from 0 review
4D 3N
Specific Tour
1 person
English, Myanmar
မောမြေဦးရဲ့ အလှ အဖြစ်တင်စားခေါ်ဝေါ်ကြသော ကလောမြို့လေးကို သွားရောက်လည်ပတ်ရမယ့် ရန်ကုန်- ကလော– ရွာငံ (၃ညအိပ် ၄ရက်) ခရီးစဉ်နဲ့အတူ ချစ်ရသူတွေနဲ့ အပန်းဖြေဖို့ ကလောကိုသွားရောက်လည်ပတ်ကြရအောင်!
ရာသီဥတုအေးစိမ့်စိမ့်လေးမှာ ရှမ်းအစားအစာလေးတွေစားရင်း၊ ကလောမြို့ရဲ့ ပတ်ဝန်းကျင် အလှတရားတွေကို မြင်တွေ့ခံစားရင်း ကလောဈေးနဲ့အတူ မြို့အနှံလျှောက်လည်ကြရမယ့် ခရီးစဉ်လေးပဲဖြစ်ပါတယ်။
ရန်ကုန် - ကလော
ည ၇ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမည်။ ကားပေါ်တွင် အိပ်စက်အနားယူပြီး နောက်နေ့ နံနက်စောစောတွင် မောမြေဦးရဲ့ အလှ အဖြစ်တင်စားခေါ်ဝေါ်ကြသော ကလောမြို့လေး သို့ရောက်ရှိမှာ ဖြစ်ပါတယ်။
ကလော
နံနက်စာ ကို ကလောဈေးအတွင်းရှိ ဒေသထွက်ရှမ်းအစားအစာများ ဖြင့်သုံးဆောင်ပါမယ်။ ပြီးနောက် မြင်းမထိသဘာဝလှိုဏ်ဂူ သို့သွားရောက် လည်ပတ်ပါမယ်။ နေ့ခင်းပိုင်းတွင် ဟိုတယ် သို့ဝင်ကာ ခေတ္တအနားယူပြီး ညနေပိုင်း ဟိုတယ်တွင် မိမိတို့စိတ်ကြိုက် Activities များ ပြုလုပ်နိင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ ဟိုတယ်တွင် အိပ်စက်အနားယူရမှာဖြစ်ပါတယ်။
ရွာငံ
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ နံနက်စောစောတွင် မိန်းမရဲသခင်မတောင် ၊ မြင်းမူကုန်း ၊ ယူကလစ်တန်း ၊ သစ်ခြောက်ပင် ၊ ရေပြာအိုင် နှင့် တောကြယ် ရေတံခွန် စသည့် နေရာများသို့ သွားရောက်လည်ပတ်ပါမယ်။ နေ့ခင်းပိုင်းတွင် ဟိုတယ် သို့ဝင်ကာ ခေတ္တအနားယူပါမယ်။ ညနေပိုင်း ဟိုတယ်တွင် မိမိတို့စိတ်ကြိုက် Activities များ ပြုလုပ်နိင်မှာဖြစ်ပါတယ်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမယ်။
ရွာငံ - ကလော - ရန်ကုန်
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check – out ထွက်ကာ ရန်ကုန်သို့ ပြန်လည် ထွက်ခွာပါမယ်။ ညနေပိုင်း တွင် ရန်ကုန်မြို့ သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည် ဖြစ်ပါတယ်။
Leave a reply