from 121,500 MMK
Inquiry

Hpa-An Rainy Retreat Package

Hpa-An
0/5
Duration

3D 2N

Tour Type

Daily Tour

Group Size

1 person

Languages

English, Myanmar

Overview

ရန်ကုန် – ဘားအံ – ရန်ကုန်

၂ ညအိပ် ၃ ရက် (သို့) ၃ ညအိပ် ၄ ရက် ခရီးစဉ်

Free and Easy Package (Hotel and Bus Ticket Only)

မြန်မာနိုင်ငံရဲ့ Switzerland လို့တင်စားရတဲ့ ထိ ရင်သပ်ရှုမောဖွယ်ရာ အလှတရားတို့တည်ရှိရာ ဘားအံရဲ့အလှဆုံးHidden Gems လေးတွေကို OWAY ၏ ခရီးစဉ်ဖြင့် လည်ပတ်ရင်း အမိုက်စား ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးဖန်တီးလို့ ရမယ့် Hpa-An Rainy Retreat Package နဲ့ လည်ပတ်ကြရအောင်။

 

 

Payment Terms & Conditions:

  • · ခရီးစဥ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန် တွင် ၅၀% ပေးချေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဥ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဥ် ထွက်ခွာမည့်ရက်မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဥ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဥ်ထားသောခရီးစဥ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍
  • ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာ တစ်စုံတစ်ခုကြောင့် ခရီးစဥ်ပြောင်းလဲပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့်ရှိစေရပါမည်။

Highlights

  • Hpaan Hide Out ဆိုင်လေး
  • ဉီးထုပ်ကြီးနဲ့ အရမ်းလှတဲ့ My Hat Restaurant
  • Vintageဆန်ဆန်Verenda Cafeလေး
  • ဓာတ်ဖမ်းလို့အရမ်းမိုက်တဲ့ Two Coins Café

Itinerary

Day-1 ရန်ကုန် - ဘားအံ ( -/ -/ -)

နံနက်ကားဖြင့် (Day Bus) နံနက် (၀၉:၀၀ နာရီ) အချိန်ခန့်တွင် ရန်ကုန်အောင်မင်္ဂလာကားကွင်းမှ ဘားအံမြို့ သို့ VIP Express Bus ဖြင့် ခရီးစတင်ထွက်ခွာပါမည်။ နေ့လည်စာကို လမ်းခရီးတွင်ရှိသော ဒေသစားသောက်ဆိုင်တွင်(မိမိ ကိုယ်အသုံးစားရိတ်ဖြင့်) သုံးဆောင်ပြီးနောက် VIP Express Bus ကားဖြင့် ဘားအံမြို့သို့ ခရီးဆက်ပါမည်။ ညနေပိုင်းတွင် ဘားအံမြို့သို့ရောက်ရှိပြီးနောက် မိမိ ကိုယ်ပိုင်အစီစဉ်ဖြင့် ကားဂိတ်မှ ဟိုတယ်သို့သွားရောက်ပြီး ဟိုတယ်တွင် Check-in ဝင်ပါမည်။ Check-in ဝင်ပြီးနောက် ဧည့်သည်တော်များစိတ်ကြိုက် မိမိတို့၏ကိုယ်ပိုင်အစီစဉ်ဖြင့် ပျော်ရွှင်စွာလည်ပတ် ကုန်ဆုံးနိုင်မည်ဖြစ်ပါသည်။ ဒေသစားသောက်ဆိုင်တွင်(မိမိ၏ကိုယ်ပိုင်အသုံးစားရိတ်ဖြင့်)နေ့လည်စာ သုံးဆောင် နိုင်ပါသည်။ ညစာကို ဘားအံညဈေးရှိ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ကိုယ်ပိုင်အသုံးစားရိတ်ဖြင့်) သုံးဆောင်ပြီးဟိုတယ်သို့ပြန်ကာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။  


ဘားအံ တွင် ဧည့်သည်တော်များ ပြုလုပ်ရန် အကြံပြုချက်များ (မိမိတို့၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်)


ပိတ်ရက်တွေမှာဘားအံလာလည်ချင်သူတွေအတွက်အချိန်(၂)ရက်တည်းနဲ့ဘားအံကိုဘယ်လိုစုံအောင်လည်မလဲဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်။ ဘားအံကလည်စရာများသလို ၊ လည်မယ့်နေရာနဲ့ activity ပေါ်မူတည်ပြီး ရက်ပိုကြာနိုင်ပါတယ်။


