from 120 USD
Inquiry

ရန်ကုန် – ပုဂံ – ညောင်ဉီး – ပုပ္ပါး – ရန်ကုန်

ရန်ကုန် - ပုဂံ - ညောင်ဉီး - ပုပ္ပါး - ရန်ကုန်
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

လူကြီး တစ်ဉီးလျှင် = 350,000/- ကျပ (ယောက်ခန်း သို့ ၃ ယောက်ခန်း) 

Itinerary

Day 1

နံနက် ( ၅ နာရီ ) ခန့်တွင် ရန်ကုန်မှ ခရီး စတင်ထွက်ခွာပါမည်။ နံနက်စာ ကို 115 မိုင်   တွင်သုံးဆောင်ပြီး ခရီးဆက်ပါမည် ။ နေ့လည်စာကို ဒေသစားသောက်ဆိုင်  တွင်သုံးဆောင်ပြီးနောက်  ပုဂံသို့ ခရီးဆက်ပါမည်။ ညနေပိုင်းတွင် ပုဂံ သို့ရောက်ရှိပြီး      ဟိုတယ်တွင် Check – in ဝင်ပါမည်။ ညစာ ကို ဟိုတယ်တွင် Set Menu ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 

Day 2

 နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပုဂံဘုရား များအား စတင်ဖူးမြော်ပါမည်။ မနူဟာဘုရား သဗ္ဗညုဘုရားကန်တော့ပလ္လင်ဘုရားအာနန္ဒာဘုရား များ သို့ သွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကို  မြေအိုး စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်  ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ဓမ္မရံကြီးဘုရားစူဠာမဏိဘုရားပြဿဒါးကြီး (ပြဿဒ်ကြီး) စသည့် ဘုရားများ  သွားရောက်ဖူးမြော်ပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 

Day 3

 နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပုပ္ပါးတောင် သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာ ကို မြန်မာဘူဖေးဖြင့်သုံးဆောင် ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ရွှေစည်းခုံစေတီအလိုတော်ပြည့်ဂူဘုရားထီးလိုမင်းလိုဘုရားဗူးဘုရား များသို့ သွားရောက် ဖူးမြော်ပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။  

Day 4

 နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပြည့်ငါးပြည့်ဘုရားငါးဆူ ဖြစ်သော လောကနန္ဒာ၊ တာမဏေသိမ် ၊ ရွှေဆံတော်၊  ဓမ္မရာဇကဘုရားရှိ (၂) ဆူအားသွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင် ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူ ပါမည်။ ညနေပိုင်းတွင် အပြန်လမ်းတွင် ပိုင်ထန်းတော သို့ ဝင်ကာ ထန်းရည်ချိုများ သောက်သုံးပြီနောက် အညာဒေသထွက် လက်ဆောင် များအား စိတ်ကြိုက် ဝယ်ယူကြပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။   

Day 5

 ရန်ကုန်မြို့  သို့ နံနက်စောစောတွင် အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည် ဖြစ်ပါသည်။ 

Included/Excluded

  • ခရီးစဉ်တစ်လျှောက် သီးသန့်ကားဝန်ဆောင်မှု ( Air Condition Vehicle)
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • 4*ဆင့်ရှိ ဟိုတယ်တွင် ၃ ညတာတည်းခိုခွင့်
  • နေ့စဉ် ‌ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု
  • Guide and Driver Tipping
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ

Tour's Location

ရန်ကုန် - ပုဂံ - ညောင်ဉီး - ပုပ္ပါး - ရန်ကုန်

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 120 USD

Inquiry



    You might also like