from 0 review
5D 4N
Specific Tour
1 person
English, Vietnamese
ဟနွိုင်း – စါပါ-ဟလောင်ဘေး
(၄) ညအိပ် (၅) ရက်ခရီးစဉ်
ခရီးစဉ်ထွက်ခွာမည့်ရက် – စက်တင်ဘာလ ၀၄ – ၀၈ ရက်/ အောက်တိုဘာလ ၀၉ – ၁၃ ရက်
တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်) (၁၀) ဦးအဖွဲ့အတွက်
· USD 570 per person (လူကြီး)
· USD 448 (အသက် ၃ နှစ်မှ ၁၂ နှစ်အတွင်း ကလေး၊ ကုတင်အပိုဖြင့်)
· USD 336 (အသက် ၃ နှစ်မှ ၁၂ နှစ်အတွင်း ကလေး၊ ကုတင်အပိုမယူဘဲ မိဘနှင့်အတူအိပ်)
· USD 9 (အသက် ၃ နှစ်အောက်ကလေး)


ငွေပေးချေမှု
TERMS & CONDITIONS:
· ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာပါမည်။ · ဟနွိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ညစာသုံးဆောင်ရန် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ · ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
· နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ဗီယက်နမ်မြောက်ပိုင်း၏ အထင်ကရတောင်ပေါ်မြို့လေး Sapa သို့ ဆက်လက်ထွက်ခွာပါမည်။ · လမ်းခရီးတွင် Lao Cai မြို့ရှိ ဗီယက်နမ်–တရုတ် နယ်စပ်ဂိတ် (Vietnam–China Border Gate) ၌ ခေတ္တရပ်နားပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ · ထို့နောက် Lao Cai ရှိ ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပါမည်။ · နေ့လယ်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၂၀၀ မီတာတွင်တည်ရှိပြီး ၆၀၀ မီတာရှည်လျားသည့် အရှေ့တောင်အာရှတွင်အမြင့်ဆုံး မှန်တံတားလည်းဖြစ်သည့်အပြင် တောင်ကမ်းပါးမှ ၆၀ မီတာအကွာတွင်တည်ရှိပြီး လာရောက်လည်ပတ်သူတိုင်း လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားနိုင်စေရန် တည်ဆောက်ထားသည့် Rong May Glass Bridge (Dragon Cloud Glass Bridge) သို့ တောင်ခြေမှတဆင့် ၇၀ မီတာရှည်လျားသော Elevator ဖြင့် တက်ရောက်ပြီး ပျော်ရွှင်စွာသွားရောက် လည်ပတ်ကြပါမည်။ Rong May Glass Bridge ပေါ်တွင် လမ်းလျှောက်ရင်း မိုးတိမ်များအကြား လမ်းလျှောက်နေရသကဲ့သို့ ထူးခြားသောအတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်ပါသည်။ Elevator တစ်စီးလျှင် လူဦးရေ ၃၀ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး အပြင်ဘက်မြင်ကွင်းအား ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားနိုင်စေရန် မျက်နှာပြင်လေးဖက်စလုံးတွင် ဖန်သားများဖြင့် ပြုလုပ်တည်ဆောက်ထားပါသည်။ (မှတ်ချက် — Dragon Cloud Bridge အတွင်းရှိ ဂိမ်းများ မပါဝင်ပါ) · ညနေပိုင်းတွင် Sapa ၏ နာမည်ကျော် ဒေသအစားအစာဖြစ်သော Salmon Hot Pot ဖြင့် ညစာသုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက်ဟိုတယ်တွင် Check-inပြုလုပ်ကာ ကျန်ရှိသောညနေအချိန်ကို လှပသော Sapa မြို့ အတွင်းမိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ လည်ပတ်အပန်းဖြေနိုင်ပါသည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် တောင်ပေါ်ဒေသ သဘာဝအလှများအပြင် H’mong ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကြောင့် အလွန်ကျော်ကြားသော လောက်ကိုင်ဒေသရှိ Muong Hoa တောင်ကြားတွင်တည်ရှိသည့် Cat Cat Village သို့ Trekking ပြုလုပ်ကြပါမည်။ ဤကျေးရွာသည် Black H'Mong လူမျိုးစုများ နေထိုင်ရာကျေးရွာဖြစ်ပြီး၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာလူနေမှုပုံစံ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို အနီးကပ်လေ့လာနိုင်ပါသည်။ ထို့အပြင် လှပသော လှေကားထစ်စိုက်ခင်းများ (Terraced Rice Fields) ၏ အံ့မခန်းရှုခင်းများကိုလည်း ခံစားနိုင်ပါသည်။ · ခရီးစဉ်အတွင်း ၂၀ ရာစုအစောပိုင်းတွင် ပြင်သစ်တို့ တည်ဆောက်ခဲ့သော သမိုင်းဝင် Cat Cat Hydroelectric Power Station ကိုလည်း လည်ပတ်ကြည့်ရှုကြပါမည်။ · ခရီးလမ်းတစ်လျှောက် ရှုမျှော်မဆုံးသည့် အံ့ဩဖွယ်ရာအလှတရားများဖြင့် ပြည့်နှက်နေသည့် စပါးခင်းများ၊ ရေတံခွန်များတလျှောက် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ ထိုမှတဆင့် နာမည်ကျော် Moana Sapa Café သို့ သွားရောက်ရင်း ဗီယက်နမ်ရိုးရာကော်ဖီများအားလည်း မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ပျော်ရွှင်စွာမြည်းစမ်းကြပါမည်။ · ဆက်လက်၍ Muong Hoa Mountain Train ကို စီးနင်းကာ Cable Car Station သို့ သွားရောက်ပြီး Hai Cang Fansipan Restaurant တွင် Buffet Lunch သုံးဆောင်ပါမည်။ · နေ့လယ်စာသုံးဆောင်ပြီးနောက် Fansipan Cable Car ကို စီးနင်းကာ အင်ဒိုချိုင်းနားဒေသ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော Fansipan Mountain သို့ တက်ရောက်ပါမည်။ “Roof of Indochina” ဟု တင်စားခေါ်ဝေါ်ကြသော Fansipan တောင်ထိပ်မှ အံ့မခန်းတောင်တန်းရှုခင်းများကို ကြည့်ရှုခံစားရမည် ဖြစ်ပြီး၊ အမြင့် ၁၂.၅ မီတာ ရှိကာ ကြေးတန်ချိန် ၅၀ ကျော် ဖြင့် ခေတ်မီနည်းပညာအသုံးပြု၍ သွန်းလုပ်ထားသော ခမ်းနားထည်ဝါသည့် Amitabha Buddha Statue အားလည်း သွားရောက်ဖူးမြော်ကြပါမည်။ · ညနေပိုင်းတွင် Sapa Town သို့ ပြန်လည်ရောက်ရှိပြီး သမိုင်းဝင် Sapa Stone Church နှင့် Sapa Market သို့ သွားရောက်လည်ပတ်ပါမည်။ ဒေသထွက်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများနှင့် အမှတ်တရလက်ဆောင် များအားလည်း လွတ်လပ်စွာ လေ့လာဝယ်ယူနိုင်ပါသည်။ · ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး Sapa မြို့တွင် အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ပြုလုပ်ကာ ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဒေသစားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပြီးနောက် နေ့လည်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသမ္မတဟိုချီမင်းမှ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးကြေငြာစာတမ်းဖတ်ခဲ့ရာ Ba Dinh Square၊ ဗီယက်နမ်နိုင်ငံ၏ခေါင်းဆောင် ဟိုချီမင်းဂူဗိမာန်၊ သမ္မတဟိုချီမင်းနေထိုင်ခဲ့ရာအိမ်၊ (၁၁) ရာစုအစောပိုင်းက