from 667 USD
Inquiry

ရန်ကုန် – ပူတာအို – ဖုန်ကန်ရာဇီရေခဲတောင် – ပူတာအို – ရန်ကုန် ခရီးစဉ်

ရန်ကုန် - ပူတာအို
0/5
Duration

9D 8N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

 ရေခဲပြင်ဖွေးဖွေးလေးတွေနဲ့ သဘာဝအလှတရားတွေကို မြင်တွေ့ခံစားရမယ့် (၈ ညအိပ် ၉ ရက်) ဖုန်ကန်ရာဇီရေခဲတောင်ခရီးစဉ်ကို တောင်တက်သမားမဟုတ်ပဲ အပျော်လေ့လာရေးသွားချင်သူတွေ၊ ရေခဲတောင်တွေ့ဖူးချင်သူတွေနဲ့ အတွေ့အကြုံမရှိသေးတဲ့သူတွေအတွက် စိတ်ချလုံခြုံမှုရှိစေရန် အကောင်းဆုံးစီစဉ်ထားပါတယ်။  

Highlights

  • ပူတာအိုမြို့မှ 125 ဆိုင်ကယ်ဖြင့် ဇီယာဒမ်းကျေးရွာသို့ ၃၁ မိုင် ခရီးမောင်းနှင်မည်။
  • သစ်ပင်ကြီးတောတွင်းစခန်းသို့ လမ်းလျှောက်ခရီးဆက် ကြပါမည်။
  • သစ်ပင်ကြီးတောတွင်းစခန်း မှ ခမ်းသောက်မြစ်စခန်းသို့ ခက်ခဲသောတောင်တက်တောင်ဆင်း 7 မိုင်/ လမ်းလျှောက်ချိန် 6 နာရီ / အမြင့်ပေ 10000 ခန့် သွားကြရပါမည်။
  • ခမ်းသောက်မြစ်စခန်း မှ ဖုန်ကန်ရာဇီတောင်ခြေ ရေခဲစပ်စခန်း သို့ တောင်တက် 5 မိုင်/ လမ်းလျှောက်ချိန် 5 နာရီ / အမြင့်ပေ 10000 ခန့် သွားကြရပါမည်။
  • ဖုန်ကန်ရာဇီတောင်ခြေ ရေခဲစပ်စခန်း မှ တောင်ထိပ်သို့ တက်ရောက်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြရပါမည်။

Itinerary

Day 1

ရန်ကုန် - ပူတာအို   


နံနက် (၁၀:၂၅) နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ပူတာအိုသို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာပါမယ်။ နေ့လည် (၁၄:၀၀) နာရီခန့်တွင် ပူတာအိုမြို့သို့ ရောက်ရှိပြီး ဟိုတယ်သို့ Check-in ဝင်ပါမယ်။ ညစာကို ဟိုတယ်တွင်သုံးဆောင် ပြီးနောက် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။ 

Day 2

ပူတာအို - ဇီယာဒမ်းကျေးရွာ   


နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ရေခဲတောင်တက်ခရီးစဉ်ကို စတင်ပါမယ်။ ပူတာအိုမြို့မှ ၁၂၅ ဆိုင်ကယ်ဖြင့် ဇီယာဒမ်းကျေးရွာသို့ ၃၁ မိုင် ခရီးမောင်နှင်ကာ ရွာအိမ်တွင် ညအိပ်အနားယူမှာဖြစ်ပါတယ်။ 

Day 3

ဇီယာဒမ်းကျေးရွာ - သစ်ပင်ကြီးတောတွင်းစခန်း 


  နံနက်စာကို ညအိပ်ရွာအိမ်တွင် သုံးဆောင်ပြီး သစ်ပင်ကြီးတောတွင်းစခန်းသို့ လမ်းလျှောက်ခရီးဆက်ကြပါမယ်။ (လမ်းလျှောက် ၇ မိုင်/ ကြာချိန် ၇ နာရီခန့်/ အမြင့်ပေ ၇၀၀၀) သစ်ပင်ကြီးတောတွင်းစခန်းတွင် မိုးကာတဲထိုးပြီး ညအိပ်ပါမယ်။ 

