from 387 USD
Inquiry

လာအို ခရီးစဉ်

Laos
0/5
Duration

4D 3N

Tour Type

Daily Tour

Group Size

2 people

Languages

English, Myanmar

Overview

မဲခေါင်မြစ်ဘေးက လာအိုနိုင်ငံမြောက်ပိုင်းမြို့လေး Luang Prabang ကို သွားလည်ကြရအောင်! 

နိုင်ငံတကာခရီးသွား အများဆုံးလာရောက်တဲ့ ဒေသတခုဖြစ်တဲ့ လာအိုနိုင်ငံရဲ့ Luang Prabang ဒေသကို (၃ ညအိပ် ၄ ရက်) ခရီးစဉ်ဖြင့် Oway မှာစီစဉ်ပြီး သွားရောက်နိုင်ပါပြီ။ 

Highlights

  • အရှေ့တောင်အာရှမှာ နာမည်ကြီးမြို့တစ်မြို့ဖြစ်တဲ့ Luang Prabang 
  • Wat Aham, Wat Mai, Wat Visoun ရွာတစ်ဝိုက်
  • မဲခေါင်မြစ်ရဲ့ လှပတဲ့နေဝင်ချိန်ကို ကြည့်ရှုနိုင်မယ့် Phousi တောင်ထိပ်
  • Luang Prabang မှာရှိတဲ့ ချစ်စဖွယ်လက်လုပ်အထည်အလိပ်များ
  • Wat Long Khun, Tham Sakkarin နှင့် Ban Xiengmene ရွာတစ်ဝိုက်
  • အေးချမ်းတဲ့ ကျေးလက်ဒေသရှုခင်းများ
  • လျှို့ဝှက်ဆန်းကြယ်တဲ့ Pak Ou လိုဏ်ဂူများ
  • ဆန်ဝိုင်တွေပြုလုပ်တဲ့ Ban Xanghai ရွာ
  • မနက်ခင်းဈေး Phosi Market  
  • လှပတဲ့ Khouangsi ရေတံခွန်
  • နာမည်ကြီး ရိုးရာရက်ကန်းတွေကိုမြင်တွေ့ရမယ့် Ban Phanom ရွာ 

Itinerary

Day 1

 ARRIVAL – LUANG PRABANG – HALF DAY TOUR 


လာအိုလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ဟိုတယ်သို့ ပို့ဆောင်ပေးကာ Check in ဝင်ပါမယ်။  ပြီးရင်တော့ Luang Prabang မြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။ (Luang Prabang ဟာ အရှေ့တောင်အာရှတွင် အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ထားသော ရိုးရာမြို့ဖြစ်ပါတယ်။ သာယာလှပသောသဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုရှုခင်းများဖြင့် မြို့၏ ကျက်သရေရှိမှုတွေဟာ လာအိုနိုင်ငံ၏ ကြည်နူးစရာအကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်စေတာပါ။) ခေတ္တအနားယူပြီးနောက် Wat Visoun ရဲ့ အထင်ကြီးစရာကောင်းသော စေတီတော်မြတ်နှင့် Wat Aham, Wat Mai တို့၏ နတ်ကွန်းတို့ကိုသွားရောက်လည်ပတ်ပါမည်။ ထို့နောက် Phousi တောင်ထိပ်သို့၍ မြို့နှင့်မဲခေါင်မြစ်တို့၏ နေဝင်ဆည်းဆာ အလှအပကို ကြည့်ရှုခံစားနိုင်ပါတယ်။ ပြီးရင်တော့ Luang Prabang အနီးတစ်ဝိုက်ရှိ ဒေသခံလူမျိုးများနှင့် တောင်ပေါ်သားတို့ ပြုလုပ်သည့် အထည်အလိပ်များကို ညဈေးတွင် သွားရောက်လေ့လာပါမယ်။ ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာအိပ်စက်အနားယူမှာဖြစ်ပါတယ်။    