အချိန်မရတဲ့ဧည့်သည်များအနေနဲ့Hotel Check-inဝင်ပြီးတာနဲ့ သံလွင်မြစ်အနောက်ဖက်ကမ်းမှာရှိတဲ့နေရာတွေကို အရင် သွားလည်လိုက်ကြရအောင်  


 


၁။ ကော့ဂွန်းဂူ


သံလွင်မြစ်တစ်ဘက်ကမ်း ကို တံတားနဲ့ဖြတ်ကူးပြီး လည်ကြရတဲ့ ဂူတစ်ဂူ ဖြစ်ပါသည်။ ကော့ဂွန်းဂူ မှာ ကော့ဂွန်းကျေးရွာအနီး ကော့ဂွန်းတောင်ရှိ ထုံးကျောက်သဘာဝလိုဏ်ဂူတစ်ခု ဖြစ်ပါသည်။ မြင့်မားလှတဲ့ ကျောက်နံရံကြီးပေါ်မှာ အုတ်ခွက်ဘုရားအဆူဆူကို သပ္ပါယ်လွန်းစွာ ဖူးမြင်ကြရသလို၊ လိုဏ်ဂူကြီးအတွင်းမှာလည်း အုတ်ခွက်ဘုရားအဆူဆူကို နံရံ၊မျက်နှာကျက်တွေပေါ်မှာ ဖူးတွေ့ကြရမှာဖြစ်ပါသည်။ အချိန်ကာလရွေ့လျားတိုက်စားလို့ အပျက်အစီးရှိလာတဲ့ အုတ်ခွက်ဘုရားအဆူများကို ယခင်ကဖြင့် ဘိလပ်မြေနဲ့ ကိုင်ပြီး ပြန်ကပ်ဖို့ ကြိုးစားခဲ့ကြသော်လည်း မူလနည်းပညာကို မမီနိုင်သောကြောင့် ပြန်လည်ကွာကျနေတာတွေကို မြင်တွေ့ရမှာဖြစ်ပါသည်။ မူလအုတ်ခွက်ဘုရားတွေ စီတဲ့ပညာမှာ အတော် လေးနက်ကြောင်း ပိုနားလည်နိုင်ပါသည်။ ဒီအရပ်ဒေသ၏ ဖြစ်တည်မှုကို လေ့လာနိုင်သည့် ကျောက်စာ၊ မင်စာတွေကိုလည်း မြင်တွေ့ရနိုင်သလို၊ ယခင်ခေတ်ကာလကိုထင်ဟပ်စေသည့် ဆင်းတု၊ ရုပ်တုအမျိုးမျိုးကိုလည်း ထိန်းသိမ်းပြသထားသည် ကို လေ့လာတွေ့ရှိ နိုင်ပါသည်။ ၎င်းရုပ်ထုများထဲတွင် ဟိန္ဒူအယူဝါဒဆိုင်ရာ ရုပ်ထုများလည်း မြင်တွေ့ရသောကြောင့် သမိုင်းလေ့လာလိုသူတွေအတွက်လည်း အတော်သဘောကျစရာ ဖြစ်ပါသည်။ ထို့အပြင် အလွန်ရှေးကျပြီး(၇) ရာစုလောက်ကဟု ယူဆသော ဂဝံ ကျောက်ရုပ်ထုချပ် (၃) ချပ်ကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။ ယခုကော့ဂွန်းဂူ မှာ မုတ္တမမိဖုရားကြီး ရဲ့ ဝဋ်ကြွေးတွေ ကျေစေဖို့ ဆုတောင်းနဲ့ ထုလုပ်ထားတဲ့ အကြွေးကြေဘုရား ကိုလည်း လူအများ လာရောက်ဆုတောင်းလေ့ရှိပါတယ်။  


 


