့ ရဲ့ နာမည်ကြီးနေရာအစုံကို (၇) ရက်တိတိ တဝကြီးလည်ပတ်ရမယ့်ခရီးစဉ်

Seoul – Jeju – Busan
0/5
Duration

7D 6N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

 ကိုရီးယားရဲ့ ဆိုးလ်မြို့ဂျယ်ဂျုးကျွန်းဘူဆန်မြို့ရဲ့ နာမည်ကြီးနေရာအစုံကို () ရက်တိတိ တဝကြီးလည်ပတ်ရမယ့်ခရီးစဉ်   

ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ( ညအိပ်/ ၇ရက်) 

ခရီးစဉ်ဈေးနှုန်း  – တစ်ယောက်ကို 𝗨𝗦𝗗 𝟮𝟮𝟬𝟬 

လူဦးရေအနည်းဆုံး (၁၆) ယောက် ခရီးစဉ် 

ခရီးစဉ်အတွက် နောက်ဆုံးစာရင်းသွင်းရမယ့်ရက်ဇူလိုင်လ ၁၀ ရက်နေ့ 

ကုမ္ပဏီနဲ့ သင်တန်းကျောင်းတွေအတွက်လည်း အထူးသီးသန့်ဈေးနှုန်းနဲ့ စီစဉ်ဆောင်ရွက်ပေးပါတယ်။
အသေးစိတ်ကိုတော့ ဖုန်းဆက်မေးမြန်းနိုင်သလို Page Messenger မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်။ 

 

Highlights

  • ကိုရီးယားရုပ်ရှင်တွေထဲက နာမည်ကျော်နေရာတွေ၊
  • ကိုရီးယားနန်းတော်၊ ပန်းဥယျာဉ်တွေနဲ့ လည်ပတ်စရာနေရာအစုံ
  • ရန်ကုန် - ဆိုးလ် - ရန်ကုန် လေယာဉ်လက်မှတ်
  • ဆိုးလ် - ဂျယ်ဂျူး - ဘူဆန် လေယာဉ်လက်မှတ်
  • ကိုရီးယားဗီဇာဝန်ဆောင်မှု

Itinerary

Day 1

 ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ နာမည်ကျော် Squid Game ဇာတ်လမ်းတွဲရိုက်ကူးခဲ့သော Wolmido အပန်းဖြေဥယျာဉ်သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် Gimpo လေဆိပ်သို့ သွားရောက်ပြီး ဂျယ်ဂျူးကျွန်းသို့ လေကြောင်းဖြင့် ထွက်ခွာပါမည်။ ဂျယ်ဂျူးကျွန်းသို့ ရောက်ရှိပြီးနောက် နဂါးသဏ္ဌာန် ထူးခြားသောအသွင်ရှိသည့် Yongduam ကျောက်ဆောင်သို့သွားရောက်ပြီး ပင်လယ်ပြင်ရှုခင်းများကိုခံစားရင်း ဓာတ်ပုံများရိုက်ကူးကြပါမည်။ ဆက်လက်၍ စားသောက်ဆိုင်များနှင့်ဈေးတန်းများရှိရာ Tapdong Shopping Street တွင်လမ်းလျှောက်ရင်းလည်ပတ်ပါမည်။ ထို့နောက် ဟိုတယ်သို့ Check-in ဝင်ရောက်၍ အိပ်စက်အနားယူပါမည်။ နေ့လယ်စာနှင့် ညစာများကိုဒေသစားသောက်ဆိုင်များတွင် သုံးဆောင်ပါမည်။ 

Day 2

 ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မီးတောင်ကျွန်းတစ်ခုဖြစ်သော Seongsan Il Chulbong သို့သွားရောက်ကာ နေထွက်ချိန်ရှုခင်းကို ခံစားကြပါမည်။ ထို့နောက် မီးတောင်ကျောက်များ၊ သက္ကယ်အမိုးများဖြင့် တည်ဆောက်ထားသည့် ရိုးရာအိမ်များရှိရာ Seongeup တိုင်းရင်းသားကျေးရွာ၊ Seopjikoji ကမ်းခြေ၊ Cheonjiyeon ရေတံခွန်၊ ကိုရီးယားနိုင်ငံ၏ပထမဆုံး လက်ဖက်ပြတိုက် OSULLOC Tea museum နှင့် အလှဓာတ်ပုံများရိုက်ကူးလေ့ရှိသည့် Sinchang Windmill Coastal Road တို့ကို သွားရောက်လည်ပတ်ကြပါမည်။ နေ့လယ်စာနှင့်ညစာများကို ဒေသစားသောက်ဆိုင်များတွင် သုံးဆောင်ရပါမည်။ ဂျယ်ဂျူးကျွန်းရှိ ကြယ်သုံးပွင့်ဟိုတယ်တစ်ခုတွင် တစ်ညတာအိပ်စက်အနားယူပါမည်။  

