from 1,800,000 MMK
Inquiry

ဟိုချီမင်း – မွေနဲ – ဒါလတ် – ဟိုချီမင်း

Ho Chi Minh - Mui Ne - Dalat
0/5
Duration

5D 4N

Tour Type

Daily Tour

Group Size

1 person

Languages

English, Myanmar

Overview

ဟိုချီမင်း – မွေနဲ – ဒါလတ် – ဟိုချီမင်း

(၄ညအိပ် ၅ရက်ခရီးစဉ်)

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ

တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း (USD)

(နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)

 

 

 

 

 

မှတ်ချက်:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

အထက်ဖော်ပြပါ ဈေးနှုန်းများသည် ဗီယက်နမ်နိုင်ငံ၏ အောက်ဖော်ပြပါ Super peak period များအတွက်လည်း အကျူံးမဝင်ပါ။

  • · Chinese New Year period in February
  • · On 02nd-05th September (National independent declaration day)
  • · On 28th April-05nd May (Nation reunification day)
  • · On 23nd December- 03 January (Christmas day and International New Year)

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့်
  • Flight Date Sector Flight No. Departure Arrival Estimated Airfare
  • MAI Tue, Thu, Sat Yangon – Ho Chi Minh 8M 452 16:30 19:30 USD 290 – USD 390
  • MAI Tue, Thu, Sat Ho Chi Minh – Yangon 8M 453 20:30 22:30
  • သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသော ငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

Itinerary

Day-1 ဟိုချီမင်းဆိုက်ရောက် ( -/ -/ ညစာ)

· Tan Son Nhat International airport သို့ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ညစာသုံးဆောင်ရန် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။ · ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။ · ထို့နောက်ဟိုတယ်သို့ပြန်လည် အိပ်စက်အနားယူပါမည်။

Day 02: ဟိုချီမင်း - မွေနဲ (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်ရှိ အလှဆုံးကမ်းခြေတစ်ခုဖြစ်သည့် Mui Ne Beach သို့သွားရောက်လည်ပတ်ပါမည်။ · နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · ထို့နောက်တွင် Fairy Stream, Fishing villages, Red & White Sand Dune and Lotus Lake တို့သို့ သွားရောက်လည်ပတ်ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ပါမည်။ (White Sand Dune နှင့် Red Sand Dune) များတွင် Motor Bike စီးလိုပါက မိမိတို့၏စိတ်ကြိုက်အစီအစဉ်ဖြင့် ပြုလုပ်နိုင်ပါမည်။ · ဒေသစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည် အိပ်စက်အနားယူပါမည်။

Day 03: မွေနဲ - ဒါလတ် (160KM – 3.5 HOURS) (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Da Lat မြို့သို့ဆက်လက် ထွက်ခွာပါမည်။ · Da Lat တွင် နေ့လည်စာသုံးဆောင်ပါမည်။ · ထို့နောက် Datanla waterfall, Palace of Bao Dai (The last king of Vietnam), Crazy House တို့ကို သွားရောက်လည်ပတ်ပါမည်။ · ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက် Dalat night market သို့သွားရောက်ပါမည်။ · Dalat တွင် အိပ်စက်အနားယူပါမည်။

Day 04: ဒါလတ် - ဟိုချီမင်း (300KM – 7 HOURS) (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။ · ထို့နောက် Dalat မြို့၏အထင်ကရပန်းခြံဖြစ်သော Flower Garden သို့ သွားရောက်လည်ပတ်ပြီး ဆုတောင်းပြည့် Trc Lam Pagoda သို့ Cable Car စီးကာ သွားရောက်ဖူးမြော်ပါမည်။ · နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · ထို့နောက်တွင် ဟိုချီမင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ · Saigon Square နှင့် Takashiyama တို့တွင် (အချိန်ရပါက) မိမိအစီအစဉ်ဖြင့် စျေးဝယ်ကြပါမည်။ · ညစာအား Saigon Cruise ပေါ်ရှိ Ben Nghe restaurant တွင် Music performance ကိုခံစားရင်း ပျော်ရွှင်စွာ သုံးဆောင်ပါမည်။ · ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ ဟိုချီမင်းတွင် အိပ်စက်အနားယူပါမည်။

Day 05: ဟိုချီမင်း - ထွက်ခွာ (နံနက်စာ/ နေ့လည်စာ/ -)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။ · ထို့နောက် Hotel Check-Out ပြုလုပ်ကာ ကိုလိုနီခေတ်ပြင်သစ်လက်ရာများဖြစ်သော The Notre Dame Cathedral, Old Saigon Post Office နှင့် War Museum တို့ကိုသွားရောက်လည်ပတ်ပါမည်။ · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Saigon shopping Mall နှင့် Ben Thanh Market တို့တွင် မိမိအစီအစဉ်ဖြင့် ပျော်ရွှင်စွာစျေးဝယ်ကြပါမည်။ · ထိုမှတဆင့် ဆိုင်ဂုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပြီး မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း (သို့) သုံးဦးလျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသော နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် English စကားပြော ဒေသခံဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • ခရီးစဉ်တွင် ဖော်ပြထားသော နေရာများနှင့် သက်ဆိုင်ရာဝင်ကြေးများ
  • တစ်ဦးလျှင် တစ်ရက် ရေသန့် (၂) ဘူးစီ
  • ခရီးသွားအာမခံ ဝန်ဆောင်မှု
  • ဧည့်လမ်းညွှန်အတွက် tipping
  • ရန်ကုန် - ဟိုချီမင်း - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်
  • Vietnam Visa on arrival
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • လေယာဉ်တွင် ကီလိုအပိုသယ်ဆောင်ခြင်း
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားလာနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)

Tour's Location

Ho Chi Minh - Mui Ne - Dalat

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 1,800,000 MMK

Inquiry





    You might also like