Day 4

သစ်ပင်ကြီးတောတွင်းစခန်း - ခမ်းသောက်မြစ်   


သစ်ပင်ကြီးတောတွင်းစခန်း မှ ခမ်းသောက်မြစ်စခန်းသို့ ခက်ခဲသောတောင်တက်တောင်ဆင်း ၇ မိုင်/ လမ်းလျှောက်ချိန် ၆ နာရီ/ အမြင့်ပေ ၁ သောင်းခန့် သွားကြရပါမယ်။ ခမ်းသောက်မြစ်စခန်းတွင် ညအိပ်အနားယူပါမယ်။ 

Day 5

ခမ်းသောက်မြစ် - တောင်ခြေရေခဲစပ်စခန်း 


ခမ်းသောက်မြစ်စခန်း မှ ဖုန်ကန်ရာဇီတောင်ခြေ ရေခဲစပ်စခန်း သို့ တောင်တက် ၅ မိုင်/ လမ်းလျှောက်ချိန် ၅ နာရီ / အမြင့်ပေ ၁ သောင်းခန့် သွားကြရပါမယ်။ ဖုန်ကန်ရာဇီတောင်ခြေ ရေခဲစပ်စခန်းတွင် ညအိပ်အနားယူပါမယ်။   

Day 6

တောင်ခြေရေခဲစပ်စခန်း - ဖုန်ကန်ရာဇီတောင်ထိပ် - တောင်ခြေရေခဲစပ်စခန်း - ခမ်းသောက်မြစ်   


ဖုန်ကန်ရာဇီတောင်ခြေ ရေခဲစပ်စခန်း မှ တောင်ထိပ်သို့ တက်ရောက်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူကြပါမယ်။ ထို့နောက် ရေခဲစပ်စခန်းတောင်ခြေသို့ပြန်ဆင်းကာ ပစ္စည်းများသိမ်းဆည်းပြီး ခမ်းသောက်မြစ်စခန်းသို့ ပြန်ဆင်းပြီးအိပ်စက်အနားယူပါမယ်။ (တောင်ခြေ မှ တောင်ထိပ်သို့ ၃ မိုင်/ တောင်ဆင်း ၃ မိုင် / ခမ်းသောက်မြစ်သို့ ၅ မိုင် / လမ်းလျှောက်ချိန် ၈ နာရီ / စုစုပေါင်း လမ်းလျှောက်ရမည့်မိုင် ၁၁ မိုင်/ အမြင့်ပေ ၁၁,၉၂၀ ခန့်။ 

Day 7

ခမ်းသောက်မြစ် - ဇီယာဒမ်း ကျေးရွာ   


ခမ်းသောက်မြစ်စခန်း မှ သစ်ပင်ကြီးစခန်းကို ကျော်ပြီး ဇီယာဒမ်းကျေးရွာတွင် ညအိပ်အနားယူပါမယ်။   (မြေပြန့်တောင်အဆင်း ၇ မိုင် / လမ်းလျှောက်ချိန် ၆ နာရီ / အမြင့်ပေ ၇၀၀၀ – ၃၀၀၀) 

Day 8

ဇီယာဒမ်းကျေးရွာ - ပူတာအို   


ဇီယာဒန်းကျေးရွာ မှ ဆိုင်ကယ်ခရီး ဖြင့် ပူတာအိုမြို့သို့ ပြန်လည်ထွက်ခွာပါမယ်။ ပူတာအို ရှိ ဟိုတယ် တွင် Check-in ဝင်ကာ အိပ်စက်အနားယူပါမယ်။ 

