from 585,000 MMK
Inquiry

တောင်ကြီး – အင်းလေး – ကလော – ပင်းတယ -ရွာငံ ခရီးစဉ်

တောင်ကြီး - အင်းလေး - ကလော - ပင်းတယ -ရွာငံ
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

လူကြီး တစ်ဉီးလျှင် = 380,000/- ကျပ် ( ၂ ယောက်ခန်း သို့ ၃ ယောက်ခန်း) 

Itinerary

Day 1 ရန်ကုန် - ညောင်ရွှေ

 နံနက် ၅ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမည်။ နံနက်စာ ၁၁၅ မိုင်တွင် သုံးဆောင် ပါမည်။ နေ့လည်စာ ကို ပျော်ဘွယ်ရှိ ရွှေရှမ်း စားသောက်ဆိုင်    တွင်သုံးဆောင်ပါမည်။ ညနေ ၅ နာရီ ခန့် တွင် ညောင်ရွှေ မြို့ သို့ရောက်ရှိပြီး  ဟိုတယ်တွင် Check – In ဝင်ပါမည်။ ညစာကို ပွဲတော်ဝင် စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။  

Day 2 အင်းလေး - တောင်ကြီး

 နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ အင်းလေးကန် သို့ သွားရောက်လည်ပတ်ပါမည်။ ဖောင်တော်ဦးဘုရား ၊ အလိုတော်ပေါက်ဘုရား ၊ ငါးဖယ်ချောင်းကျောင်း၊ ယက်ကန်းရုံ  သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ထွန်းထွန်းစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ တောင်ကြီးမြို့ သို့ဆက်လက်ထွက်ခွါမည်။ အေးသာယာ ဝိုင်ခြံသို့ သွားရောက်လည်ပတ် လေ့လာပါမည်။ စူငှာမုဏိစေတီတော်၊ သို့ သွားရောက်ဖူးမြော်ပါမည်။ တောင်ကြီး ညဈေးတန်းတွင် ဈေးဝယ်ပါမည်။ ညစာကို တောင်ကြီးမြို့ရှိ My House ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-in  ဝင်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။ 

Day 3 တောင်ကြီး - ကလော

 နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကို စိန်စားသောက်ဆိုင်တွင် သုံးဆောင်ပါမည် ။ ကလောမြို့ သို့ ခရီးဆက်ပါမည်။ ကလောနှီးဘုရား ၊ ကလောဘူတာ၊ ကလောနာရီစင်၊ မြင်းမထိသဘာဝလှိုဏ်ဂူ သို့သွားရောက် လည်ပတ်ပါမည်။ ညစာကို ကလောမြို့ ရှိ သုမောင် ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ကလောမြို့ရှိ ဟိုတယ်တွင် Check in ဝင်ပြီး အေးချမ်းစွာအိပ်စက် အနားယူပါမည်။  

Day 4 ပင်းတယ - ရွာငံ

 နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ပင်းတယ ရွှေဥမင်လှိုဏ်ဂူ ၊ ကုံလုံဆရာတော်ကြီး၏ စံကျောင်း နှင့် စဉ့်စေတီ သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဉီးအစိပ်စားသောက်ဆိုင် တွင်သုံးဆောင်ပါမည်။ ရွာငံ သို့သွားရောက်လည်ပတ်ပါမည်။ မိန်းမရဲသခင်မတောင် ၊ မြင်းမူကုန်း ၊ ယူကလစ်တန်း ၊ သစ်ခြောက်ပင် ၊ ရေပြာအိုင် နှင့် တောကြယ် ရေတံခွန် စသည့် နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို ရှမ်းမလေးစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ 

Day 5 ရန်ကုန်

နံနက်စောစောတွင် ရန်ကုန်မြို့  သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည် ဖြစ်ပါသည်။ 

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ၄၅ ယောက်စီး ( Air Condition Vehicle)
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • 3* / 4*ဆင့်ရှိ ဟိုတယ်တွင် ၃ ညစာ တည်းခိုခွင့်
  • နေ့စဉ် ‌ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု
  • Guide and Driver Tipping
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ

Tour's Location

တောင်ကြီး - အင်းလေး - ကလော - ပင်းတယ -ရွာငံ

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 585,000 MMK

Inquiry





    You might also like