from 500,000 MMK
Inquiry

ရန်ကုန် – ပုဂံ – ညောင်ဉီး – ပုပ္ပါး – ရန်ကုန် ခရီးစဉ်

ရန်ကုန် - ပုဂံ - ညောင်ဉီး - ပုပ္ပါး
0/5
Duration

5D 4N

Tour Type

Daily Tour

Group Size

1 person

Languages

English, Myanmar

Overview

ရှေးဟောင်းအမွေအနှစ်တို့တည်ရာမြေ ပုဂံကိုသွားရောက်လည်ပတ်ရမယ့် ရန်ကုန် – ပုဂံညောင်ဉီးပုပ္ပါးရန်ကုန်  

(၄ ညအိပ် ၅ ရက်) ခရီးစဉ်ကို Oway နဲ့အတူ သွားလည်ကြရအောင်! 

မြင်းလှည်းလေးစီးရင်း ဘုရားစုံပတ်ဖူးရတဲ့ အရသာကိုခံစားချင်တဲ့သူများ၊ ဧရာ၀တီမြစ်ကမ်းနဘေးက နေဝင်ချိန်အလှတစ်ရာများကိုခံစားရင်း ကြည်နူးဖွယ်ညနေချိန်ခါကိုခံစားချင်သူများ သွားရောက်သင့်တဲ့ခရီးစဉ်ပဲဖြစ်တယ်နော်။  

Highlights

  • ဧရာတီမြစ်ကမ်းဘေးက ညနေဆည်းဆာ နေဝင်အလှတရားများနှင့် မြို့ရိုးအုတ်ဟောင်း ကြာရှည်ညောင်းလဲ တင့်တယ်ဝင့်ကြွား ရှေးဟောင်းအနုပညာတွေကြားက မြန်မာယဉ်ကျေးမှုအမွေအနှစ်တို့တည်ရာပုဂံမြေ၊
  • မနူဟာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ အာနန္ဒာဘုရားများ
  • ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား ၊ပြဿဒါးကြီး (ပြဿဒ်ကြီး) စသည့်ဘုရားများ
  • ပုပ္ပါးတောင်နှင့် ရွှေစည်းခုံစေတီ၊ အလိုတော်ပြည့်ဂူဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရားများ
  • ပြည့်ငါးပြည့်ဘုရားငါးဆူ ဖြစ်သော လောကနန္ဒာ၊ တာမဏေသိမ် ၊ ရွှေဆံတော်၊ ဓမ္မရာဇကဘုရားရှိ (၂) ဆူ

Itinerary

Day 1

ရန်ကုန် - ပုဂံ 


ည (၇ နာရီ) ခန့်တွင် ရန်ကုန်မှ ခရီးစတင်ထွက်ခွာပါမယ်။ ကားပေါ်တွင် အိပ်စက် အနားယူလိုက်ပါလာပြီး နောက်နေ့ မနက်စောစောတွင် မြန်မာ့ရှေး‌ဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသသို့ ရောက်ရှိမှာဖြစ်ပါတယ်။ 

Day 2

ပုဂံ 


နံနက်စာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ပုဂံဘုရားများအား စတင်ဖူးမြော်ပါမယ်။ မနူဟာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ အာနန္ဒာဘုရားများ သို့ သွားရောက်ဖူးမြော်ပါမယ်။ နေ့လည်စာကို မြေအိုး စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပါမယ်။ ညနေပိုင်းတွင် ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ပြဿဒါးကြီး (ပြဿဒ်ကြီး) စတဲ့ ဘုရားများ သွားရောက်ဖူးမြော်ပါမယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။ 

Day 3

ပုဂံ - ပုပ္ပါး - ပုဂံ 


နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပုပ္ပါးတောင် သို့ သွားရောက်လည်ပတ်ပါမယ်။ နေ့လည်စာ ကို မြန်မာဘူဖေးဖြင့်သုံးဆောင် ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပါမယ်။ ညနေပိုင်းတွင် ရွှေစည်းခုံစေတီ၊ အလိုတော်ပြည့်ဂူဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား များသို့ သွားရောက်ဖူးမြော်ပါမယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမယ်။ 

Day 4

ပုဂံ 


နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပြည့်ငါးပြည့်ဘုရားငါးဆူဖြစ်သော လောကနန္ဒာ၊ တာမဏေသိမ်၊ ရွှေဆံတော်၊ ဓမ္မရာဇကဘုရားရှိ (၂) ဆူအားသွားရောက်ဖူးမြော်ပါမယ်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင် ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပါမယ်။ ညနေပိုင်းတွင် အပြန်လမ်းတွင် ပိုင်ထန်းတောသို့ဝင်ကာ ထန်းရည်ချိုများသောက်သုံးပြီနောက် အညာဒေသထွက် လက်ဆောင်များအား စိတ်ကြိုက်ဝယ်ယူကြပါမယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမယ်။ 

Day 5

ပုဂံ - ရန်ကုန် 


နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check – out ထွက်ကာ ရန်ကုန်သို့ ပြန်လည် ထွက်ခွာပါမယ်။ ရန်ကုန်မြို့ သို့ ညနေပိုင်းတွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ပြီးနောက် ပျော်ရွင်ဖွယ်ခရီးစဉ်လေးပြီးဆုံးမှာပဲ ဖြစ်ပါတယ်။ 

Included/Excluded

  • ခရီးစဉ်တစ်လျှောက် သီးသန့်ကားဝန်ဆောင်မှု (Air Condition Vehicle)၊
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ၊
  • 4*ဆင့်ရှိ ဟိုတယ်တွင် ၃ ညတာတည်းခိုခွင့်၊
  • နေ့စဉ် ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ၊
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု၊
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု၊
  • Guide and Driver Tipping၊
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ၊
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ၊
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ၊
  • ခရီးသွားအာမခံ

Tour's Location

ရန်ကုန် - ပုဂံ - ညောင်ဉီး - ပုပ္ပါး

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 500,000 MMK

Inquiry



    You might also like