Day 3

 ဘူဆန်မြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာရန် ဂျယ်ဂျူးလေဆိပ်သို့ သွားရောက်ကြပါမည်။ ဘူဆန်မြို့သို့ ရောက်ရှိပြီးနောက် ရောင်စုံအဆောက်အဦးများဖြင့် လှပစွာတည်ရှိသော Gamcheon Cultural Park, ဘူဆန်မြို့၏ရှုခင်းကို အပေါ်စီးမှခံစားနိုင်သော Songdo Skywalk, အမြဲစိမ်းသစ်တောများ၊ အပန်းဖြေဥယျာဉ်၊ မီးပြတိုက်နှင့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်ရာနေရာတစ်ခုဖြစ်သည့် Taejongdae Resort Park နှင့် ဈေးဆိုင်များ၊ စားသောက်ဆိုင်များရှိရာ Biff Market စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လယ်စာနှင့် ညစာတို့ကို ဒေသစားသောက်ဆိုင်များတွင် သုံးဆောင်ရပါမည်။  

 

Day 4

ပင်လယ်ကမ်းခြေတွင်တည်ရှိသော Haedong Yonggungsa ဘုရားကျောင်း၊ သစ်ပင်အုပ်များဖြင့် အေးချမ်းလှသည့် Damaljigi road၊ ရထားလှစီးရင်းဖြင့် ပင်လယ်ကမ်းခြေရှုခင်းများကို ခံစားနိုင်သည့် Haeundae Beach Train၊ 2005 ခုနှစ် APEC အစည်းအဝေးကျင်းပခဲ့သော Nurimaru House၊ Gwangali Café Street နှင့် ဘူဆန်မြို့၏နာမည်ကျော် Haeundae ကမ်းခြေတို့ကို လည်ပတ်ကြပါမည်။ နေ့လယ်စာနှင့် ညစာတို့ကို ဒေသစားသောက်ဆိုင်များတွင် သုံးဆောင်ကြပါမည်။ 

Day 5

ဆိုးလ်မြို့သို့ထွက်ခွာကြပါမည်။ လမ်းခရီးတွင် ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကစားကွင်းဖြစ်သော Everland Theme Park သို့ ဝင်ရောက်လည်ပတ်ပြီး ပျော်ရွှင်ဖွယ်ကစားနည်းမျိုးစုံကို ကစားကြပါမည်။ ထို့နောက် ဆိုးလ်မြို့သို့ဆက်လက်ထွက်ခွာပြီး Myeongdong Shopping Street တွင် ဈေးဝယ်ထွက်ကြပါမည်။ နေ့လယ်စာနှင့် ညစာတို့ကို ဒေသစားသောက်ဆိုင်များတွင် သုံးဆောင်ကြပါမည်။ ဆိုးလ်မြို့ရှိ ကြယ်သုံးပွင့်အဆင့်ဟိုတယ်တစ်ခုတွင် ညအိပ်အနားယူကြပါမည်။ 

Day 6

ကိုရီးယားသမ္မတအိမ်တော် အိမ်ပြာတော်ကို အပြင်ဘက်မှ သွားရောက်ကြည့်ရှုကြပါမည်။ ဆက်လက်၍ Gyeongbokgung Palace နန်းတော်၊ တိုင်းရင်းသားလူမျိုးများပြတိုက် နှင့် ဆိုးလ်တာဝါတို့သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လယ်စာကို ဒေသစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပါမည်။ Hongdae Shopping Street တွင် branded ပစ္စည်းမျိုးစုံကို ဈေးဝယ်ထွက်ကြပါမည်။  

Day 7

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာပြီး လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။ ပြီးနောက် ပျော်ရွှင်ဖွယ်ရာခရီးစဉ်လေးကို အဆုံးသတ်ပါမည်။

Included/Excluded

  • ရန်ကုန် - ဆိုးလ် - ရန်ကုန် လေယာဉ်လက်မှတ်
  • ဆိုးလ် - ဂျယ်ဂျူး - ဘူဆန် လေယာဉ်လက်မှတ်
  • 3 Star အဆင့်ရှိဟိုတယ်
  • မနက်စာ၊ နေ့လယ်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက်သီးသန့်ကား
  • မြန်မာလူမျိုး Tour Leader
  • အတွေ့အကြုံရှိတဲ့ ဒေသခံဧည့်လမ်းညွှန်
  • ကိုရီးယားဗီဇာဝန်ဆောင်မှု
  • ခရီးသွားအာမခံနဲ့
  • ခရီးစဉ်မှာဖော်ပြထားတဲ့နေရာဝင်ကြေ
  • ဖော်ပြမထားသော အစားအစာနှင့် အဖျော်ယမကာများ
  • ဒေသခံဧည့်လမ်းညွှန်နှင့် ကားဆရာတို့အတွက် သဒ္ဓါကြေးများ
  • မိမိတစ်ကိုယ်ရေအသုံးစရိတ်များ
  • အခြားဖော်ပြမထားသော ကုန်ကျစရိတ်များ

Tour's Location

Seoul – Jeju – Busan

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 2,200 USD

Inquiry



    You might also like