from 570 USD
Inquiry

Hanoi – Halong – Sapa (5D4N) Collective Tour Package

Hanoi - Halong - Sapa
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Vietnamese

Overview

ဟနွိုင်း – စါပါ-ဟလောင်ဘေး

(၄) ညအိပ် (၅) ရက်ခရီးစဉ်

ခရီးစဉ်ထွက်ခွာမည့်ရက် – စက်တင်ဘာလ ၀၄ – ၀၈ ရက်/ အောက်တိုဘာလ ၀၉ – ၁၃ ရက်

 

တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်) (၁၀) ဦးအဖွဲ့အတွက်

· USD 570 per person (လူကြီး)

· USD 448 (အသက် ၃ နှစ်မှ ၁၂ နှစ်အတွင်း ကလေး၊ ကုတင်အပိုဖြင့်)

· USD 336 (အသက် ၃ နှစ်မှ ၁၂ နှစ်အတွင်း ကလေး၊ ကုတင်အပိုမယူဘဲ မိဘနှင့်အတူအိပ်)

· USD 9 (အသက် ၃ နှစ်အောက်ကလေး)

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသော ငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • Flight Date Sector Flight No. Departure Arrival Estimated Airfare
  • MAI 1, 2, 3, 5 Yangon – Hanoi 8M 450 17:25 20:00 USD 350 – USD 400
  • MAI 1, 2, 3, 5 Hanoi – Yangon 8M 451 20:55 22:25
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော် များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

 

Itinerary

Day-1 ဟနွိုင်းဆိုက်ရောက် (-/ -/ ညစာ)

· ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာပါမည်။ · ဟနွိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ညစာသုံးဆောင်ရန် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ · ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day-2 ဟနွိုင်း - စါပါ (နံနက်စာ/ နေ့လည်စာ/ ညစာ)

· နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ဗီယက်နမ်မြောက်ပိုင်း၏ အထင်ကရတောင်ပေါ်မြို့လေး Sapa သို့ ဆက်လက်ထွက်ခွာပါမည်။ · လမ်းခရီးတွင် Lao Cai မြို့ရှိ ဗီယက်နမ်–တရုတ် နယ်စပ်ဂိတ် (Vietnam–China Border Gate) ၌ ခေတ္တရပ်နားပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ · ထို့နောက် Lao Cai ရှိ ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပါမည်။ · နေ့လယ်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၂၀၀ မီတာတွင်တည်ရှိပြီး ၆၀၀ မီတာရှည်လျားသည့် အရှေ့တောင်အာရှတွင်အမြင့်ဆုံး မှန်တံတားလည်းဖြစ်သည့်အပြင် တောင်ကမ်းပါးမှ ၆၀ မီတာအကွာတွင်တည်ရှိပြီး လာရောက်လည်ပတ်သူတိုင်း လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားနိုင်စေရန် တည်ဆောက်ထားသည့် Rong May Glass Bridge (Dragon Cloud Glass Bridge) သို့ တောင်ခြေမှတဆင့် ၇၀ မီတာရှည်လျားသော Elevator ဖြင့် တက်ရောက်ပြီး ပျော်ရွှင်စွာသွားရောက် လည်ပတ်ကြပါမည်။ Rong May Glass Bridge ပေါ်တွင် လမ်းလျှောက်ရင်း မိုးတိမ်များအကြား လမ်းလျှောက်နေရသကဲ့သို့ ထူးခြားသောအတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်ပါသည်။ Elevator တစ်စီးလျှင် လူဦးရေ ၃၀ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး အပြင်ဘက်မြင်ကွင်းအား ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားနိုင်စေရန် မျက်နှာပြင်လေးဖက်စလုံးတွင် ဖန်သားများဖြင့် ပြုလုပ်တည်ဆောက်ထားပါသည်။ (မှတ်ချက် — Dragon Cloud Bridge အတွင်းရှိ ဂိမ်းများ မပါဝင်ပါ) · ညနေပိုင်းတွင် Sapa ၏ နာမည်ကျော် ဒေသအစားအစာဖြစ်သော Salmon Hot Pot ဖြင့် ညစာသုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက်ဟိုတယ်တွင် Check-inပြုလုပ်ကာ ကျန်ရှိသောညနေအချိန်ကို လှပသော Sapa မြို့ အတွင်းမိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ လည်ပတ်အပန်းဖြေနိုင်ပါသည်။

