from 913,500 MMK
Inquiry

Bangkok – Pattaya Monsoon Special Package

Bangkok - Pattaya
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

လူဦးရေ (၆) ဦးရှိရုံနဲ့ သွားလို့ရနိုင်မယ့် ဘန်ကောက် – ပတ္တရား

(၃) ညအိပ် (၄) ရက် ခရီးစဉ်

Booking ကာလ – ယခုမှစ၍ ဩဂုတ်လ ၃၁ ရက်နေ့အထိ

ခရီးသွားကာလ – ဇူလိုင်လမှ အောက်တိုဘာလ အတွင်း

 

တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်) (၆) ဦးအဖွဲ့အတွက်

  • · USD 203 per person (လူကြီး)
  • · USD 203 (အသက် ၃ နှစ်မှ ၁၂ နှစ်အတွင်း ကုတင်အပိုဖြင့်မဟုတ်ဘဲ Twin Sharing Bed ဖြင့်)
  • · USD 170 (အသက် ၃ နှစ်မှ ၁၂ နှစ်အတွင်း ကလေး၊ ကုတင်အပိုဖြင့်)
  • · USD 130 (အသက် ၃ နှစ်မှ ၁၂ နှစ်အတွင်း ကလေး၊ ကုတင်အပိုမယူဘဲ မိဘနှင့်အတူအိပ်)
  • · USD 9 (အသက် ၃ နှစ်အောက်ကလေး)

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသော ငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍
  • ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော် များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

Itinerary

Day 1: ရန်ကုန် - ဘန်ကောက် - ပတ္တရား (-/ -/ -)

· ဘန်ကောက်လေဆိပ်မှတဆင့် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ပတ္တရားသို့ ဆက်လက်ထွက်ခွာပါမည်။

· ပတ္တရားသို့ရောက်ရှိပြီးနောက် ဟိုတယ်သို့ Check-in ဝင်ကာ မိမိတို့၏စိတ်ကြိုက်အစီအစဉ်များဖြင့် (J Park Sricacha Nhun Mura) သို့မဟုတ် (Pattaya Night Market) အစရှိသည်တို့အား မိမိတို့၏ ကိုယ်ပိုင်စိတ်ကြိုက်အစီအစဉ်များဖြင့် သွားရောက်လည်ပတ်ကြပါမည်။

· ထိုညအား ပတ္တရားရှိဟိုတယ်တွင် အနားယူအိပ်စက်ကြပါမည်။

Day-2 ပတ္တရား - ဘန်ကောက် (နံနက်စာ/ နေ့လည်စာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ဒေသခံဧည့်လမ်းညွှန်နှင့်အတူ Laser Buddha (Khao Chi Chan) သို့ သွားရောက်လည်ပတ်ရင်း တောင်ကျောက်နံရံပေါ်တွင် လေဆာဖြင့် ထွင်းထုထားသော အထင်ကရ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ကြပါမည်။

· ထို့နောက် ထိုင်းနိုင်ငံ၏ နာမည်ကျော် ရုက္ခဗေဒဥယျာဉ်ဖြစ်သော Nong Nooch Tropical Garden သို့ သွားရောက်လည်ပတ်ပါမည်။ အဆိုပါဥယျာဉ်တွင် ထိုင်းရိုးရာ ယဉ်ကျေးမှုဖျော်ဖြေပွဲများကို ကြည့်ရှုနိုင်ပြီး Sightseeing Bus ဖြင့် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုပါမည်။

· နေ့လယ်စာ Buffet Lunch အား သုံးဆောင်ပြီးနောက် Pattaya Floating Market သို့ သွားရောက်လည်ပတ်ပြီး ရေပေါ်ဈေး၏ ထူးခြားသော အငွေ့အသက်များနှင့် ဒေသထွက် အစားအစာများ၊ လက်မှုပစ္စည်းများကို လေ့လာကြည့်ရှုရင်း ဝယ်ယူပါမည်။

