from 0 review
4D 3N
Specific Tour
1 person
English, Myanmar
သဘာဝအလှအပများဖြင့် တင့်တယ်လှပနေပြီး ပင်လယ်ပြင်ရဲ့ အလှအပများကို မြင်တွေ့ခံစားနိုင်မယ့် ရန်ကုန် – မြိတ် – ရန်ကုန် (၃ ညအိပ် ၄ ရက်) ခရီးစဉ်ကို အတူလိုက်ပါကြစို့နော်။
စလုံရွာများသို့ သွားရောက်လေ့လာပြီး စလုံလူမျိုးများရှိရာ ဒုံးရေတံခွန်နှင့် Moken ရွာရဲ့ ဒေသခံများရဲ့ ရိုးရာအစားအစာများကို ကိုယ်တိုင်မြည်းစမ်းကြည့်နိုင်မယ့် ခရီးစဉ်လေးဖြစ်ပါတယ်။
တန်ခိုးကြီး ဘုရားစေတီများ၊ အံ့ဩဖွယ်ရာ ကမ်းခြေအလှများ၊ ဒေသထွက်အစားအစာများနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေပြေလေညှင်းတွေကို ထိတွေ့ခံစားရင်း ဘဝအမောတွေကို ခဏတာပြေလျော့စေမယ့် ခရီးစဉ်လေးဖြစ်ပါတယ်။
ရန်ကုန် - မြိတ်
နံနက် ၈ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ပြည်တွင်းလေကြောင်းလိုင်းဖြင့် မြိတ်မြို့သို့ ထွက်ခွာပါမယ်။ နံနက် ၉ နာရီခန့်တွင် ဧည့်သည်များအား လေယာဉ်ကွင်းမှ ကြိုဆိုပြီးနောက် Hotel တွင် Check – In ဝင်ပြီး နေ့လည်စာကို မြိတ်ဒေသ၏ နာမည်ကျော် ပင်လယ်စာ ကတ်ကြေးကိုက် နှင့် ဒေသမုန့်များ ဖြင့် တည်ခင်းဧည့်ခံပါမယ်။ ထို့နောက် မြိတ်မြို့ရှိ အထင်ကရ နေရာများ ဖြစ်သော ကျွဲကူးလွန်းကျင်း ၊ ရန်ကင်းတောင် ၊ သဘာဝငှက်သိုက်မွေးမြူရေး ၊ ကမ္ဘာလုံးဘုရား ၊ ကျောက်ပုစွန်ကန် ၊ ပုလဲဆိုင် ၊ Sea View Shopping ၊ ပေါ်တော်မူဘုရား ၊ သိမ်တော်ကြီးဘုရား ၊ ငါးပိ ငါးခြောက်ထုတ်လုပ်သည့် လုပ်ငန်းများ သို့ သွားရောက်လည်ပတ်ပြီး နေဝင်ချိန် ညနေစောင်းတွင် လှပသော ကမ်းနားရှိစားသောက်ဆိုင် တွင် ညစာ သုံးဆောင်ကြမည် ဖြစ်ပါတယ်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။
မြိတ်ကျွန်းစု
နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ နံနက် ၇ နာရီ ၃၀ မိနစ် ခန့်တွင် ဟိုတယ်မှ ကမ်းနားသို့ စတင်ထွက်ခွာပါမယ်။ Baliey Island သို့ နံနက် ၁၀ နာရီခန့်တွင် ရောက်ရှိပြီး ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှအပများ ဖြင့်တင့်တယ်လှပနေသော ပင်လယ်ပြင်ရဲ့ အလှအပများကို ခံစားရင်း အနားယူပါမယ်။ နေ့လည်စာကို ကျွန်းပေါ်တွင် ပင်လယ်စာဖြင့်သုံးဆောင်ပါမယ်။ Kyal late Island သို့ ဆက်လက်ထွက်ခွာပါမယ်။ ညနေပိုင်းတွင် Bailey Island သို့ ပြန်လည်ထွက်ခွာပြီး ညစာ ကို Bailey Island တွင် သုံးဆောင်ပြီးနောက် ကျွန်းပေါ်တွင် အေးချမ်းစွာအိပ်စက်အနားယူရပါမယ်။
မြိတ်ကျွန်းစု
နံနက်စာ ကို ကျွန်းပေါ်တွင် သုံးဆောင်ပြီးနောက် Padan Island သို့ စတင်ထွက်ခွာပါမယ်။ ထို့နောက် Smart Island၊ Moken (Sea Gypsy) စလုံရွာများ သို့ သွားရောက်လေ့လာပြီး စလုံလူမျိုးများရှိရာ ဒုံးရေတံခွန်သို့ သွားရောက်လည်ပတ်ကြပြီး နေ့လည်စာကို Moken ရွာတွင် ဒေသခံများ၏ ရိုးရာအစားအစာများဖြင့် သုံးဆောင်ကြပါမယ်။ ရေတံခွန်တွင် အလှဓာတ်ပုံများ ရိုက်ကူး ခြင်း၊ ရေကူးခြင်း စသည်တို့ ကို ပြုလုပ်ပြီး ညနေ ၃ နာရီခန့်တွင် လှေဖြင့် မြိတ်မြို့သို့ ပြန်လည်ထွက်ခွာပါမယ်။ ညနေ ၅ နာရီခန့်တွင် မြိတ်မြို့ ရှိဟိုတယ်တွင် Check – In ဝင်ကာ အေးချမ်းစွာ အပန်းဖြေ အနားယူပါမယ်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။
မြိတ် - ရန်ကုန်
နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ နံနက် ၈ နာရီ ခန့်တွင် ဟိုတယ်မှ လေဆိပ်သို့ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။ ရန်ကုန် သို့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိပြီး ခရီးစဉ်လေး ပျော်ရွင်အေးချမ်းစွာ ပြီးဆုံးမည် ဖြစ်ပါတယ်။
Leave a reply