from 995 USD
Inquiry

INDOCHINA Trip (Thailand, Cambodia and Vietnam)

Thailand, Cambodia and Vietnam
0/5
Duration

7D 6N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

Travel History ယူလိုသူများအတွက (၃) နိုင်ငံခရီးစဉ 

ခရီးစဉ်ထွက်ခွာမည့်ရက်- 21st June 2024  

ပြန်ရောက်မည့်ရက် – 27th June 2024 

ခရီးစဉ်လိုက်ပါရန် နောက်ဆုံးစာရင်းသွင်းရမည့်ရက် – 3rd June 2024 

ဤခရီးစဉ်အတွက် လူတစ်ဦးလျှင် 995 USD ကျသင့်ပါမည်။ 

Itinerary

Day 01: Bangkok Arrival (-/-/D)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သိုအပြည်ပြည်ဆိုင်ရာလေကြောင်းဖြင့် ဆိုက်ရောက်ပါမည်။ ဒေသခံဧည့်လမ်းညွှန်မလာရောက်ကြိုဆိုပြီး တည်းခိုရာဟိုတယ်သိုလိုက်လံပို့ဆောင်ပေးကာ check-in ဝင်ရောက်ပါမည်။ နေ့လယ်စာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ပြီးနောကဘန်ကောက်မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများအနကတစ်ဆူဖြစ်သော Wat Traimit ကျောက်ဖယားမြစ်ကမ်းရှိ Wat Arun နှင့်နာမည်ကြီး branded ပစ္စည်းများရောင်းချသည့် Icon Siam Mall တို့ကို သွားရောက်ကြပါမည်။ အပျော်စီးသင်္ဘောပေါ်တွငဘူဖေးညစာကိုသုံးဆောင်ပြီးနောကဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူပါမည်။

Day 02: Bangkok City Tour (B/L/D)

ဟိုတယ်တွင်မနက်စာ သုံးဆောင်ကြပြီးနောကရထားသံလမ်းပေါ်တွငကုန်ပစ္စည်းများရောင်းချကြသည့် Meaklong Railway market နှင့် Damnoen saduak ရေပေါ်ဈေးတို့ကို သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာကို စားသောက်ဆိုင်တစ်ဆိုင်တွငသုံးဆောင်ပြီးနောက Shopping Bee Farm နှင့် နာမည်ကြီးညဈေးတစ်ခုဖြစ်သည့် Jodd Fairs တို့ကိုသွားရောက်ကြပါမည်။ ထို့နောကညစာကို စားသောက်ဆိုင်တစ်ဆိုင်တွငသုံးဆောင်ပြီးနောကဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူပါမည်။

Day 03: Bangkok – Siem Reap (by Bus) (B/-/D)

ဟိုတယ်တွင်မနက်စာ သုံးဆောင်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့သို့ ဘတ်စ်ကားဖြင့် ထွက်ခွာပါမည်။ ကားစီးချိန် ၇ နာရီမှ ၈ နာရီထိ ကြာနိုင်ပါသည်။ လမ်းခရီးတွင် နေ့လယ်စာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်နိုင်ပါသည်။ ဆီရမ်ရိမြို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီးနောက် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ တည်းခိုမည့်ဟိုတယ်သို့ လိုက်ပါပို့ဆောင်ပေးပါမည်။ ညစာကို စားသောက်ဆိုင်တွင် ကမ္ဘောဒီးယားရိုးရာ Apsara ကပွဲကိုကြည့်ရှုခံစားရင်း သုံးဆောင်ပြီးနောက် ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့ရှိသည့် pub street and night market တို့သို့ လည်ပတ်နိုင်ကြပါသည်။ ထို့နောက်ဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူပါမည်။

Day 04: Angkor Wat and Angkor Thom Temple (B/L/D)

 ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် (၁၂)ရာစုကတည်ဆောက်ခဲ့သည့် ခမာလူမျိုးတို့၏ ရှေးဟောင်းမြို့တော် Angkor Thom သို့ တောင်ဘက်ဂိတ်မှဝင်ရောက်လေ့လာပါမည်။ ဆက်လက်၍ Baphuon ဘုရားကျောင်း၊ Ta Prohm ဘုရားကျောင်းနှင့် Terrace of the Elephant တို့ကိုသွားရောက်လေ့လာကြပါမည်။ နေ့လယ်စာကို စားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ကမ္ဘာ့အံ့ဖွယ်များအနက် တစ်ခုဖြစ်သော အန်ကောဝပ်ဘုရားကျောင်းသို့ သွားရောက်ကြပါမည်။ ညနေစာကို စားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် Old Market တွင် ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူကြပါမည်။

Day 05: Siem Reap – Phnompenh (B/L/D)

 ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ဖနွမ်းပင်မြို့သို့ ထွက်ခွာပါမည်။ လမ်းခရီးတွင် (၁၂)ရာစုလက်ရာ ကမ္ဘာ့အရည်ဆုံး ခုံးမိုးကျောက်တံတား Kampong Kdei Bridge ကို လေ့လာကြပါမည်။ ထိုမှတဆင့် မြွေများ၊ ပုရစ်များ၊ ပင့်ကူများကို အရောင်းအဝယ်လုပ်ကြသော Skun Market ကိုဝင်ရောက်လေ့လာရင်း ကျေးလက်နေကမ္ဘောဒီးယားလူမျိုးများ၏ လူနေမှုဘဝကို လေ့လာနိုင်ပါသည်။ ဖနွမ်းပင်မြို့သို့ နေ့ခင်းပိုင်းတွင်ရောက်ရှိကြပြီး နေ့လယ်စာကို Suki Soup စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် (၁၈၆၆)ခုနှစ်က တည်ဆောက်ခဲ့သော တော်ဝင်နန်းတော်၊ ငွေပြားကြမ်းခင်းပေါင်း(၅၀၀၀)ဖြင့် အလှဆင်ထားသော Silver Pagoda စသည့်နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်ပြီး Toul Sleng ပြတိုက်၊ ကမ္ဘောဒီးယားလွတ်လပ်ရေး အထိမ်းအမှတ်အဆောက်အအုံနှင့် Naga World Casino တို့သို့လည်ပတ်ကြပြီးနောက် ညစာကိုစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ပြီးနောက် ဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူပါမည်။

Day 06: Phnom Penh – Ho Chi Minh by Bus (6 Hours) (B/-/D)

မနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောကအဝေးပြေးကားဖြင့် ဗီယက်နမ်နယ်စပMoc Bai မှတဆင့် ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်ကာ ဟိုချီမင်းမြို့သိုဆက်လက်ထွက်ခွာပါမည်။ လမ်းခရီးတွငနေ့လယ်စာသုံးဆောင်ရနခေတ္တရပ်နားပေးပြီး မိမိအစီအစဉ်ဖြင့် သုံးဆောင်ပါမည်။ ဟိုချီမင်းမြို့သိုညနေပိုင်းတွင်ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မလာရောက်ကြိုဆိုကာ Notre Dame Cathedral, Old Saigon Post Office, Opera House, City Hall နှင့် War museum တို့ကို သွားရောက်လည်ပတ်ကြပါမည်။ ညစာကို ဆိုင်ဂုံမြစ်အတွင်း အပျော်စီးသင်္ဘောပေါ်တွငသုံးဆောင်ပြီးနောကဟိုတယ်သိုcheck-in ဝင်ရောက်ပြီး အနားယူပါမည်။

Day 07: Ho Chi Minh – Cu Chi Tunnel – Departure (B/L)

ဟိုတယ်တွငမနက်စာသုံးဆောင်ကြပြီးနောကဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်ကောင်းပြောက်ကျားများ ပုန်းခိုခဲ့ကြသော ကီလိုမီတာ ၂၀၀ ကျော်ရှည်လျားသည့် လိုဏ်ခေါင်းကွန်ယက်များရှိသည့် Cu Chi Tunnel သိုသွားရောက်လေ့လာကြပါမည်။ ထို့နောကဟိုချီမင်းမြို့သိုပြန်လည်ထွက်ခွာကာ နေ့လယ်စာကို စားသောက်ဆိုင်တစ်ဆိုင်တွငသုံးဆောင်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောကSaigon Square နှင့် လက်ဆောင်များဝယ်ရနBen Thanh market တို့သိုသွားရောက်ကြပါမည်။ ထို့နောကလေဆိပ်သို့ဆက်လက်ထွက်ခွာပြီးနောကရန်ကုန်မြို့သိုလေကြောင်းခရီးဖြင့်ထွက်ခွာပါမည်။ ရန်ကုန်လေဆိပ်သိုညပိုင်းတွင ပြန်လည်ရောက်ရှိပြီးနောကပျော်ရွှင်ဖွယ်ခရီးစဉ်လေး ဤတွင်ရပ်နားပါမည်။ 

Included/Excluded

  • ရန်ကုန်-ဘန်ကောက်၊ ဟိုချီမင်း-ရန်ကုန် လေယာဉ်လက်မှတ်များ
  • 3 Star ဟိုတယ်တွင် (၆)ညအိပ်တည်းခိုခွင့်
  • သီးသန့်အဲကွန်းကားဝန်ဆောင်မှု
  • ခရီးသွားအာမခံ
  • ခရီးစဉ်တွင်ဖော်ပြထားသော မနက်စာ၊ နေ့လယ်စာနှင့် ညစာများ
  • အတွေ့အကြုံရှိ ဒေသခံဧည့်လမ်းညွှန်
  • မြန်မာလူမျိုး Tour Leader
  • ခရီးစဉ်တွင်ဖော်ပြထားသော လည်ပတ်စရာနေရာများ၏ ဝင်ကြေးများ
  • လူတစ်ဦးလျှင် နေ့စဉ်ရေသန့်အသေး(၂)ဘူး
  • ဧည့်လမ်းညွှန်နှင့် ကားဆရာများအတွက် tips
  • ခရီးစဉ်တွင်ဖော်ပြမထားသည့် အစားအသောက်နှင့် အဖျော်ယမကာများ
  • မိမိကိုယ်ပိုင်အသုံးစရိတ်များ
  • အခြားဖော်ပြထားခြင်းမရှိသော အပိုကုန်ကျစရိတ်များ

Tour's Location

Thailand, Cambodia and Vietnam

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 995 USD

Inquiry



    You might also like