Day 2

LUANG PRABANG – PAK OU CAVES AND XIENGMENE  


နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် မဲခေါင်မြစ်ပေါ်တွင် အပျော်စီး သင်္ဘောစီးကြပြီး Xiengmene တွင်ခေတ္တရပ်နားကာ Wat Long Khun၊ Tham Sakkarin ထုံးကျောက်ဂူ နှင့် Ban Xiengmene ရွှာတစ်ဝိုက်သို့ သွားရောက်လည်ပတ်ပါမယ်။ နေ့လည်စာသုံးဆောင်ပြီးနောက် မဲခေါင်မြစ်ထဲသို့ဆက်လက်ထွက်ခွာပြီး ရင်သပ်ရှုမောဖွယ်ရာရှုခင်းများကို ခံစားကြည့်ရှုရင်း Pak Ou Caves သို့သွားရောက်လေ့လာပါမယ်။ လမ်းတစ်လျှောက်တွင် ဒေသခံလူမျိုးများပြုလုပ်သည့် ဆန်ဝိုင်များပြုလုပ်ရာ Ban Xanghai ရွာတွင် ခေတ္တရပ်နားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာအိပ်စက်အနားယူနိုင်ပါပြီ။ 

Day 3

LUANG PRABANG – KUANG SI – LUANG PRABANG  


နံနက်ပိုင်းတွင် Phosi Market သို့သွားရောက်လည်ပတ်ပါမယ်။  လာအိုနိုင်ငံဟာ ရိုးရာလက်မှုပစ္စည်းများကြောင့် ကျော်ကြားပြီး ယနေ့တွင် Ban Ouay၊ Hmong Hill tribe၊ Ban Thapene Of Khmu စတဲ့နာမည်အဖြစ်တည်ရှိနေတဲ့ ဒေသခံကျေးရွာများကို သွားရောက်လေ့လာလည်ပတ်ပါမယ်။ ပြီးရင်တော့ သာယာလှပသော Khouangsi Waterfall သို့သွားရောက်လည်ပတ်ကာ ရေကစားခြင်း၊ တောလမ်းတစ်လျှောက် လမ်းလျှောက်ကာ သဘာဝပတ်ဝန်းကျင်အလှကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ညနေစောင်းမှာ Luang Prabang သို့ပြန်လာပြီး နာမည်ကြီးရိုးရာရက်ကန်းလုပ်သည့်ရွှာဖြစ်သည့် Ban Phanom သို့ဆက်လက်သွားရောက်ကာ Wat Phabath တွင် နေဝင်ချိန်အလှကိုကြည့်ရှုခံစားပါမယ်။ ထို့နောက်တွင် ဟိုတယ်သို့ပြန်လာကာ အေးချမ်းစွာအိပ်စက်အနားယူမှာပဲဖြစ်ပါတယ်။ 

Day 4

LUANG PRABANG- DEPARTURE  


နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ရန်ကုန်ရွှေမြို့တော်သို့ပြန်ရန် လေယာဉ်စောင့်ဆိုင်းရင်း အနားယူပါမည်။ 

Included/Excluded

  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း သီးသန့် Air conditioner car ဝန်ဆောင်မှု
  • သက်ဆိုင်ရာနိုင်ငံရှိ ဟိုတယ်များတွင် တည်းခိုခွင့် (နှစ်ဦးလျှင်တစ်ခန်းနှုန်း)နှင့် နံနက်စာသုံးဆောင်ခွင့်
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း English Speaking Guide or Driver ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြထားသည့် ဝင်ကြေးများ
  • ဗီဇာဝန်ဆောင်မှု
  • ရန်ကုန် - လာအို - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်များ
  • ခရီးသွားအာမခံ ဝန်ဆောင်မှု
  • အခွန်အခများ
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို
  • နေ့လည်စာနှင့်ညစာ
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • Surcharge for Peak Season

Tour's Location

Laos

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 387 USD

Inquiry



    You might also like