from 127 USD
Inquiry

ရန်ကုန် – ငပလီ – ရန်ကုန် ခရီးစဉ်

ရန်ကုန် - ငပလီ
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ကမ်းခြေမှာအနားယူရင်းအပန်းဖြေဖို့ ရန်ကုန် – ငပလီရန်ကုန် ၃ ညအိပ် ၄ ရက် ခရီးစဉ်ကို သွားရောက်နိုင်ပါပြီ။ 

 ငပလီ ကမ်းခြေမှာ ကမ်းခြေရဲ့ အလှ၊ လှိုင်း များရဲ့ သာယာဖွယ် ကမ်းခြေသို့ ရိုက်ခတ် သံများ ကို နားထောင်ရင်း လတ်ဆတ်တဲ့ ပုဇွန်၊ ကဏန်းပင်လယ်စာများကို စားကြမယ်။ 

Highlights

  • မနက်စောစောတွင် ငပလီကမ်းခြေသို့ ရောက်ရှိပါမယ်၊
  • ကျွန်းခရီးစဉ်များ၊ ညောင်ပင်ကျွန်းကမ်းခြေ ၊ ရေပြာအိုင် ၊ ရေပေါ်တံတား၊
  • သဲဖြူကျွန်း၊ Light House ၊ ပုလဲကျွန်း များသို့ သွားရောက်လည်ပတ်ပြီး Snorkling ပြုလုပ်ပါမယ်၊
  • မြရတနာဆုတောင်းပြည့်ပုထိုးတော်ကြီး၊ မဒေးတောင်ပေါ်မှာတည်ထားတဲ့ ရပ်တော်မူဘုရားကြီး၊ သံတွဲမြို့က အထင်ကရ အံတော်၊ ဆံတော်၊ နံတော်ဘုရားသုံးဆူတို့ကိုလည်း သွားရောက်ဖူးမြှော်ပါမယ်

Itinerary

Day 1

 ရန်ကုန် - ငပလီ   


ရန်ကုန်မြို့ မှ ည (8 နာရီ) ခန့်တွင် အောင်ဆန်းကွင်း ရှေ့မှ လူစုပြီး စတင်ထွက်ခွာပါမယ်။ လမ်းတစ်လျှောက် စုရပ်များတွင် ဧည့်သည်တော်များအား ကြိုပေးသွားပါမယ်။ Lock Down အချိန်တွင် ကားခေတ္တရပ်နားပြီး ကားပေါ်တွင် အိပ်စက်အနားယူပါမယ်။  

Day 2

ငပလီ  


နံနက် (၄)နာရီ တွင် ဆက်လက်ထွက်ခွာပြီး မနက်စောစောတွင် ငပလီကမ်းခြေသို့ ရောက်ရှိပါမယ်။ နံနက်စာကို ငပလီကမ်းခြေရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်တွင် Check-in ဝင်ကာ အနားယူပါမယ်။ နေ့လည်စာ နှင့် ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။  

Day 3

 ငပလီ  


နံနက်စာ ကို ဟိုတယ် တွင်သုံးဆောင်ပြီး ကျွန်းခရီးစဉ်များ ကိုစတင်လည်ပတ်ပါမယ်။ ညောင်ပင်ကျွန်းကမ်းခြေ၊ ရေပြာအိုင်၊ ရေပေါ်တံတား စတဲ့နေရာများ ကို သွားရောက်လည်ပတ်ပြီး နေ့လည်စာကို Paradise ရှိစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ဆက်လက်ပြီး သဲဖြူကျွန်း၊ Light House၊ ပုလဲကျွန်း များသို့ သွားရောက်လည်ပတ်ပြီး Snorkling ပြုလုပ်ပါမယ်။ ညနေပိုင်းတွင် Hotel သို့ပြန်ကာ အနားယူပြီး ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမယ်။ 

Day 4

 ငပလီ -ရန်ကုန်   


နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး ဟိုတယ် မှ Check – out ပြုလုပ်ပါမယ်။ မြရတနာဆုတောင်းပြည့်ပုထိုးတော်ကြီး၊ မဒေးတောင်ပေါ်မှာတည်ထားတဲ့ ရပ်တော်မူဘုရားကြီး၊ သံတွဲမြို့က အထင်ကရ အံတော်၊ ဆံတော်၊ နံတော်ဘုရားသုံးဆူတို့ကိုလည်း သွားရောက်ဖူးမြှော်ပါမယ်။ သံတွဲဈေးတွင် ဒေသထွက်လက်ဆောင်များ ဝယ်ယူပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမယ်။ နေ့လည်စာ ကို ဒေသစားသောက်ဆိုင် တွင် သုံးဆောင်ပြီးနောက် ရန်ကုန်သို့ ခရီးဆက်ပါမယ်။ ရန်ကုန်မြို့ သို့ ညဦးပိုင်းတွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမှာ ဖြစ်ပါတယ်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ၄၅ ယောက်စီး ( Air Condition Vehicle)
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • 3* / 4*ဆင့်ရှိ ဟိုတယ်တွင် ၂ ညစာ တည်းခိုခွင့်
  • နေ့စဉ် ‌ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု
  • Guide and Driver Tipping
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ

Tour's Location

ရန်ကုန် - ငပလီ

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 127 USD

Inquiry



    You might also like