တိုင်တစ်လုံးတည်းဖြင့် တည်ဆောက်ထားသော ရှေးဟောင်း One Pillar Pagoda နှင့် Hoang Kiem Lake တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ · ဆက်လက်၍ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော လှပသည့် St. Joseph's Cathedral သို့ သွားရောက်ကြည့်ရှုပါမည်။ ထို့နောက် ဟနွိုင်းမြို့၏ အထင်ကရနေရာဖြစ်သော Hoan Kiem Lake သို့ သွားရောက်ကာ သာယာလှပသော ရေကန်ရှုခင်းများကို ခံစားနိုင်ပါသည်။ · ထို့နောက် စည်ကားသိုက်မြိုက်သော လမ်းများ၊ ဒေသခံဈေးဆိုင်များနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ် များကြောင့် လူသိများသော Old Quarter သို့ သွားရောက်လည်ပတ်ရင်း အမှတ်တရဓာတ်ပုံများရိုက်ရင်း ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။ · ခရီးစဉ်၏နောက်ဆုံးအနေဖြင့် လူနေအိမ်များကြားမှ ရထားဖြတ်သန်းသွားသော ထူးခြားသည့် Hanoi Train Street သို့ သွားရောက်လည်ပတ်ကာ အမှတ်တရအတွေ့အကြုံများကို ခံစားနိုင်ပါသည်။ · ညနေပိုင်းတွင် ဟနွိုင်းမြို့၏ နာမည်ကျော် Sen Tay Ho Restaurant တွင် အရသာမျိုးစုံပါဝင်သော Buffet Dinner ကို သုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ပြုလုပ်ကာ ဟနွိုင်းမြို့တွင် အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ Ha Long Bay သို့ ထွက်ခွာပါမည်။ UNESCO မှ အသိအမှတ်ပြုထားသော ကမ္ဘာ့သဘာဝအမွေအနှစ်နေရာ ဖြစ်ပြီး လှပသော ပင်လယ်ရှုခင်းများနှင့် ထောင်ပေါင်းများစွာသော ကျောက်တောင်ကျွန်းများကြောင့် နာမည်ကျော်ကြားသည့် ဟလောင်းဘေ၏ အံ့မခန်းအလှတရားများကို လေ့လာရန် (၄) နာရီခန့် Private Boat Cruise ဖြင့် လည်ပတ်ရင်း ခရီးစဉ်အတွင်း အလွန်လှပသော Thien Cung Cave (Heavenly Palace Cave) နှင့် Dau Go Cave တို့ကို လည်ပတ်ကြည့်ရှုရမည်ဖြစ်ပြီး သဘာဝအတိုင်း ဖွဲ့စည်းထားသော stalactites နှင့် stalagmites များ၏ အံ့သြဖွယ်အလှများအား ခံစားကြပါမည်။ · ထို့နောက် Dinh Huong Islet (Incense Burner Islet) နှင့် Ga Choi Islet (Fighting Cocks Islet) အပါအဝင် နာမည်ကျော် ကျောက်တောင်ကျွန်းများကို ဖြတ်သန်းလည်ပတ်ရင်း သာယာလှပသော ပင်လယ်ရှုခင်းများကို ခံစားနိုင်ပါမည်။ · ခရီးစဉ်အတွင်း သင်္ဘောပေါ်တွင် ဒေသထွက် လတ်ဆတ်သော ပင်လယ်စာများဖြင့် နေ့လယ်စာ သုံးဆောင်ကြပါမည်။ · နေ့လယ်ပိုင်းတွင် ဟလောင်းဘေရှိဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိပြီးနောက် Noi Bai International Airport သို့ ထွက်ခွာပါမည်။ လမ်းတစ်လျှောက်တွင် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန် Bamboo Shop တွင် ခေတ္တရပ်နားပါမည်။ · ထိုမှတဆင့် Noi Bai International Airport သို့ ရောက်ရှိပြီးနောက် Myanmar Airways International (MAI) လေကြောင်းလိုင်း Check-in ကောင်တာမှတဆင့် check-in ဝင်ပြီးနောက် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီးနောက် ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါ သည်။
Leave a reply