· ထို့နောက် Precious Gems Gallery သို့ သွားရောက်ကာ ထိုင်းနိုင်ငံ၏ နာမည်ကျော် ကျောက်မျက်ရတနာများနှင့် လက်ဝတ်ရတနာလက်ရာများကို လေ့လာကြည့်ရှုဝယ်ယူနိုင်ပါမည်။

· ထို့မှတဆင့် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာလာပြီး ဘန်ကောက်ရှိဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါ သည်။

· ထိုညအား ဘန်ကောက်မြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day-3 ဘန်ကောက် (နံနက်စာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒေသခံဧည့်လမ်းညွှန်နှင့်အတူ ဘန်ကောက်မြို့တွင်း city tour အဖြစ် (၄) နာရီခန့် ပျော်ရွှင်စွာလည်ပတ်ကြပါမည်။

· ခရီးစဉ်အတွင်း Chinatown Gate ကို ဖြတ်သန်းကြည့်ရှုမည်ဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံး ရွှေစင်ဗုဒ္ဓရုပ်ပွားတော် တည်ရှိရာ Wat Traimit (Temple of the Golden Buddha) သို့ သွားရောက်ဖူးမြော်ပါမည်။

· ထို့နောက် ဆုတောင်းပြည့်ဝသည်ဟု ယုံကြည်ကြသော အထင်ကရ Erawan Shrine (Four-Faced Buddha) သို့ သွားရောက်ဖူးမြော်ပါမည်။

· ဆက်လက်၍ ဘန်ကောက်မြို့၏ နာမည်ကျော် ဈေးဝယ်စင်တာတစ်ခုဖြစ်သော MBK Center တွင် ဈေးဝယ်ရန်နှင့် လွတ်လပ်စွာ လည်ပတ်ရန် အချိန်ပေးပါမည်။

· နေ့လည်ပိုင်းတွင် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ကျန်ရှိသောအချိန်များကို မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ အပန်းဖြေနိုင်မည်ဖြစ်ပါသည်။

· ညနေပိုင်းတွင် ဘန်ကောက်မြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day-4 ဘန်ကောက် - ရန်ကုန် (နံနက်စာ)

· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် နံနက်ပိုင်းတွင် မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်သကဲ့သို့ ဈေးဝယ်ထွက်ခြင်းလည်း ပြုလုပ်နိုင်ပါမည်။

· နေ့လယ်ပိုင်းတွင် သတ်မှတ်ထားသောအချိန်၌ ယာဉ်မောင်းနှင့်တွေ့ဆုံပြီး ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

· လေဆိပ်သို့ရောက်ရှိပြီးနောက် ပြန်လည်ထွက်ခွာမည့် လေယာဉ်ခရီးစဉ်အတွက် Check-in ပြုလုပ်ပြီးနောက် ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • သက်ဆိုင်ရာဒေသရှိ ဟိုတယ်များတွင် တည်းခိုခွင့် (နှစ်ဦးလျှင်တစ်ခန်းနှုန်း)နှင့် နံနက်စာသုံးဆောင်ခွင့်
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း သီးသန့် Air conditioner car ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း အစားအစာ နံနက်စာ (၃) ကြိမ်နှင့် နေ့လည်စာ (၁) ကြိမ်
  • ခရီးစဉ်တွင် ဖော်ပြထားသည့်အတိုင်း ဒေသခံဧည့်လမ်းညွှန် ဝန်ဆောင်မှု
  • နေ့စဉ်အတွက် တစ်ဦးလျှင် ရေ (၁) ဘူးစီ
  • ရန်ကုန် - ဘန်ကောက် - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော အစားအသောက်ဝန်ဆောင်မှုများ
  • Guide နှင့် Driver တို့အတွက် Tipping ကြေး (ဧည့်သည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာစီ)
  • ခရီးသွားအာမခံဝန်ဆောင်မှု
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများ ကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Bangkok - Pattaya

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 913,500 MMK

Inquiry





    You might also like