Day 9

ပူတာအို - ရန်ကုန်   


ပူတာအို ဟိုတယ် မှ ရန်ကုန်သို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် (၁၄:၄၀) နာရီတွင် ပြန်လည်ထွက်ခွာပြီး ရန်ကုန်သို့ (၁၈:၂၅) နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါတယ်။ 

Included/Excluded

  • ရန်ကုန် - ပူတာအို - ရန်ကုန် လေယာဉ်လက်မှတ်၊
  • ပူတာအို တွင် အသွား/အပြန် (၂)ညတာ ဟိုတယ်တွင်တည်းခိုခွင့်၊
  • ပူတာအို မှ စတင်ပြီး တောင်တက်ခရီးစဉ် ၆ ညအိပ် ၇ ရက်တာ ဝန်ဆောင်မှု၊
  • ခရီးစဉ် အစမှ အဆုံးထိ နံနက်စာ / နေ့လည်စာ/ ညစာ ဝန်ဆောင်မှု၊
  • လမ်းခရီးတွင် ချက်ပြုတ်ကျွေးမွေးမည့် စားဖိုမှူး အဖွဲ့၊
  • အဖွဲ့ခေါင်းဆောင် တစ်ဉီးမှ လိုက်ပါကြီးကြပ်ညွန်ကြားပေးမှာဖြစ်ပါတယ်၊
  • တောင်တက်အထမ်းသမားများနှင့် ဒေသခံလမ်းညွန်များ၊
  • မိုးကာရွက်ဖျင်တဲ / အိပ်ယာလိပ် / များ ငှားရမ်းပေးခြင်း၊
  • လမ်းခရီး တည်းခိုအိမ်များ အတွက် ဝန်ဆောင်မှု၊
  • ပူတာအို မှ ဇီယာထန်းသို့ အသွား/အပြန် ဆိုက်ကယ် ဝန်ဆောင်မှု၊
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ၊
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ၊
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ၊
  • ခရီးသွားအာမခံ၊

Tour's Location

ရန်ကုန် - ပူတာအို

FAQs

Item lists

၁ ။ ရေခဲတောင်ပေါ်တွင် ဝတ်ရည်အနွေးသားပါသော မိုးကာအကျီအထူ ၁ ထည်    


၂ ။ လမ်းလျှောက်ချိန် ဝတ်ရန် မိုးကာသား အကျီ လက်ရှည်အပါး ၁ ထည်    


၃ ။ လက်အိပ်အထူ ၁ စုံ ၊ အပါး ၁ စုံ    


၄ ။ ခြေအိတ်အထူ ၃ စုံ၊ အပါး ၃ စုံ    


၅ ။ လျှာထိုး ဉီးထုပ် (သို့) နေကာဉီးထုပ် ၁ လုံး    


၆ ။ စွယ်တာ အနွေး ဉီးထုပ် ၁ လုံး    


၇ ။ နားအုပ် ၁ စုံ    


၈ ။ ဆွယ်တာ လက်ရှည် အကျီ ၂ ထည်    


၉ ။ အကျီလက်ရှည် အပါး ၂ ထည်    


၁၀ ။ ဆွယ်တာ ဘောင်းဘီ ၂ ထည်    


၁၁ ။ မိုးကာသား (သို့မဟုတ်) ဆွဲသား အားကစား လမ်းလျှောက်ဘောင်းဘီ ၂ ထည်    


၁၂ ။ နေကာမျက်မှန် ၁ လက်    


၁၃ ။ ပွိုင့်ကောင်းသော တောင်တက်ဖိနပ်    


၁၄ ။ စစ်ဖိနပ် ၁ ရံ    


၁၅ ။ ညှပ်ဖိနပ် ၁ ရံ    


၁၆ ။ ဆိုင်ကယ်စီး မိုးကာ အ၇ှည် ၁ ထည်    


၁၇ ။ သောက်ရေဗူး ၁ ဗူး၊ ရေအသောက်များသူများ အပို တစ်ဗူး ဆောင်ထားရန်    


၁၈ ။ ခေါင်းစွတ် ဓာတ်မီး နှင့် ဓာတ်ခဲ ၄ စုံ    


၁၉ ။ ရေခဲ နှင်းကာ ဒူးစွတ်    


၂၀ ။ မိမိ တစ်နိင်သယ်ယူရန် ကျောပိုးအိတ်သေး တစ်လုံး - မိမိအိတ်တွင် ရေဗူး ၊ ဆိုင်ကယ်စီး မိုးကာ ၊ ဓာတ်မီး ၊ မိုးကာအကျီ အပါး နှင့် သရေဆာ မုန့်များထည့်ထားရပါမည်။    


