from 424 USD
Inquiry

Cambodia – Phnom Penh – Siem Reap – Phnom Penh

Phnom Penh - Siem Reap - Phnom Penh
0/5
Duration

5D 4N

Tour Type

Daily Tour

Group Size

1 person

Languages

English, Myanmar

Overview

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် – စီရမ်ရိ – ဖနွမ်းပင်

(၄) ညအိပ် (၅) ရက်ခရီးစဉ်

ခရီးစဉ်ထွက်ခွာမည့်ရက် – ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ

Price per person with Twin/ Double Sharing Room

အမေရိကန်ဒေါ်လာ ၄၁၄ မှ စတင်၍ (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)

 

 

 

မှတ်ချက်:

  • အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
  •  အထက်ဖော်ပြပါ ဈေးနှုန်းများသည် ကမ္ဘောဒီးယားနိုင်ငံ၏ Super peak period များအတွက် အကျူံးမဝင်ပါ။

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

 

Itinerary

Day-1 ဖနွမ်းပင်ဆိုက်ရောက် (-/ -/ ညစာ)

· ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ကမ္ဘောဒီးယားနိုင်ငံ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လေဆိပ်တွင် နွေးထွေးပြုဌာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ညနေစာ သုံးဆောင်ရန်အတွက် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။ · ဒေသစားသောက်ဆိုင်တွင် ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး Check in ဝင်ကာ အနားယူ အိပ်စက်ပါမည်။

Day-2 ဖနွမ်းပင် - စီရမ်ရိ (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် စီရမ်ရိမြို့သို့ သီးသန့်မော်တော်ယာဉ်ဖြင့် ထွက်ခွာပါမည်။ (ဖနွမ်းပင်မြို့မှ စီရမ်ရိမြို့သို့ ရောက်ရှိရန် ခန့်မှန်းကြာချိန် ၆ နာရီမှ ၇ နာရီ) · လမ်းခရီးရှိ Skun Market တွင် ကမ္ဘောဒီးယားရှိ ဒေသအစားအသောက်များဖြစ်သည့် ဓားခုတ်ကောင်ကြော်၊ ကင်းမြီးကောက်ကြော်၊ မြွေကြော်၊ ပင့်ကူကြော် အစရှိသည့် ထူးဆန်းသောအစားအသောက်များနှင့် ရာသီပေါ်သီးနှံများကို လေ့လာဝယ်ယူရင်း ခေတ္တအနားယူပါမည်။ · နေ့လည်စာအား လမ်းခရီးရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · လမ်းခရီးတွင် ၁၂ ရာစုက Kompong Kdei မြို့အနီးတွင် မည်သည့်ဘိလပ်မြေမျှအသုံးပြုထားခြင်းမရှိဘဲ အုတ်ရိုးများဖြင့်စီကာတည်ဆောက်ထားသည့် ၇၅ မီတာရှည်လျားပြီး ၁၄ မီတာအမြင့်ရှိ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး Kom Pong Kdei Bridge တွင် ခေတ္တခဏအမှတ်တရဓာတ်ပုံများ ရိုက်ပါမည်။ · ညနေ (၂) နာရီခွဲခန့်တွင် စီရမ်ရိမြို့သို့ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် မုတ်သုံရာသီကြောင့် တစ်နှစ်လျှင် ရေကန်၏အကျယ်အဝန်း (၆) ကြိမ် ပြောင်းလဲလေ့ရှိသည့် အာရှတွင်အကြီးဆုံးရေကန်ဖြစ်သည့် ရေပေါ်ရွာများတည်ရှိရာ Tonle Sap Lake သို့ ကမ္ဘောဒီးယားလူမျိုးတို့၏ လူနေမှုဘဝကို လေ့လာနိုင်ရန် သွားရောက်လည်ပတ်ပါမည်။ · Tonle Sap Lake တွင် နေဝင်ဆည်းဆာအလှကို ခံစားပြီးနောက် ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ · ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။

