from 400 USD
Inquiry

ရန်ကုန် – မြိတ် – ရန်ကုန် ခရီးစဉ် (၃ ညအိပ် ၄ ရက်)

ရန်ကုန် - မြိတ်
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

သဘာဝအလှအပများဖြင့် တင့်တယ်လှပနေပြီး ပင်လယ်ပြင်ရဲ့ အလှအပများကို မြင်တွေ့ခံစားနိုင်မယ့် ရန်ကုန် – မြိတ် – ရန်ကုန် (၃ ညအိပ် ၄ ရက်) ခရီးစဉ်ကို အတူလိုက်ပါကြစို့နော်။  

 စလုံရွာများသို့ သွားရောက်လေ့လာပြီး စလုံလူမျိုးများရှိရာ ဒုံးရေတံခွန်နှင့်  Moken ရွာရဲ့ ဒေသခံများရဲ့ ရိုးရာအစားအစာများကို ကိုယ်တိုင်မြည်းစမ်းကြည့်နိုင်မယ့် ခရီးစဉ်လေးဖြစ်ပါတယ်။ 

တန်ခိုးကြီး ဘုရားစေတီများအံ့ဩဖွယ်ရာ ကမ်းခြေအလှများဒေသထွက်အစားအစာများနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေပြေလေညှင်းတွေကို ထိတွေ့ခံစားရင်း ဘဝအမောတွေကို ခဏတာပြေလျော့စေမယ့် ခရီးစဉ်လေးဖြစ်ပါတယ်။  

Highlights

  • မြိတ်မြို့ရှိ အထင်ကရနေရာများဖြစ်တဲ့ ကျွဲကူးလွန်းကျင်း၊
  • ရန်ကင်းတောင်၊ သဘာဝငှက်သိုက်မွေးမြူရေး၊
  • ကမ္ဘာလုံးဘုရား၊ ကျောက်ပုစွန်ကန်၊ ပုလဲဆိုင်၊
  • Sea View Shopping၊ ပေါ်တော်မူဘုရား၊ သိမ်တော်ကြီးဘုရား၊
  • ငါးပိ ငါးခြောက်ထုတ်လုပ်သည့် လုပ်ငန်းများ

Itinerary

Day 1

ရန်ကုန် - မြိတ် 


နံနက် ၈ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ပြည်တွင်းလေကြောင်းလိုင်းဖြင့် မြိတ်မြို့သို့ ထွက်ခွာပါမယ်။ နံနက် ၉ နာရီခန့်တွင် ဧည့်သည်များအား လေယာဉ်ကွင်းမှ ကြိုဆိုပြီးနောက် Hotel တွင် Check – In ဝင်ပြီး နေ့လည်စာကို မြိတ်ဒေသနာမည်ကျော် ပင်လယ်စာ ကတ်ကြေးကိုက် နှင့် ဒေသမုန့်များ ဖြင့် တည်ခင်းဧည့်ခံပါမယ်။   ထို့နောက် မြိတ်မြို့ရှိ အထင်ကရ နေရာများ ဖြစ်သော ကျွဲကူးလွန်းကျင်းရန်ကင်းတောင် ၊ သဘာဝငှက်သိုက်မွေးမြူရေးကမ္ဘာလုံးဘုရားကျောက်ပုစွန်ကန် ၊ ပုလဲဆိုင် ၊ Sea View Shopping ၊ ပေါ်တော်မူဘုရားသိမ်တော်ကြီးဘုရားငါးပိ ငါးခြောက်ထုတ်လုပ်သည့် လုပ်ငန်းများ သို့ သွားရောက်လည်ပတ်ပြီး နေဝင်ချိန် ညနေစောင်းတွင် လှပသော ကမ်းနားရှိစားသောက်ဆိုင် တွင် ညစာ သုံးဆောင်ကြမည် ဖြစ်ပါတယ်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။   

Day 2

မြိတ်ကျွန်းစု 


နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ နံနက် ၇ နာရီ ၃၀ မိနစ် ခန့်တွင် ဟိုတယ်မှ ကမ်းနားသို့ စတင်ထွက်ခွာပါမယ်။ Baliey Island သို့ နံနက် ၁၀ နာရီခန့်တွင် ရောက်ရှိပြီး ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှအပများ ဖြင့်တင့်တယ်လှပနေသော ပင်လယ်ပြင်ရဲ့ အလှအပများကို ခံစားရင်း အနားယူပါမယ်။ နေ့လည်စာကို ကျွန်းပေါ်တွင် ပင်လယ်စာဖြင့်သုံးဆောင်ပါမယ်။ Kyal late Island သို့ ဆက်လက်ထွက်ခွာပါမယ်။ ညနေပိုင်းတွင် Bailey Island သို့ ပြန်လည်ထွက်ခွာပြီး ညစာ ကို Bailey Island တွင် သုံးဆောင်ပြီးနောက် ကျွန်းပေါ်တွင် အေးချမ်းစွာအိပ်စက်အနားယူရပါမယ်။   

Day 3

မြိတ်ကျွန်းစု 


နံနက်စာ ကို ကျွန်းပေါ်တွင် သုံးဆောင်ပြီးနောက် Padan Island သို့ စတင်ထွက်ခွာပါမယ်။ ထို့နောက် Smart Island၊ Moken (Sea Gypsy) စလုံရွာများ သို့ သွားရောက်လေ့လာပြီး စလုံလူမျိုးများရှိရာ ဒုံးရေတံခွန်သို့ သွားရောက်လည်ပတ်ကြပြီး နေ့လည်စာကို Moken ရွာတွင် ဒေသခံများရိုးရာအစားအစာများဖြင့် သုံးဆောင်ကြပါမယ်။ ရေတံခွန်တွင် အလှဓာတ်ပုံများ ရိုက်ကူး ခြင်းရေကူးခြင်း စသည်တို့ ကို ပြုလုပ်ပြီး ညနေ ၃ နာရီခန့်တွင် လှေဖြင့် မြိတ်မြို့သို့ ပြန်လည်ထွက်ခွာပါမယ်။ ညနေ ၅ နာရီခန့်တွင် မြိတ်မြို့ ရှိဟိုတယ်တွင် Check – In ဝင်ကာ အေးချမ်းစွာ အပန်းဖြေ အနားယူပါမယ်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။ 

Day 4

မြိတ် - ရန်ကုန် 


နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ နံနက် ၈ နာရီ ခန့်တွင် ဟိုတယ်မှ လေဆိပ်သို့ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။ ရန်ကုန် သို့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိပြီး ခရီးစဉ်လေး ပျော်ရွင်အေးချမ်းစွာ ပြီးဆုံးမည် ဖြစ်ပါတယ်။ 

Included/Excluded

  • ရန်ကုန် - မြိတ် - ရန်ကုန် အသွား အပြန်လေယာဉ်လက်မှတ်၊
  • မြိတ်မြို့ ရှိ Regent Hotel တွင် ၂ ညတာ တည်းခိုခွင့်၊
  • မြိတ်ကျွန်းစု များသို့ သွားရောက်လည်ပတ်ရန် စက်လှေ ၊ ခရီးစဉ်တစ်လျှောက် အစားအသာက် ၊ တည်းခိုရန် ၊ Tour leader ဝန်ဆောင်မှု၊
  • လေဆိပ်မှ ဟိုတယ်သို့ အသွားအပြန် ကားဝန်ဆောင်မှု၊
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ၊
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ၊
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ၊
  • ခရီးသွားအာမခံ၊

Tour's Location

ရန်ကုန် - မြိတ်

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 400 USD

Inquiry



    You might also like