from 0 review
5D 4N
Daily Tour
1 person
English, Myanmar
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် – စီရမ်ရိ – ဖနွမ်းပင်
(၄) ညအိပ် (၅) ရက်ခရီးစဉ်
ခရီးစဉ်ထွက်ခွာမည့်ရက် – ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ
Price per person with Twin/ Double Sharing Room
အမေရိကန်ဒေါ်လာ ၄၁၄ မှ စတင်၍ (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)

မှတ်ချက်:
ငွေပေးချေမှု
TERMS & CONDITIONS:
· ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ကမ္ဘောဒီးယားနိုင်ငံ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လေဆိပ်တွင် နွေးထွေးပြုဌာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ညနေစာ သုံးဆောင်ရန်အတွက် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။ · ဒေသစားသောက်ဆိုင်တွင် ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး Check in ဝင်ကာ အနားယူ အိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် စီရမ်ရိမြို့သို့ သီးသန့်မော်တော်ယာဉ်ဖြင့် ထွက်ခွာပါမည်။ (ဖနွမ်းပင်မြို့မှ စီရမ်ရိမြို့သို့ ရောက်ရှိရန် ခန့်မှန်းကြာချိန် ၆ နာရီမှ ၇ နာရီ) · လမ်းခရီးရှိ Skun Market တွင် ကမ္ဘောဒီးယားရှိ ဒေသအစားအသောက်များဖြစ်သည့် ဓားခုတ်ကောင်ကြော်၊ ကင်းမြီးကောက်ကြော်၊ မြွေကြော်၊ ပင့်ကူကြော် အစရှိသည့် ထူးဆန်းသောအစားအသောက်များနှင့် ရာသီပေါ်သီးနှံများကို လေ့လာဝယ်ယူရင်း ခေတ္တအနားယူပါမည်။ · နေ့လည်စာအား လမ်းခရီးရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · လမ်းခရီးတွင် ၁၂ ရာစုက Kompong Kdei မြို့အနီးတွင် မည်သည့်ဘိလပ်မြေမျှအသုံးပြုထားခြင်းမရှိဘဲ အုတ်ရိုးများဖြင့်စီကာတည်ဆောက်ထားသည့် ၇၅ မီတာရှည်လျားပြီး ၁၄ မီတာအမြင့်ရှိ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး Kom Pong Kdei Bridge တွင် ခေတ္တခဏအမှတ်တရဓာတ်ပုံများ ရိုက်ပါမည်။ · ညနေ (၂) နာရီခွဲခန့်တွင် စီရမ်ရိမြို့သို့ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် မုတ်သုံရာသီကြောင့် တစ်နှစ်လျှင် ရေကန်၏အကျယ်အဝန်း (၆) ကြိမ် ပြောင်းလဲလေ့ရှိသည့် အာရှတွင်အကြီးဆုံးရေကန်ဖြစ်သည့် ရေပေါ်ရွာများတည်ရှိရာ Tonle Sap Lake သို့ ကမ္ဘောဒီးယားလူမျိုးတို့၏ လူနေမှုဘဝကို လေ့လာနိုင်ရန် သွားရောက်လည်ပတ်ပါမည်။ · Tonle Sap Lake တွင် နေဝင်ဆည်းဆာအလှကို ခံစားပြီးနောက် ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ · ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နံနက် ၈ နာရီတွင် ကမ္ဘာ့အံ့ဖွယ် (၇) ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် King Suryavarman II လက်ထက် ၁၂ ရာစုအစောပိုင်းက State Temple နှင့် မြို့တော်အဖြစ်တည်ဆောက်ခဲ့သော UNESCO အသိအမှတ်ပြု အမ်ကောဝပ်သို့ သွားရောက် လေ့လာလည်ပတ်ပါမည်။ · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · ထို့နောက် ၁၅ ရာစုနှစ် (AD 802-1432) က တည်ဆောက်ခဲ့သော South Gate of Angkor Thom သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက် Angkor Complex မှ အထင်ရှားဆုံးဖြစ်သည့် ရှေးအခါက ခမာအင်ပါယာရှိ ပြည်နယ် (၅၄) ခုကို ကိုယ်စားပြုပုံဖော်ဆောက်လုပ်ထားသည့် Bayon Temple နှင့် Baphoun, Phimeanakas တို့သို့ သွားရောက်လည်ပတ်ပါမည်။ အေဒီ ၁၁၈၆, ဘုရင် Jayavarman VII လက်ထက်က တည်ဆောက်ခဲ့ပြီး အခြားသော