Day-3 အန်ကောဝပ် (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နံနက် ၈ နာရီတွင် ကမ္ဘာ့အံ့ဖွယ် (၇) ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် King Suryavarman II လက်ထက် ၁၂ ရာစုအစောပိုင်းက State Temple နှင့် မြို့တော်အဖြစ်တည်ဆောက်ခဲ့သော UNESCO အသိအမှတ်ပြု အမ်ကောဝပ်သို့ သွားရောက် လေ့လာလည်ပတ်ပါမည်။ · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · ထို့နောက် ၁၅ ရာစုနှစ် (AD 802-1432) က တည်ဆောက်ခဲ့သော South Gate of Angkor Thom သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက် Angkor Complex မှ အထင်ရှားဆုံးဖြစ်သည့် ရှေးအခါက ခမာအင်ပါယာရှိ ပြည်နယ် (၅၄) ခုကို ကိုယ်စားပြုပုံဖော်ဆောက်လုပ်ထားသည့် Bayon Temple နှင့် Baphoun, Phimeanakas တို့သို့ သွားရောက်လည်ပတ်ပါမည်။ အေဒီ ၁၁၈၆, ဘုရင် Jayavarman VII လက်ထက်က တည်ဆောက်ခဲ့ပြီး အခြားသော Angkor Temples များနှင့်မတူ ကွဲပြားခြားနား Ta Prohm Temple သို့ သွားရောက်လည်ပတ်ပါမည်။ လွန်စွာအံ့အားသင့်ဖွယ်ရာ သစ်ပင်ကြီးများ ထိုးထွက် ပေါက်ရောက်နေသည့် အပျက်အစီးများကြားမှ အလွန်လှပဆန်းကြယ်စွာတည်ရှိ ကျန်ရစ်နေသည့် တောအထပ်ထပ်ကြားမှ ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုအရှိဆုံး Ta Prohm Temple တွင် အမှတ်တရဓာတ်ပုံများ စိတ်ကြိုက်ရိုက်ကူးရင်း လေ့လာကြပါမည်။ · ထို့နောက် နေဝင်ဆည်းဆာအလှအား Pre Rup Temple မှနေ၍ ကြည့်ရှုခံစားပါမည်။ (Temple ပေါ်သို့ တက်ရောက်ခွင့်ရရှိသည့် အခြေအနေပေါ်မူတည်၍) · ခမာရိုးရာ Apsara Dance Show အားကြည့်ရှုခံစားရင်း ဘူဖေးညစာအား သုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက် Night Market နှင့် Pub Street တွင် (၁) နာရီခန့် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။ · ထို့နောက် ဟိုတယ်သို့ ပြန်လည် အနားယူအိပ်စက်ပါမည်။

Day-4 စီရမ်ရိ - ဖနွမ်းပင် (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နံနက် (၈) နာရီခန့်တွင် ဖနွမ်းပင်မြို့သို့ ထွက်ခွာပါမည်။ (ခန့်မှန်းကားမောင်းချိန် ၇ နာရီခန့်) · စီရမ်ရိရှိ တော်ဝင်နန်းတော်၏ အရှေ့ဘက်တွင်တည်ရှိပြီး အန်ကော်ခေတ် မင်းသမီးနှစ်ပါးကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြသည့် Preah Ang Chek နှင့် Preah Ang Chorm Shrine တို့အား သွားရောက်လေ့လာကြပါမည်။ · လမ်းခရီးတွင် ၁၂ ရာစုက Kompong Kdei မြို့အနီးတွင် မည်သည့်ဘိလပ်မြေမျှအသုံးပြုထားခြင်းမရှိဘဲ အုတ်ရိုးများဖြင့်စီကာတည်ဆောက်ထားသည့် ၇၅ မီတာရှည်လျားပြီး ၁၄ မီတာအမြင့်ရှိ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး Kom Pong Kdei Bridge တွင် ခေတ္တခဏအမှတ်တရဓာတ်ပုံများ ရိုက်ပါမည်။ · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် ဖနွမ်းပင်ရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · ထို့နောက် ကမ္ဘောဒီးယားတို့ ပြင်သစ်ကိုလိုနီ လက်အောက်မှ ၁၉၅၈ ခုနှစ်တွင် လွတ်မြောက်ခဲ့ခြင်း အထိမ်းအမှတ်ဖြစ်ပြီး တိုင်းပြည်လွတ်လပ်ရေး အတွက် အသက်ပေးလှူခဲ့ကြသည့် တိုက်ပွဲဝင်နိုင်ငံသားများ၏ ဝိညာဉ်များအား အောက်မေ့ဂုဏ်ပြုရာနေရာ Independent Monument သို့ သွားရောက်လည်ပတ်ပါမည်။ · AEON mall တွင် တစ်နာရီခန့် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ထိုမှတဆင့် ဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ပါမည်။

