from 0 review
2D 1N
Specific Tour
1 person
English, Myanmar
မြို့ပြရဲ့ မွန်းကြပ်မှုကနေ ခဏတာရုန်းထွက်ဖို့အတွက်အကောင်းဆုံးဖြစ်ပြီး ရန်ကုန်မြို့နဲ့ အနီးဆုံးနေရာလေးဖြစ်တဲ့ သန်လျင်မြို့ရဲ့ ကြယ်လေးပွင့်အဆင့်ရှိ Super Thilawa Hotel လေးမှာ Staycation လုပ်ဖို့အတွက် Oway က စီစဉ်ပေးလိုက်ပါရစေ ခင်ဗျာ။ Staycation သွားရင်း Super Thilawa Hotel မှာ စုံလင်လှတဲ့ Facilities & Activities များ နဲ့ Chill & Relax လုပ်နိုင်မယ့်အပြင် သန်လျင်မြို့ရဲ့ စိတ်ဝင်စားဖွယ်ရာ ယဥ်ကျေးအမွေနှစ်များနဲ့ ဘာသာရေးဆိုင်ရာ အထင်ကရ နေရာတွေကိုပါ သီးသန့် Tour Grade ကားနဲ့ လည်ပတ်ဖို့ စီစဉ်ပေးထားတာဖြစ်လို့ စိတ်ဝင်စားတဲ့ ဧည့်သည်တော်များအနေနဲ့ Oway ကို ဖုန်းလေးတစ်ချက်သာ ခေါ်လိုက်ပါနော်။
Super Thilawa Hotel တွင် check-in ပြုလုပ်ခြင်း
နေ့ခင်း ၀၂း၀၀ ခန့် တွင် ဟိုတယိ check-in ပြုလုပ် ပါမည်။ Thilawa Hotel သည် အပမ်းဖြေအနားယူရန် အလွန်အဆင်ပြေ လူကြိုက်များသော ဟိုတယ်ဖြစ်ပြီး ကြယ်လေးပွင့် ဟိုတယ်ကြီး ဖြစ်ပါတယ်။ check-in ပြုလုပ် ပြီးနောက် –
တနေကုန် လည်ပတ်ပြီး နောက် ညောင်းညာ နေသမျှ ကို အနားယူရင်း အနှိပ်ခံ ရန် ဟိုတယ်ရှိ SPA တွင် Foot Massage ဝန်ဆောင်မှူ ကို အခမဲ့ ရယူလိုက်ပါ။
ဂျပန် ရိုးရာ ရေပူစိမ် ခြင်းသည် ညောင်းညာကိုက်ခဲ မှုများ ကို သက်သာ ပျောက်ကင်း စေနိုင်သော အကျိူးကျေးဇူးများ ရရှိ စေပါသည်။ ကြိုတင် Booking တင်ခြင်းဖြင့် အခမဲ့ နာရီဝက် ရယူနိုင်ပါသည်။
Japan နိုင်ငံရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ ဂျပန် အရက်လေးတွေကို မြည်းစမ်းကြည့်လို့ရအောင် Lobby SH Bar မှာ Welcome အနေနဲ့ Japan Nihon Shu or Umeshu – 2 cups (can choose) ကို Free Try ကြည့်လိုက်ပါ။
အစားအသောက်လေးတွေ နွှေးတာ ချက်ပြုတ်တာ မျိုးလေးတွေ လုပ်ချင်တယ်ဆိုရင်တော့ Common Kitchen မှာချက်လို့ ရပါတယ်။
ဟိုတယ်တွင် အပမ်းဖြေ ရယူနိုင်သည့် ဝန်ဆောင်မှုများ
နာတာရှည် နာကျင်ကိုက်ခဲမှုကိုလျော့ပါးစေခြင်းအတွက် Traditional Massage ,Oil Care Massage နဲ့ Shampooing Services, Body Spa စတဲ့ Services လေးလည်း ရှိပါတယ်။
· Shuttle Service Back to Yangon ရန်ကုန် သို့ ပြန်မည့် နေ့အတွက် Shuttle Bus စီးနင်း ဖို့ရန် ကားထွက် မည့်အချိန် ၊ နေရာ နှင့် စာရင်းပေးသွင်း ခြင်းတို့ကို Reception တွင် ညတည်းက ကြိုတင်ပြုလုပ်ထား ရန် လိုအပ်ပါမည်။
Hotel Name | No of Person | Prices per person in MMK (TWIN OR Double SHARING ROOM) |
---|---|---|
Super Hotel Thilawa (Twin or Double Room) | 2 Pax | 199,00 |
4 Pax | 150,000 | |
5 Pax | 145,000 | |
6 Pax | 130,000 | |
7 Pax | 125,000 | |
8 Pax | 120,000 | |
9 Pax | 115,000 | |
10 Pax | 105,000 |
နံနက် ၀၇း၃၀ အချိန် ခန့်တွင် လူကြီး မင်းတို့ အိမ်ရှေ့ အရောက် လာကြိုပြီးနောက် သန်လျင်သို့ စတင်ထွက်ခွာပါမည်။ Super Thilawa Hotel တွင် Check-in မဝင်မီ သန်လျင်မြို့ တွင် Sightseeing လည်ပတ် ပါမည်။
နံနက် ၀၈း၃၀ အချိန် ခန့်တွင် နှစ်ပေါင်း ၃၀၀ နီးနီး သက်တမ်း ရှိပြီ ဖြစ်သော မြန်မာနိုင်ငံ တွင် ရှေးအကျဆုံး ပေါ်တူဂီ ခရစ်ယာန် ဘုရားကျောင်း ဖြစ်သည့် ရှေးဟောင်း အမွေနှစ်အဆောက်အုံသို့ သွားရောက်လေ့လာ ပါမည်။
နံနက် ၀၉း၃၀ အချိန် ခန့်တွင် ကျောက်တန်းရေလယ်ဘုရား (သို့) ကျိုက်မှော်ဝန်းရေလယ်စေတီတော် သည် မြန်မာနိုင်ငံ အထင်ကရ ဘုရားဖူး များသွားရာ နေရာဖြစ်ပါသည်။ ရေလယ်ကျွန်း သို့ လှေဖြင့် ကူးလူး သွားလာ သည့် စိတ်လှုပ်ရှားစရာကောင်းသော အတွေ့ကြုံသစ် ကိုခံစားနိုင်မှာ ဖြစ်ပါသည်။ လှေငှားသည့် ကုန်ကျ စရိတ်မှာ မိမိ အစီစဉ်ဖြင့်သာ ဖြစ်ပါသည်။
နံနက် ၁၁း၀၀ အချိန် ခန့်တွင် နောက်ထပ် အထင်ကရ ဘုရားတစ်ဆူ ဖြစ်သော ရှေးဟောင်း ကျိုက်ခေါက်စေတီတော်မြတ် သို့သွားရောက် ဖူးမျှော် ပါမည်။
နံနက် ၁၂း၃၀ အချိန် ခန့်တွင် ပီလခတ် ဟိန္ဒူဘုရားကျောင်း သည်လည်း အထင်ကရ နေရာ တစ်ခုဖြစ်ပြီး ဆုတောင်းပြည့်သည် ဟုလည်း ထင်ပေါ်ကျော်ကြား သောကြောင့် လာရောက် လည်ပတ်သူများ နှင့် စီကားလျက် ရှိပါသည်။
Leave a reply