from 7,245,000 MMK
Inquiry

Yangon – Chengdu – Chongqing – Yangon

Yangon - Chengdu - Chongqing - Yangon
0/5
Duration

7D 6N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ခရီးစဉ်ထွက်ခွာမည့်ရက်

· မေလ ၁၄ရက်နေ့မှ ၂၀ရက်နေ့အထိ

· ဇွန်လ ၉ ရက်နေ့မှ ၂၃ရက်နေ့အထိ

· ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ရက်နေ့အထိ

· ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၈ရက်နေ့ထိ

· စက်တင်ဘာ ၁၂ရက်နေ့မှ ၁၈ရက်နေ့ထိ

 

TOUR PRICE PER PERSON WITH TWIN/ DOUBLE SHARING ROOM (USD)
4* Hotel2-4 pax5-9 pax10-15 pax16– 20 paxSingle Supplement (USD)
(With Tour Leader)--935805158
(W/O Tour Leader)1455950--158
Flight Information
DateFlight No.SectorEtdEtaEstimated Price (USD)
14.Mar.2025MU2032Yangon – Kunming14:5518:45320 to 420
approximately
MU5855Kunming - Chengdu21:3022:55
20.Mar.2025MU5449Chongqing – Kunming06:5008:20
MU2031Kunming - Yangon13:1013:55

Note: Following transit for KMG is check-through NOT allowed.

 

တရုတ်ပြည်ခရီးစဉ်အတွက် သတိပြုရန် :

*(July–Aug) တွင် ရာသီဥတုမှာ အနည်းငယ်ပူပြင်းပြီး စိုစွတ်သောကြောင့် ခရီးသွားချိန်၌ ပေါ့ပါးလွတ်လပ်၍ မိုးရေကာကွယ်စေသော အဝတ်အစားများ ယူလာရန် အကြံပြုအပ်ပါသည်။

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်း ဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day-1 ချန်ဒူး Arrival (-/-/ညစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့ ရောက်ရှိပြီး ထိုမှတဆင့် ချန်ဒူး လေဆိပ်သို့ဆက်လက်ထွက်ခွာပါမည်။ တရုတ်နိုင်ငံရှိ ချန်ဒူးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုပြီးနောက် ညစာအား ညစာအား စီချွမ်ဟင်းများဖြင့် ဒေသစားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပါမည်။ ထို့နောက် ညစာအား သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။

Day-2 ချန်ဒူး City Tour (နံနက်စာ/ နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာကို အရသာရှိစွာသုံးဆောင်ပြီးနောက် Leshan မြို့သို့ ခရီးဆက်ကာ ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ရုပ်ပွားတော်ဖြစ်သည့် Leshan Giant Buddha ၏ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန်အတွက် လှေဖြင့် သွားရောက်လည်ပတ်ပါမည် ထို့နောက် ချင်မင်းဆက်၏နာမည်ကျော်ကြားလှသော ဗိသုကာလက်ရာများဖြစ်သည့် လှပသော ရှေးဟောင်းအုတ်ခင်းလမ်းနှင့် သမိုင်းဝင်ဘုရားကျောင်းများကြောင့် လူသိများလှပသော မြစ်ကမ်းစပ်မြို့ဖြစ်သည့် Huanglongxi မြို့သို့ ဆက်လက်သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ရိုးရာဟင်းများဖြင့် အရသာရှိစွာသုံးဆောင်ပြီးနောက် ချန်ဒူးမြို့ရှိ Jinli Ancient Street သို့ သွားရောက်လည်ပတ်ကာ စီချွမ်ရိုးရာယဉ်ကျေးမှုကို ကြည့်ရှုခံစားရင်း ဒေသထွက် အစားအသောက်များအား မြည်းစမ်းရင်း ရိုးရာလက်မှုပညာများကိုပါ လေ့လာကြပါမည်။ ညစာကို စီချွမ်ရိုးရာဟင်းများဖြင့် ဒေသစားသောက်ဆိုင်တွင် အရသာရှိရှိသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ အေးချမ်းစွာဖြင့် အိပ်စက်အနားယူပါမည်။