Day-5 စီရမ်ရိ - ရန်ကုန် (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check-out ပြုလုပ်ကာ နံနက် (၈) နာရီခန့်တွင် ဖနွမ်းပင်မြို့ရှိ ၁၈၆၆ ခုနှစ်က ကမ္ဘောဒီးယားဗိသုကာပညာရှင်များတည်ဆောက်ခဲ့သည့် ခမာဘုရင်နေထိုင်ခဲ့ရာ Royal Palace နှင့် ငွေပြားတစ်ပြားစီတွင် ၁ ကီလိုဂရမ်အလေးချိန်ရှိသည့် ငွေပြား ၅၀၀၀ ဖြင့် ကြမ်းခင်းပြုလုပ်ထားပြီး တန်ခိုးကြီးမြဘုရား Preah Keo ကိန်းဝပ်စံပယ်ရာ Silver Pagoda တို့သို့ သွားရောက်လည်ပတ်ပါမည်။ (မှတ်ချက်။ Royal Palace ပိတ်ချိန်မှာ ညနေ ၄ နာရီခွဲဖြစ်ပါသည်။) · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ · ထို့နောက် ခမာနီတို့လက်ထက်က ရက်စက်ကြမ်းကြုတ်မှုများအား နောင်လာနောက်သားတို့ အမှတ်ရစေရာနေရာတစ်ခုဖြစ်သော Toul Sleng Museum သို့ သွားရောက်လေ့လာပါမည်။ · ညနေပိုင်းတွင် ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်ကြီးသို့ ထွက်ခွာကာ ထိုမှတဆင့် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ထွက်ခွာကာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်များတွင် (၃) ညတာ တည်းခိုခွင့် (နှစ်ဦးလျှင်တစ်ခန်းနှုန်း)နှင့် နံနက်စာသုံးဆောင်ခွင့်
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း သီးသန့် Air conditioner car ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • နေ့စဉ်အတွက် တစ်ဦးလျှင် ရေ (၃) ဘူးစီ
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း English Speaking Guide ဝန်ဆောင်မှု
  • Tonle Sap Lake အတွင်း Boat ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြထားသော ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် Myanmar Tour Leader ဝန်ဆောင်မှု (ဧည့်သည် ၁၀ ဦးနှင့်အထက်ပါဝင်သော အဖွဲ့များ အတွက်သာ)
  • Tipping for Guide & Driver 5USD/ pax/ day (၂ ယောက်မှ ၅ ယောက်အဖွဲ့အတွက်)
  • Tipping for Guide & Driver 3USD/ pax/ day (၆ ယောက်နှင့်အထက် အဖွဲ့အတွက်)
  • ခရီးသွားအာမခံ
  • ရန်ကုန် - ကမ္ဘောဒီးယား (စီရမ်ရိ) - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်များ
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော အစားအသောက်ဝန်ဆောင်မှုများ
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • ကမ္ဘောဒီးယားဗီဇာဝန်ဆောင်မှု
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)

Tour's Location

Phnom Penh - Siem Reap - Phnom Penh

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 424 USD

Inquiry





    You might also like