from 0 review
4D 3N
Specific Tour
1 person
English, Myanmar
ရွှေစက်တော်ကို ဘုရားဖူးသွားမယ့်သူတွေအတွက် “ရန်ကုန် – ပြည် – ရွှေစက်တော် (၃ ညအိပ်၊ ၄ ရက်)” ခရီးစဉ်ရှိတယ်နော်။
ပြည်မြို့ရှိ ရွှေဆံတော်ဘုရား၊ ရွှေဘုံသာမုနိဘုရား၊ အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့အပါအဝင် အပြန်လမ်းခရီးတွင် မကွေးမြသလွန်ဘုရားကိုပါ ဝင်ရောက်ဖူးမြော်ရမှာဖြစ်ပါတယ်။ မိသားစုနဲ့ သွားရောက်လည်ပတ်သင့်တဲ့ ခရီးစဉ်လေးဖြစ်လို့ Oway နဲ့အတူသွားရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
ရန်ကုန် - ပြည်
နံနက် ၆ နာရီခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမယ်။ နံနက်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး နေ့လည်စာ ကို ဒေသစားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် အကောက်တောင် သို့ သွားရောက်လည်ပတ်ပါမယ်။ ညစာကို ပြည်မြို့ ရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ရွှေဆံတော်ဘုရားသို့ သွားရောက်ဖူးမြော်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။
ပြည် - ရွှေစက်တော်
နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ နံနက်စာသုံးဆောင်ပြီးရင်တော့ ရွှေဘုံသာမုနိဘုရား သို့ သွားရောက်ဖူးမြော်ပါမယ်။ နေ့လည်စာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရွှေစက်တော် သို့ ခရီးဆက်ပါမယ်။ ညစာကို ရွှေစက်တော်ရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် resort တွင် အိပ်စက်အနားယူမှာဖြစ်ပါတယ်။
ရွှေစက်တော်
နံနက်စာ ကို ရွှေစက်တော်ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ နံန က်စာ သုံးဆောင်ပြီးနောက် အောက်စက်တော်ရာ နဲ့ အထက်စက်တော်ရာ သို့ သွားရောက်ဖူးမြော်ပါမယ်။ နေ့လည်စာနှင့်ညစာကို ဒေသစားသောက်ဆိုင်မှာ သုံးဆောင်ပြီးနောက် resort တွင် အိပ်စက်အနားယူမှာဖြစ်ပါတယ်။
ရွှေစက်တော် - မကွေး - ရန်ကုန်
နံနက်စောစောတွင် ရွှေစက်တော်မှ ပြန်လည်ထွက်ခွာပါမယ်။ နံနက်စာကို မကွေးမြို့ ရှိဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီနောက် မြသလွန်ဘုရား သို့ သွားရောက်ဖူးမြော်ပါမယ်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရန်ကုန်သို့ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ ညနေ ပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေအေးချမ်းစွာ ပြန်လည်ရောက်ရှိပါမယ်။
Leave a reply