၂။ ရသေ့ပျံဂူ


ဟိုရှေးယခင်က ဂူထဲကနေ ရသေ့တပါးပျံတက်သွားလို့ “ရသေ့ပျံဂူ” ဟုခေါ်ကြပါသည်။ ရသေ့ပျံတက်သွားတဲ့ ဂူပေါက်လေးလို့ အဆိုပြုကြသော နေရာလည်းရှိပါသည်။ ဂူတွင် အရှေ့ပေါက် နဲ့ အနောက်ပေါက် ဆိုပြီး နှစ်ပေါက်ရှိပါသည်။ ဂူအရှေ့ပေါက်မှာ ကားရပ်ပြီး အုတ်လှေကားဖြင့်တက်၍ ဂူထဲကဘုရားတွေဖူး၊ ကျောက်စက်ပန်းဆွဲတွေကြည့်ပြီး အနောက်ဖက်အပေါက်ကနေပြန်ထွက်ရင် View point ကြည့်သော သံလှေကားနေရာကိုတန်းရောက်ပါသည်။ View point ကနေ မြင်ရတဲ့ မြင်ကွင်းက တော်တော်လေးလှလို့ အမောပြေစေမှာပါ။ View point ကနေ သံလှေကားအတိုင်းဆင်းသွားပါက စက်လှေဆိပ်/ အာလဝံအင်းကိုရောက်ပါသည်။ စက်လှေဖြင့် တောင်ကိုတစ်ပါတ်ပါတ်ပြီး ဂူအရှေ့ဘက်ကိုပြန်လာလို့ ရပါသည်။ မျောက်ကလေးတွေလည်း အများကြီးရှိတဲ့အတွက် မျောက်စာလည်း ကျွေးလို့ရပါသည်။ တစ်နေရာထဲနဲ့ ဂူရော၊ တောင်ရော၊ ရေရောရှိပြီး Sunset ကြည့်တာ စက်လှေစီးတာတွေပါလုပ်လို့ရတဲ့ ရသေ့ပျံဂူကို လည်ပတ်ကြပါမည်။  


 


၃။ သဘာဝရေလှိုဏ်ဂူ


သဘာဝရေလှိုဏ်ဂူ ကိုသွားမယ်ဆိုရင် သံလွင်အနောက်ခြမ်း သံလွင်တံတားကနေ ဖြတ်ပြီး ဘားကပ်ရွာလည်လမ်းကနေ တည့်တည့်ဝင်သွားရပါသည်။ သဘာဝရေလှိုင်ဂူ မှာ ရသေ့ပျံဂူ အနီးတွင်တည် ရှိပါသည်။ ဂူထဲကို လှေစီးသွားမယ်ဆိုရင် လှေဆိပ်မှာ life Jacket နဲ့ ခမောက်လေးတွေယူဆောင်ဖို့ မမေ့စေလိုပါ။၊ ခမောက်ကတော့ ဂူထဲမရောက်ခင် သွားရာလမ်းမှာ နေပူရင် စောင်းဖို့ဖြစ်ပါသည်။ ရေလှိုဏ်ဂူ ထဲရောက်သွားပြီ ဆိုတာနဲ့ ဂူထဲမှာ တော့ အလင်းရောင်မရှိပဲ မှောင်နေပါလို့ လှေထဲ မှာ ဓာတ်မီးတွေ ထားပေးထားပါသည်။ ဂူ ထဲလည်ပတ်ချိန်မှာ နာရီဝက် ဝန်းကျင်ခန့်ရှိပါသည်။  


 


၄။ လင်းနို့ဂူ


ဘားအံမြို့ဘက်ကနေလာလျှင် သံလွင်တံတား ဆင်းပြီးပြီး ခြင်း၊ တိုးဂိတ်မရောက်ခင် ညာဖက်တွင် လမ်းခွဲလေးတစ်ခု ရှိပါသည်။ လမ်းခွဲလေးအတိုင်း သွားလိုက်ရင် လမ်းအဆုံးမှာ လင်းနို့ဂူနဲ့ ကမ်းနားလမ်း View Point ကို ရောက်ရှိပါပြီ။ အရင်တုန်းကတော့ နိုင်ငံခြားသားတွေ ညနေ နေဝင်ခါနီးအချိန်မှာ လင်းနို့တွေ ထောင်သောင်းချီပြီး ဂူထဲကထွက်လာတဲ့အလှကို လာရောက် ကြည့်ရှုခံစားကြတဲ့ နေရာတစ်ခုဖြစ်ပါသည်။  


 