၂၁ ။ မိမိအသုံးအဆောင် ဆေးဝါးများ နှင့် အခြားအသုံးအဆောင် ပစ္စည်းများ (အားဆေး ၊ လိမ်းဆေး ၊ သောက်ဆေး ၊ ခြင်ဖြန်းဆေး ၊ ဓာတ်ဆား ၊ အကိုက်အခဲပျောက်ဆေး ၊ ဝမ်းပိတ်ဆေး ၊ နှာဆေး ချောင်းဆိုး ပျောက်ဆေး ၊ အနာလိမ်းဆေး ၊ ခေါင်းကိုက်ပျောက်ဆေး ၊ လက်သည်းညှပ် ၊ အပ် ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ Wet Tissue ၊ ဒူးစွတ် ၊ မောက်စ် ၊ နှတ်ခမ်းနီ အဆီ )    


၂၂ ။ ကင်မရာ နှင့် ဖုန်းများ ယူဆောင်လာပါက အားသွင်းရန် Power Bank    


၂၃ ။ မိမိကြိုက်နှစ်သက်သော သရေစာမုန့် အနည်းငယ် ယူဆောင်လာရန်    


၂၄ ။ Boot ဖိနပ် အောက်ခြေတွင် စလစ်မဖြစ်အောင် တပ်ရသော ရာဘာဆူး    


၂၅ ။ လမ်းလျှောက်တုတ်ချောင်း    


၂၆ ။ အထက်ပါ ပစ္စည်းများ ကို စုံလင်အောင် ယူလာရမှာ ဖြစ်ပြီး ငှင်းပစ္စည်းများ ထည့်ရန် အိတ်အပျော့ တစ်လုံး လိုအပ်မှာ ဖြစ်ပါသည်။   

Preparation

သာမာန် သူများအနေဖြင့် ရေခဲတောင်ခရီးစဉ် မစမှီ ရက် ၂၀ လောက် အဆင်းအတက် လမ်းလျှောက်ထားရန် လိုအပ်ပါတယ်။


ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးစဉ် မစမှီ ၁၀ ရက်လောက်အလိုတွင် တစ်ရက် ၁ မိုင်နှုုန်း ဖြင့် ၁ နာရီခန့် အပြေးလေ့ကျင့် လျှင်ပို၍အဆင်ပြေ နိင်ပါတယ်။


တစ်ပတ်လောက် အလိုတွင် တစ်ရက်လျှင် ၃ မိုင်ခန့် လမ်းလျှောက်လေ့ကျင့်ထား လျှင်ပိုအဆင်ပြေ ပါတယ်။


  တစ်နေ့လျှင် ထိုင်ထ အကြိမ် ၃၀ မှ ၄၀ ကြားထိုင်ထ ပြုလုပ်ခြင်း၊     စက်ဘီးစီးခြင်း၊     ကြိုးခုံခြင်း၊     အပြေးလေ့ကျင့်ခြင်း၊     ကာယလေ့ကျင့်ခန်းများ ပုံမှန်လေ့ကျင့်ထားလျှင် ပို၍ အဆင်ပြေပါတယ်။  


တောင်တက်အတွေ့အကြုံ မရှိသေးသူများ အနေဖြင့် ပုံမှန်လမ်းလျှောက်ထားရန် လိုအပ်ပါတယ် 

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 667 USD

Inquiry



    You might also like