from 130 USD
Inquiry

တောင်ကြီး – အင်းလေး – ကလော – ပင်းတယ -ရွာငံ ခရီးစဉ်

တောင်ကြီး - အင်းလေး - ကလော - ပင်းတယ -ရွာငံ
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

လူကြီး တစ်ဉီးလျှင် = 380,000/- ကျပ( ၂ ယောက်ခန်း သို့ ၃ ယောက်ခန်း) 

Itinerary

Day 1 ရန်ကုန် - ညောင်ရွှေ

 နံနက် ၅ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမည်။ နံနက်စာ ၁၁၅ မိုင်တွင် သုံးဆောင် ပါမည်။ နေ့လည်စာ ကို ပျော်ဘွယ်ရှိ ရွှေရှမ်း စားသောက်ဆိုင်    တွင်သုံးဆောင်ပါမည်။ ညနေ ၅ နာရီ ခန့် တွင် ညောင်ရွှေ မြို့ သို့ရောက်ရှိပြီး  ဟိုတယ်တွင် Check – In ဝင်ပါမည်။ ညစာကို ပွဲတော်ဝင် စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။  

Day 2 အင်းလေး - တောင်ကြီး

 နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ အင်းလေးကန် သို့ သွားရောက်လည်ပတ်ပါမည်။ ဖောင်တော်ဦးဘုရား အလိုတော်ပေါက်ဘုရား ငါးဖယ်ချောင်းကျောင်းယက်ကန်းရုံ  သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ထွန်းထွန်းစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ တောင်ကြီးမြို့ သို့ဆက်လက်ထွက်ခွါမည်။ အေးသာယာ ဝိုင်ခြံသို့ သွားရောက်လည်ပတ် လေ့လာပါမည်။ စူငှာမုဏိစေတီတော်၊ သို့ သွားရောက်ဖူးမြော်ပါမည်။ တောင်ကြီး ညဈေးတန်းတွင် ဈေးဝယ်ပါမည်။ ညစာကို တောင်ကြီးမြို့ရှိ My House ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-in  ဝင်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။ 

Day 3 တောင်ကြီး - ကလော

 နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကို စိန်စားသောက်ဆိုင်တွင် သုံးဆောင်ပါမည် ။ ကလောမြို့ သို့ ခရီးဆက်ပါမည်။ ကလောနှီးဘုရား ကလောဘူတာကလောနာရီစင်၊ မြင်းမထိသဘာဝလှိုဏ်ဂူ သို့သွားရောက် လည်ပတ်ပါမည်။ ညစာကို ကလောမြို့ ရှိ သုမောင် ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ကလောမြို့ရှိ ဟိုတယ်တွင် Check in ဝင်ပြီး အေးချမ်းစွာအိပ်စက် အနားယူပါမည်။  

Day 4 ပင်းတယ - ရွာငံ

 နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ပင်းတယ ရွှေဥမင်လှိုဏ်ဂူ ၊ ကုံလုံဆရာတော်ကြီး၏ စံကျောင်း နှင့် စဉ့်စေတီ သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဉီးအစိပ်စားသောက်ဆိုင် တွင်သုံးဆောင်ပါမည်။ ရွာငံ သို့သွားရောက်လည်ပတ်ပါမည်။ မိန်းမရဲသခင်မတောင် ၊ မြင်းမူကုန်း ၊ ယူကလစ်တန်း ၊ သစ်ခြောက်ပင် ၊ ရေပြာအိုင် နှင့် တောကြယ် ရေတံခွန် စသည့် နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို ရှမ်းမလေးစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ 

Day 5 ရန်ကုန်

နံနက်စောစောတွင် ရန်ကုန်မြို့  သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည် ဖြစ်ပါသည်။ 

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ၄၅ ယောက်စီး ( Air Condition Vehicle)
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • 3* / 4*ဆင့်ရှိ ဟိုတယ်တွင် ၃ ညစာ တည်းခိုခွင့်
  • နေ့စဉ် ‌ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု
  • Guide and Driver Tipping
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ

Tour's Location

တောင်ကြီး - အင်းလေး - ကလော - ပင်းတယ -ရွာငံ

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 130 USD

Inquiry



    You might also like