၅။ ညဈေးတန်း


ညနေစာကို ဘားအံ ညဈေးတန်းက ကရင်တောထမင်းဟင်း နဲ့ ပြီးစုံတဲ့ နေ့တစ်နေ့ကို ကုန်ဆုံးကြပါမည်။


 


အကြံပြုချက်။ ။ နောက်နေ့ နံနက်စောစော တောင်ဝိုင်းတက်ရန် ယနေ့တည်းက ဟိုတယ်ကို Breakfast Box နံနက်စာထမင်းဘူး ပြင်ပေးဖို့ ကြိုတင်မှာယူထားဖို့လိုအပ်ပါမည်။ မိမိအစီစဉ်ဖြင့် တောင်ဝိုင်းတောင် သို့ နံနက်စောစော သွားရောက်ရန် ကားကို လည်း ကြိုတင်စီစဉ်ထားရန်လိုအပ်ပါမည်။

Day-2 ဘားအံ (နံနက်စာ/ -/ - )

နောက်နေ့ နံနက်စောစောထပြီး (၄:၃၀) ဟိုတယ်မှ တောင်ဝိုင်းတောင်တက်ရန် မိမိ အစီစဉ်ဖြင့် ထွက်ခွာပါမည်။ လည်ပတ်ခြင်းအတွက် ဧည့်သည်တော်များစိတ်ကြိုက် တစ်နေ့တာအား မိမိတို့၏ ကိုယ်ပိုင်အစီစဉ်ဖြင့် ပျော်ရွှင်စွာလည်ပတ်ကုန်ဆုံးနိုင်မည်ဖြစ်ပါသည်။ ဒေသစားသောက်ဆိုင်တွင်(မိမိ၏ကိုယ်ပိုင်အသုံးစားရိတ်ဖြင့်) နေ့လည်စာသုံးဆောင်နိုင်ပါသည်။ ညစာကိုဘားအံရှိဒေသစားသောက်ဆိုင်တွင်(မိမိ၏ကိုယ်ပိုင်အသုံးစားရိတ်ဖြင့်) သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။


ဘားအံ တွင် ဧည့်သည်တော်များ ပြုလုပ်ရန် အကြံပြုချက်များ (မိမိတို့၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်)  


 


၆။ တောင်ဝိုင်းတောင်


တောင်ဝိုင်းတောင်ကို လည်ပတ်ဖို့အကောင်းဆုံးအချိန်မှာ နေထွက်ချိန် ဖြစ်ပါသည်။ မိုးရာသီတွင် တိမ်ပင်လယ်ဖြစ်တတ်ပြီး ဘားအံ ရဲ့ စိမ်းစိုမြူဆိုင်းနေသော အလှကို တောင်ဝိုင်းတောင်ထိပ်ကနေ နေထွက်ချိန်နဲ့ အတူ လှပတဲ့ တနေ့တာကိုစတင်ကြပါမည်။ (နေထွက်ချိန်မှီဖို့အတွက်ကို ညတည်းက ဟိုတယ်ကနေ နေထွက်ချိန်နှင့် သွားလာရန်အချိန်တို့ကို ကြိုတင်စီစဉ်ထားဖို့အကြံပြုပါတယ်။)  


 


၇။ ကော့ကသောင်ဂူ


ဂူအတွင်း၌ ဓမ္မစကြာပုံတော်များ၊ ဓာတ်တော်ခန်း၊ ရေကန်၊ သံလမ်းတံခါး၊ ရုပ်ရှင်ပုံစံဗုဒ္ဓရုပ်ပွားများ၊ ရှေးအုပ်ဆရာတော်များထိုင်သုံးသော ဂူငယ်များနှင့် ပုံပြင်ဆန်သည့် ကြာပွင့်စသည်ဖြင့် မြင်တွေ့နိုင်ပါသည်။ ဂူပေါက်အကျယ် ၄၀ ပေအနံ၊ အရှည် ၆၅ ပေရှိပြီး အတွင်းတွင် အလင်းမလုံလောက်သောကြောင့် ဓါတ်မီး ယူဆောင်သွားနိုင်ပါသည်။  


 


၈။ စိတ္တသုခရေကန်


ကော့ကသောင်းဂူ မှ ကြည်လင်တောက်ပနေသော စိတ္တသုခရေကန်တွင် အလှဓါတ်ပုံများရိုက်ကူးကြပါမည်။  