Angkor Temples များနှင့်မတူ ကွဲပြားခြားနား Ta Prohm Temple သို့ သွားရောက်လည်ပတ်ပါမည်။ လွန်စွာအံ့အားသင့်ဖွယ်ရာ သစ်ပင်ကြီးများ ထိုးထွက် ပေါက်ရောက်နေသည့် အပျက်အစီးများကြားမှ အလွန်လှပဆန်းကြယ်စွာတည်ရှိ ကျန်ရစ်နေသည့် တောအထပ်ထပ်ကြားမှ ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုအရှိဆုံး Ta Prohm Temple တွင် အမှတ်တရဓာတ်ပုံများ စိတ်ကြိုက်ရိုက်ကူးရင်း လေ့လာကြပါမည်။ · ထို့နောက် နေဝင်ဆည်းဆာအလှအား Pre Rup Temple မှနေ၍ ကြည့်ရှုခံစားပါမည်။ (Temple ပေါ်သို့ တက်ရောက်ခွင့်ရရှိသည့် အခြေအနေပေါ်မူတည်၍) · ခမာရိုးရာ Apsara Dance Show အားကြည့်ရှုခံစားရင်း ဘူဖေးညစာအား သုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက် Night Market နှင့် Pub Street တွင် (၁) နာရီခန့် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။ · ထို့နောက် ဟိုတယ်သို့ ပြန်လည် အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နံနက် (၈) နာရီခန့်တွင် ဖနွမ်းပင်မြို့သို့ ထွက်ခွာပါမည်။ (ခန့်မှန်းကားမောင်းချိန် ၇ နာရီခန့်) · စီရမ်ရိရှိ တော်ဝင်နန်းတော်၏ အရှေ့ဘက်တွင်တည်ရှိပြီး အန်ကော်ခေတ် မင်းသမီးနှစ်ပါးကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြသည့် Preah Ang Chek နှင့် Preah Ang Chorm Shrine တို့အား သွားရောက်လေ့လာကြပါမည်။ · လမ်းခရီးတွင် ၁၂ ရာစုက Kompong Kdei မြို့အနီးတွင် မည်သည့်ဘိလပ်မြေမျှအသုံးပြုထားခြင်းမရှိဘဲ အုတ်ရိုးများဖြင့်စီကာတည်ဆောက်ထားသည့် ၇၅ မီတာရှည်လျားပြီး ၁၄ မီတာအမြင့်ရှိ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး Kom Pong Kdei Bridge တွင် ခေတ္တခဏအမှတ်တရဓာတ်ပုံများ ရိုက်ပါမည်။ · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် ဖနွမ်းပင်ရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · ထို့နောက် ကမ္ဘောဒီးယားတို့ ပြင်သစ်ကိုလိုနီ လက်အောက်မှ ၁၉၅၈ ခုနှစ်တွင် လွတ်မြောက်ခဲ့ခြင်း အထိမ်းအမှတ်ဖြစ်ပြီး တိုင်းပြည်လွတ်လပ်ရေး အတွက် အသက်ပေးလှူခဲ့ကြသည့် တိုက်ပွဲဝင်နိုင်ငံသားများ၏ ဝိညာဉ်များအား အောက်မေ့ဂုဏ်ပြုရာနေရာ Independent Monument သို့ သွားရောက်လည်ပတ်ပါမည်။ · AEON mall တွင် တစ်နာရီခန့် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ထိုမှတဆင့် ဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check-out ပြုလုပ်ကာ နံနက် (၈) နာရီခန့်တွင် ဖနွမ်းပင်မြို့ရှိ ၁၈၆၆ ခုနှစ်က ကမ္ဘောဒီးယားဗိသုကာပညာရှင်များတည်ဆောက်ခဲ့သည့် ခမာဘုရင်နေထိုင်ခဲ့ရာ Royal Palace နှင့် ငွေပြားတစ်ပြားစီတွင် ၁ ကီလိုဂရမ်အလေးချိန်ရှိသည့် ငွေပြား ၅၀၀၀ ဖြင့် ကြမ်းခင်းပြုလုပ်ထားပြီး တန်ခိုးကြီးမြဘုရား Preah Keo ကိန်းဝပ်စံပယ်ရာ Silver Pagoda တို့သို့ သွားရောက်လည်ပတ်ပါမည်။ (မှတ်ချက်။ Royal Palace ပိတ်ချိန်မှာ ညနေ ၄ နာရီခွဲဖြစ်ပါသည်။) · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ · ထို့နောက် ခမာနီတို့လက်ထက်က ရက်စက်ကြမ်းကြုတ်မှုများအား နောင်လာနောက်သားတို့ အမှတ်ရစေရာနေရာတစ်ခုဖြစ်သော Toul Sleng Museum သို့ သွားရောက်လေ့လာပါမည်။ · ညနေပိုင်းတွင် ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်ကြီးသို့ ထွက်ခွာကာ ထိုမှတဆင့် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ထွက်ခွာကာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply