from 107 USD
Inquiry

ရန်ကုန် – မန္တလေး – မင်းကွန်း – စစ်ကိုင်း – အင်းဝ – ရန်ကုန် ခရီးစဉ် (၄ ညအိပ် ၅ ရက်)

ရန်ကုန် - မန္တလေး - မင်းကွန်း - စစ်ကိုင်း - အင်းဝ
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

မန္တလေးမင်းကွန်းစစ်ကိုင်းအင်းဝ ဒေသများရှိ ဘုရားစေတီများအထင်ကရနာမည်ကြီးနေရာများနှင့် ဓလေ့ရိုးရာတွေကို လေ့လာသိရှိရမယ့် ရန်ကုန် – မန္တလေးမင်းကွန်းစစ်ကိုင်းအင်းဝရန်ကုန် (၄ ညအိပ် ၅ ရက်) ခရီးစဉ်ကို Oway နဲ့ သွားကြရအောင်! 

မန္တလေးမြို့ ရဲ့ အထင်ကရ အစားအစာတွေမင်းကွန်းမြို့ရှိ အထင်ကရနေရာတွေစစ်ကိုင်းမြို့ရှိ နာမည်ကြီး ဘုရားကျောင်းကန်တွေကို လက်တွေ့လေ့လာသိရှိနိုင်မယ့်အပြင် ခရီးစဉ်အစအဆုံးမှာ မတူညီတဲ့ ဗဟုသုတနဲ့ ခံစားမှုရသတွေ ရရှိမှာဖြစ်ပါတယ်။ 

Highlights

  • မန္တလေးမြို့ ရှိ နာမည်ကြီး ကျောက်စိမ်းဘုရား၊ ဦးပိန်တံတား၊ ကုသိုလ်တော်ဘုရား ၊ မန္တလေးတောင် ၊ မဟာမြတ်မုနိ ဘုရားကြီး ၊ ရွှေနန်းတော် ဘုရားကြီး (ရွှေကျောင်း)
  • စစ်ကိုင်းရှိ ဆွမ်းဉီးပုညရှင်စေတီတော်၊ ဥမင်ကိုးဆယ်ဘုရား၊ ရာဇမဏိစူငှာကောင်းမှုတော်ဘုရား၊ မရှိခဏ ဘုရား၊
  • အင်းဝရှိ မယ်နုအုတ်ကျောင်း၊ ဗားဂရာကျောင်းတိုက်၊ ဆင်ကျုံးခံတပ်၊ ရတနာဆီမီးဘုရား
  • မင်းကွန်းရှိ မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်း ပုထိုးတော်ကြီး၊ မြသိန်းတန်စေတီဘုရား

Itinerary

Day 1

ရန်ကုန် - မန္တလေး 


နံနက် ၆ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပြီး နံနက်စာ ကို ၁၁၅ မိုင်တွင် သုံးဆောင်ပါမယ်။ နေ့လည်စာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ညနေ ၅ နာရီ ခန့်တွင် မန္တလေးမြို့ သို့ ရောက်ရှိပြီး ကျောက်စိမ်းဘုရားသို့ သွားရောက်ဖူးမြော်ပါမယ်။ ဟိုတယ်တွင် Check-In ဝင်ကာ ခေတ္တအနားယူပါမယ်။ ညစာ ကို ဒေသစားသောက်ဆိုင် တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။ 

Day 2

မန္တလေး - စစ်ကိုင်း - အင်းဝ 


နံနက်စာ ကို ဟိုတယ် တွင်သုံးဆောင်ပြီး စစ်ကိုင်းရှိ ဆွမ်းဉီးပုညရှင် စေတီတော်၊ ဉမင်ကိုးဆယ်ဘုရား၊ ရာဇမဏိစူငှာ ကောင်းမှုတော်ဘုရား၊ မရှိခဏ ဘုရား စသည့်ဘုရား များသို့ သွားရောက်ဖူးမြော်ပါမယ်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ထို့နောက် အင်းဝရှိ မယ်နုအုတ်ကျောင်း၊ ဗားဂရာကျောင်းတိုက်၊ ဆင်ကျုံးခံတပ်၊ ရတနာဆီမီးဘုရား စသည့် ဘုရားများသို့ သွားရောက်ဖူးမြော်ကြပါမယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမယ်။ 

Day 3

မန္တလေး - မင်းကွန်း - မန္တလေး 


နံနက်စာ ကို ဟိုတယ် တွင်သုံးဆောင်ပြီး မန္တလေး မှ မင်းကွန်းသို့ စက်လှေဖြင့် ထွက်ခွာပါမယ်။ မင်းကွန်းရှိ မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်း ပုထိုးတော်ကြီး၊ မြသိန်းတန်စေတီ စသည့် ဘုရား များသို့ သွားရောက်ဖူးမြော်ပါမယ်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ထို့နောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပြီး ဉီးပိန်တံတားသို့ ဆက်လက်သွားရောက်လည်ပတ်ပါမယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။ 

Day 4

မန္တလေး - ရန်ကုန် 


နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ ကုသိုလ်တော်ဘုရား ၊ မန္တလေးတောင် ၊ မဟာမြတ်မုနိ ဘုရားကြီး ၊ ရွှေနန်းတော် ဘုရားကြီး (ရွှေကျောင်း) စသည့် ဘုရားများ သို့သွားရောက် လည်ပတ် ဖူးမြော်ပါမယ်။ နေ့လည်စာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Hotel မှ Check-out ပြုလုပ်ကာ မန္တလေးမြို့ ရဲ့ အထင်ကရ အစားအစာဖြစ်သော ထိုးမုန့် ၊ လက်ဖက် ၊ စသည့်ဒေသထွက် လက်ဆောင်များ ဝယ်ရန် ဈေးသို့ ပို့ဆောင်ပေးပါမယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင်သုံးဆောင် ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမယ်။ ကားပေါ်တွင် တစ်ညတာ အိပ်စက်အနားယူပါမယ်။ 

Day 5

ရန်ကုန် 


နံနက်စောစောတွင် ရန်ကုန်မြို့ သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမှာဖြစ်ပါတယ်။ 

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ၄၅ ယောက်စီး ( Air Condition Vehicle)
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • 3* / 4*ဆင့်ရှိ ဟိုတယ်တွင် ၃ ညစာ တည်းခိုခွင့်
  • နေ့စဉ် ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု
  • Guide and Driver Tipping
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ

Tour's Location

ရန်ကုန် - မန္တလေး - မင်းကွန်း - စစ်ကိုင်း - အင်းဝ

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 107 USD

Inquiry



    You might also like