 


၉။ ကော့ခမိတ်တံတား


ကော့ခမိတ်တံတားဘက် တောင်viewတွေကို အနှစ်သက်ဆုံးတွေထဲက တစ်ခုဖြစ်ပါလိမ့်မည်။ နွေ၊မိုး၊ဆောင်း ၃ ရာသီလုံး အလှကိုယ်စီနဲ့လှနေသောနေရာဖြစ်ပါသည်။ ယခုချိန် မိုးစပါး တွေမှာ စိုက်နေကြပြီဆိုတော့ လယ်ကွင်းများက စိမ်းစိုပြီး အလှဓါတ်ပုံများဖန်တီးကြပါမည်။  


 


၁၀။ ဆန္ဒန်ဂူ


ဘားအံ ရှိ သဘာဝ ထုံးကျောက်ဂူများအနက်မှ အကြီးဆုံး ဂူတစ်ဂူဖြစ်ပြီး ဂူထဲတွင် ကျောက်ထွင်းအုတ်ခွက်ဘုရားများကိုလည်းလေ့လာတွေ့ရှိရမှာဖြစ်ပါသည်။ ဆန္ဒန်ဂူတွင် လှေစီးဖို့ကို တိုက်တွန်းလိုပါသည်။  


 


၁၁။ ထွန့်ပတိုင်ရေကန်


နက်မှောင် နေသောတောင်ကြီးကို နောက်ခံထားပြီး ကျောက်စိမ်းရောင် တလက်လက် တောက်ပနေသည့် ရေကန်ပေါ်တွင် ဝါးတံတား ငယ်လေးတစ်ခုထိုးထားပြီး ထိုတံတား လေးပေါ်မှ ဓာတ်ပုံရိုက်ကူးကြရပါသည်။ ရိုးရိုးရှင်းရှင်းလေး လှပစွာ ဆွဲဆောင်ထားတဲ့ ထွန့်ပတိုင်ရေကန်၏ ပတ်ဝန်းကျင်သည်လည်း သာယာလှပါသည်။  


 


၁၂။ သစ္စာတံတား


သစ္စာတွေ ခိုင်မြဲပါတယ်ဆိုသော ထွန့်ပတိုင်ရေကန်ထက်က သစ္စာတံတား။ သစ်သားတံတားအမျိုးစားဖြစ်ပြီး ရေတက်ချိန်ဆို တံတားပေါ်တွင်ရေတင်မဟုတ်ဘဲ ငါးတွေပါကူးခတ်သွားလာနေတဲ့ကြားထဲမှ ဖြတ်သန်းသွားလာ ရသောထူးခြားတဲ့ ခံစားမှုမျိုးကိုရရှိစေမှာဖြစ်သလို ငါးလေးတွေကိုလည်း အစာကြွေးလို့ရပါတယ်။  


 


၁၃။ နောင်လုံတောင်ကြားလမ်း


ဘားအံတွင် အလှဓာတ်ပုံရိုက်လို့ကောင်းသော အလှဆုံးနေရာတွေထဲမှ နေရာတစ်ခုလည်းဖြစ်ပါသည်။ ဘားအံကို အလည်အပတ်ရောက်သူတိုင်း ဘားအံရဲ့ View Point တစ်နေရာဖြစ်တဲ့ နောင်လုံတောင်ကြား View Point မှာ အလှဓာတ်ပုံရိုက်ဖို့ photo stop လုပ်ကြပါသည်။  


 


၁၄။ ကျိုက္ကဝိရွာ (ဖိုးတစ်ခေတ်ရွာ)


ဘားအံမြို့ ဒုံရင်းရေတံခွန်နားမှာရှိသော ကျိုက္ကဝိရွာထဲမှ စေတီဖြူဖြူတွေဆီသွားလည်ကြပါမည်။ လမ်းမကြီးဘေးမှာ ဆိုသော်လည်း ဆူညံမှုတွေ မရှိပဲ အေးချမ်းသောရွာလေးဖြစ်ပြီး သက်သတ်လွတ်စားကြသော ရွာလေးလည်းဖြစ်ပါသည်။ ကရင်ရိုးရာဝတ်စုံအများဆုံးဝတ်ကြသော ကရင်တိုင်းရင်းသားတွေ နေထိုင်သည့် ရွာလေးဖြစ်လို့ ခရီးသွားအများအပြား စိတ်ဝင်စားရာနေရာတစ်ခုဖြစ်ပါသည်။  