Day-3 Chengdu City Tour (နံနက်စာ/ နေ့လည်စာ/ ညစာ)

ဟိုတယ်‌တွင် နံနက်စာ သုံးဆောင်ပြီးနောက် ခေတ်မီသော EV Battery ကားဖြင့် Chengdu Research Base သို့သွားရောက်ကာ ချစ်စဖွယ်ကောင်းသော ပန်ဒါဝက်ဝံလေးများ၏ သဘာဝ အလျောက်နေထိုင်မှုများကို ကြည့်ရှုလေ့လာမည် ဖြစ်ပါသည်။ ထို့နောက် ဆက်လက်၍ အနုပညာလက်ရာ၊ ဂီတ နှင့် ကော်ဖီဆိုင်များပါရှိသော Eastern Suburb Memory သို့ သွားရောက်လည်ပတ်ပြီး နောက် နေ့လည်စာကို အရသာရှိရှိသုံးဆောင်ပါမည်။ မွန်းလွဲပိုင်းတွင် တရုတ်လူမျိုးများ၏ ရိုးရာခြံဝင်းများနှင့် စိတ်ဝင်စား၍ အရသာရှိသော Street Food များဖြင့် နာမည်ကြီးသော Kuanzhai Alley လမ်းတလျှောက် တွင် ကြည့်ရှုခံစားပြီးနောက် ချန်ဒူးမြို့၏ နာမည်ကျော် ထိပ်တန်း စျေးဝယ်လမ်းဖြစ်သည့် Chunxi Road တွင် အေးအေးလူလူလမ်းလျှောက်ရင်း လည်ပတ်ကြပါမည်။ ထို့နောက် Taikoo Li ကုန်တိုက်တွင် စျေးဝယ်ထွက်ရင်း ညစာကို အရသာ ရှိရှိ သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ပြီးအေးအေးချမ်းချမ်း အနားယူပါမည်။

Day-4 ချန်ဒူး – ချုံချင့် (နံနက်စာ/ နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် အရသာရှိသော နံနက်စာ သုံးဆောင်ပြီးနောက် မြန်နှုန်းမြင့်ရထားဖြင့် ချုံချင့်မြို့သို့ ဆက်လက် သွားရောက် လည်ပတ်ပါမည်။ (second Class လက်မှတ် အပါအဝင်) ချုံချင့်သို့ရောက်လျှင် ကျက်သရေရှိလှစွာသော သမိုင်းဝင် လက်ဖက်ရည်ဆိုင်များရှိသည့် Ciqikou ရှေးဟောင်းမြို့သို့ သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာကို ချူံချင့်မှ ဟင်းလျာများဖြင့် အရသာရှိစွာသုံးဆောင်ကြပါမည် ထို့နောက် နေ့လည်ပိုင်းတွင် အဆောက်အဦးအတွင်းမှ ရင်သပ်ရှုမောဖွယ်ရာ ဖြတ်သန်းသွားသည့် မိုးပျံ ရထားလမ်း ကို သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် အာရှ၏ အရှည်ဆုံး စက်လှေကားများထဲမှ တစ်ခုဖြစ်သော Crown Escalator တွင် မိမိတို့၏လှပသော တစ်နေ့တာအား ကုန်ဆုံးပါမည်။ ထို့နောက်တွင် ညစာကို ချူံချင့်၏ အရသာရှိလှသော ဟင်းလျာများဖြင့် သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးအေးချမ်းချမ်းဖြင့် အနားယူအိပ်စက်ပါမည်။

Day-5 ချုံချင့် City Tour (နံနက်စာ/ နေ့လည်စာ/ ညစာ)