Day-3 စါပါ (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် တောင်ပေါ်ဒေသ သဘာဝအလှများအပြင် H’mong ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကြောင့် အလွန်ကျော်ကြားသော လောက်ကိုင်ဒေသရှိ Muong Hoa တောင်ကြားတွင်တည်ရှိသည့် Cat Cat Village သို့ Trekking ပြုလုပ်ကြပါမည်။ ဤကျေးရွာသည် Black H'Mong လူမျိုးစုများ နေထိုင်ရာကျေးရွာဖြစ်ပြီး၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာလူနေမှုပုံစံ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို အနီးကပ်လေ့လာနိုင်ပါသည်။ ထို့အပြင် လှပသော လှေကားထစ်စိုက်ခင်းများ (Terraced Rice Fields) ၏ အံ့မခန်းရှုခင်းများကိုလည်း ခံစားနိုင်ပါသည်။ · ခရီးစဉ်အတွင်း ၂၀ ရာစုအစောပိုင်းတွင် ပြင်သစ်တို့ တည်ဆောက်ခဲ့သော သမိုင်းဝင် Cat Cat Hydroelectric Power Station ကိုလည်း လည်ပတ်ကြည့်ရှုကြပါမည်။ · ခရီးလမ်းတစ်လျှောက် ရှုမျှော်မဆုံးသည့် အံ့ဩဖွယ်ရာအလှတရားများဖြင့် ပြည့်နှက်နေသည့် စပါးခင်းများ၊ ရေတံခွန်များတလျှောက် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ ထိုမှတဆင့် နာမည်ကျော် Moana Sapa Café သို့ သွားရောက်ရင်း ဗီယက်နမ်ရိုးရာကော်ဖီများအားလည်း မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ပျော်ရွှင်စွာမြည်းစမ်းကြပါမည်။ · ဆက်လက်၍ Muong Hoa Mountain Train ကို စီးနင်းကာ Cable Car Station သို့ သွားရောက်ပြီး Hai Cang Fansipan Restaurant တွင် Buffet Lunch သုံးဆောင်ပါမည်။ · နေ့လယ်စာသုံးဆောင်ပြီးနောက် Fansipan Cable Car ကို စီးနင်းကာ အင်ဒိုချိုင်းနားဒေသ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော Fansipan Mountain သို့ တက်ရောက်ပါမည်။ “Roof of Indochina” ဟု တင်စားခေါ်ဝေါ်ကြသော Fansipan တောင်ထိပ်မှ အံ့မခန်းတောင်တန်းရှုခင်းများကို ကြည့်ရှုခံစားရမည် ဖြစ်ပြီး၊ အမြင့် ၁၂.၅ မီတာ ရှိကာ ကြေးတန်ချိန် ၅၀ ကျော် ဖြင့် ခေတ်မီနည်းပညာအသုံးပြု၍ သွန်းလုပ်ထားသော ခမ်းနားထည်ဝါသည့် Amitabha Buddha Statue အားလည်း သွားရောက်ဖူးမြော်ကြပါမည်။ · ညနေပိုင်းတွင် Sapa Town သို့ ပြန်လည်ရောက်ရှိပြီး သမိုင်းဝင် Sapa Stone Church နှင့် Sapa Market သို့ သွားရောက်လည်ပတ်ပါမည်။ ဒေသထွက်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများနှင့် အမှတ်တရလက်ဆောင် များအားလည်း လွတ်လပ်စွာ လေ့လာဝယ်ယူနိုင်ပါသည်။ · ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး Sapa မြို့တွင် အနားယူအိပ်စက်ပါမည်။

Day-4 စါပါ - ဟနွိုင်း (နံနက်စာ/ နေ့လည်စာ/ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ပြုလုပ်ကာ ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဒေသစားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပြီးနောက် နေ့လည်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသမ္မတဟိုချီမင်းမှ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးကြေငြာစာတမ်းဖတ်ခဲ့ရာ Ba Dinh Square၊ ဗီယက်နမ်နိုင်ငံ၏ခေါင်းဆောင် ဟိုချီမင်းဂူဗိမာန်၊ သမ္မတဟိုချီမင်းနေထိုင်ခဲ့ရာအိမ်၊ (၁၁) ရာစုအစောပိုင်းက တိုင်တစ်လုံးတည်းဖြင့် တည်ဆောက်ထားသော ရှေးဟောင်း One Pillar Pagoda နှင့် Hoang Kiem Lake တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ · ဆက်လက်၍ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော လှပသည့် St. Joseph's Cathedral သို့ သွားရောက်ကြည့်ရှုပါမည်။ ထို့နောက် ဟနွိုင်းမြို့၏ အထင်ကရနေရာဖြစ်သော Hoan Kiem Lake သို့ သွားရောက်ကာ သာယာလှပသော ရေကန်ရှုခင်းများကို ခံစားနိုင်ပါသည်။ · ထို့နောက် စည်ကားသိုက်မြိုက်သော လမ်းများ၊ ဒေသခံဈေးဆိုင်များနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ် များကြောင့် လူသိများသော Old Quarter သို့ သွားရောက်လည်ပတ်ရင်း အမှတ်တရဓာတ်ပုံများရိုက်ရင်း ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။ · ခရီးစဉ်၏နောက်ဆုံးအနေဖြင့် လူနေအိမ်များကြားမှ ရထားဖြတ်သန်းသွားသော ထူးခြားသည့် Hanoi Train Street သို့ သွားရောက်လည်ပတ်ကာ အမှတ်တရအတွေ့အကြုံများကို ခံစားနိုင်ပါသည်။ · ညနေပိုင်းတွင် ဟနွိုင်းမြို့၏ နာမည်ကျော် Sen Tay Ho Restaurant တွင် အရသာမျိုးစုံပါဝင်သော Buffet Dinner ကို သုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ပြုလုပ်ကာ ဟနွိုင်းမြို့တွင် အနားယူအိပ်စက်ပါမည်။

Day-5 ဟနွိုင်း - ရန်ကုန် (နံနက်စာ/ နေ့လည်စာ)

· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ Ha Long Bay သို့ ထွက်ခွာပါမည်။ UNESCO မှ အသိအမှတ်ပြုထားသော ကမ္ဘာ့သဘာဝအမွေအနှစ်နေရာ ဖြစ်ပြီး လှပသော ပင်လယ်ရှုခင်းများနှင့် ထောင်ပေါင်းများစွာသော ကျောက်တောင်ကျွန်းများကြောင့် နာမည်ကျော်ကြားသည့် ဟလောင်းဘေ၏ အံ့မခန်းအလှတရားများကို လေ့လာရန် (၄) နာရီခန့် Private Boat Cruise ဖြင့် လည်ပတ်ရင်း ခရီးစဉ်အတွင်း အလွန်လှပသော Thien Cung Cave (Heavenly Palace Cave) နှင့် Dau Go Cave တို့ကို လည်ပတ်ကြည့်ရှုရမည်ဖြစ်ပြီး သဘာဝအတိုင်း ဖွဲ့စည်းထားသော stalactites နှင့် stalagmites များ၏ အံ့သြဖွယ်အလှများအား ခံစားကြပါမည်။ · ထို့နောက် Dinh Huong Islet (Incense Burner Islet) နှင့် Ga Choi Islet (Fighting Cocks Islet) အပါအဝင် နာမည်ကျော် ကျောက်တောင်ကျွန်းများကို ဖြတ်သန်းလည်ပတ်ရင်း သာယာလှပသော ပင်လယ်ရှုခင်းများကို ခံစားနိုင်ပါမည်။ · ခရီးစဉ်အတွင်း သင်္ဘောပေါ်တွင် ဒေသထွက် လတ်ဆတ်သော ပင်လယ်စာများဖြင့် နေ့လယ်စာ သုံးဆောင်ကြပါမည်။ · နေ့လယ်ပိုင်းတွင် ဟလောင်းဘေရှိဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိပြီးနောက် Noi Bai International Airport သို့ ထွက်ခွာပါမည်။ လမ်းတစ်လျှောက်တွင် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန် Bamboo Shop တွင် ခေတ္တရပ်နားပါမည်။ · ထိုမှတဆင့် Noi Bai International Airport သို့ ရောက်ရှိပြီးနောက် Myanmar Airways International (MAI) လေကြောင်းလိုင်း Check-in ကောင်တာမှတဆင့် check-in ဝင်ပြီးနောက် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီးနောက် ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါ သည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း (သို့) သုံးဦးလျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသော နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် English စကားပြော ဒေသခံဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • စါပါတွင် Cable car စီးခြင်း
  • Muong Hoa train စီးခြင်း
  • မှန်တံတား Dragon Class Bridge လက်မှတ်
  • ခရီးစဉ်တွင် ဖော်ပြထားသော နေရာများနှင့် သက်ဆိုင်ရာဝင်ကြေးများ
  • တစ်ဦးလျှင် တစ်ရက် ရေသန့် (၂) ဘူးစီ
  • ခရီးသွားအာမခံ ဝန်ဆောင်မှု
  • Guide Tips
  • ခရီးစဉ်တစ်လျှောက် မြန်မာ Tour Leader ဝန်ဆောင်မှု
  • ရန်ကုန် - ဟနွိုင်း - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်
  • Vietnam Visa on arrival
  • International airport tax
  • Dragon Cloud Bridge တွင် ဂိမ်းများဆော့ခြင်း
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • Fansipan တောင်ထိပ်သို့ ရထားတစ်ကြောင်းစီးခြင်း
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားလာနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)

Tour's Location

Hanoi - Halong - Sapa

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 570 USD

Inquiry





    You might also like