အရသာရှိလှသော နံနက်စာကို သုံးဆောင်ပြီးနောက် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများအား ကြည့်ရှုရန်အတွက် Yangtze River Cableway (One way Ticket) ကို စီးကာ Longmenhao Old Street တလျှောက်တွင် တည်ရှိနေသော သမိုင်းဝင်အကြောင်းအရာများကို လေ့လာစူးစမ်းရင်း လည်ပတ်ကြပါမည်။ နေ့လည်စာအား ချုံချင့်ဒေသ၏ အလွန်အရသာရှိ‌လှသော ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မွန်းလွဲပိုင်းတွင် ရှေးဟောင်းနေရာ ဖြစ်သော ရင်သပ်ရှုမောဖွယ်ရာ Chongqing Kaibu Park Ruins သို့ လည်ပတ်ပြီး Tongyuanzhiguang Observation Deck မှ အလွန်လှပသော ချုံချင့်မြို့ ၏ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းကို ခံစားကြပါမည်။ Floating Forest Optics Valley Shopping Center တွင်အေးအေးလူလူဖြင့် အနားယူရင်း ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် ညစာအတွက်ကို ချုံချင့်မြို့၏ အရသာရှိလှသော ဟင်းလျာများဖြင့် အရသာရှိစွာ သုံးဆောင်ပါမည်။

Day-6 Chongqing City Tour (နံနက်စာ/ နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် အလွန်လှပ၍ အသက်ဝင်စွာဖြင့် ဆွဲထားသော Huangjueping Graffiti Art Street၊ Zhongshan 4th Road သို့ သွားရောက်လည်ပတ်ကာ မျက်မှောက်ခေတ် ယဉ်ကျေးမှု နှင့် ရှေးခေတ် ယဉ်ကျေးမှုတို့ဖြင့် ရောနှောနေသည့် Kuixing အဆောက်အဦးသို့လည်း သွားရောက်လည်ပတ်ကြမည် ဖြစ်ပါသည်။ ထို့အပြင် Shibati Folk Customs Scenic Area ဟုခေါ်သော အလွန်လှပသည့်နေရာသို့လဲ သွားရောက်လည်ပတ်ပြီး Jiefangbei တွင် မိမိတို့ စိတ်ကြိုက် ဈေးဝယ်ထွက်ရင်း လည်ပတ်ပါမည်။ နေ့လည်စာအား ချုံချင့်ဒေသရှိ အလွန်အရသာရှိ‌သော ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံ ပါမည်။ ထို့နောက် ညနေခင်းတွင် Hongya Cave Ancient Architectural Complex ၏ ရင်သပ်ရှုမောဖွယ်ရာ အလှအပ မြင်ကွင်းကို ခံစားရင်း ချုံချင့် ဒေသထွက် အစားအသောက်များဖြင့် အရသာရှိစွာ သုံးဆောင်ပါမည် ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ပြန်ကာ အပြည့်အဝ အနားယူပါမည်။

Day-7 Chongqing - Myanmar (-/-/-)

နံနက်စောစော (၂း၄၅) ခန့်တွင် ဟိုတယ်မှ ချုံချင့် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ စတင်ထွက်ခွာပါမည်။ ထို့နောက် ချုံချင့် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှတဆင့် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆက်လက်ထွက်ခွာပါမည်။ (နံနက်စာအား မိမိ အစီစဉ်ဖြင့် သုံးဆောင်ရမည် ဖြစ်ပါသည်။)

Included/Excluded

  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း (သို့) သုံးဦးလျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် မနက်စာ ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသောလည်ပတ်မှုများနှင့် ဝင်ကြေးများ
  • နေ့စဉ်သောက်ရေသန့်တစ်ဗူးစီ ဝန်ဆောင်မှု
  • ရန်ကုန် - ချန်ဒူး - ချုံချင့်- ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်များ
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Yangon - Chengdu - Chongqing - Yangon

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 7,245,000 MMK

Inquiry



    You might also like