 


၁၅။ လုံမ္မနီဥယျဉ် (ဇွဲကပင်တောင်ခြေ)


ဇွဲကပင်တောင်ခြေရှိ လုံမ္မနီဥယျာဉ်တွင် ဘုရားဖူး ဓါတ်ပုံရိုက်ရုံလို့ရသည့်အပြင် ပျော်စရာ Cable လည်းစီးလို့ရပါသေးသည်။  


 


၁၆။ ကျောက်ကလပ်စေတီ သာမညဆရာတော်ဘုရားကြီး အဓိဌာန်အောင်မြေတွင်တည်ထားသော ကျောက်ကလပ်စေတီတော်၏ နေရာသည် ဝန်းဝိုင်းသောကန်ကြီး၏ အလယ်ခေါင်တွင် ကျွန်းကလေးသဖွယ် တည်ရှိ၍ ကျောက်ကလပ် စေတီတော် သို့ တံတားဖြင့်သွားရပါသည်။ ကျာက်ကလပ်‌စေတီ‌တော်ပေါ်တွင် ပရိတ်ကြိုးများ လည်းပေးပါသည်။ စေတီတော်သို့ လာရောက်ကြသော ဘုရားဖူးများကို သက်သက်လွတ်ထမင်းနှင့် ဟင်းများကိုလည်း နေ့စဉ်ကျွေးမွေးလျက် ရှိပါသည်။  


 


၁၇။ ကန်သာယာတံတား


ဘားအံ၏ အသည်းနှလုံးနေရာတခုဖြစ်သည့် ကျောက်ကလပ် စေတီတည်ရှိရာ ကန်ရေပြင်ထက်က ကန်သာယာတံတား ကိုလည်း လည်ပတ်ကြပါမည်။  


 


ယခုဆိုရင်ဖြင့် ဘားအံကို နှစ်ရက်တည်းနဲ့ တော်တော်စုံစုံလေးကိုရောက်ပါပြီ။ ဇွဲကပင် နဲ့ ကြာအင်းတောင် တက်ချင်တာမျိုးဆိုရင်တော့ အချိန်နေ့တစ်ဝက်အနည်းဆုံးပေးပြီး လည်ဖို့လိုပါမည်။


နောက်နေ့ နံနက်စောစော တောင်ဝိုင်းတက်ရန် ယနေ့တည်းက ဟိုတယ်ကို Breakfast Box နံနက်စာထမင်းဘူး ပြင်ပေးဖို့ ကြိုတင်မှာယူထားဖို့လိုအပ်ပါမည်။ မိမိအစီစဉ်ဖြင့် တောင်ဝိုင်းတောင် သို့ နံနက်စောစော သွားရောက်ရန် ကားကို လည်း ကြိုတင်စီစဉ်ထားရန်လိုအပ်ပါမည်။

Day-3 ဘားအံ (နံနက်စာ/ -/ - )

နောက်နေ့ နံနက်စောစောထပြီး (၄:၃၀) ဟိုတယ်မှ တောင်ဝိုင်းတောင်တက်ရန် မိမိ အစီစဉ်ဖြင့် ထွက်ခွာပါမည်။  


၁၈။ ကြာအင်းတောင်


ကြာအင်းတောင်သည် ဘားအံမှာ တက်ရအလွယ်ဆုံးတောင်တစ်ခုဖြစ်ပြီး အမြင့်ပေ(၁၁၀၀) ခန့်မြင့်ပါသည်။တောင်ထိပ်ကနေ ဇွဲကပင်တောင်ကြီးကို နီးနီးကပ်ကပ်မြင်ရပြီး viewလည်း အရမ်းလှပါသည်။ တောင်ထိပ်နားအထိကွန်ကရစ်ကားလမ်းဖောက်ထားလို့ကားနဲ့ပဲတက်တက်၊လမ်းပဲလျှောက်တက်တက်အဆင်ပြေပါသည်။ကားလမ်းအဆုံးမှာတော့ လှေခါးထစ်၄၁၃ထစ်ကို တက်ရပါမည်။ တောင်ထိပ်နားရောက်ခါနီးမှာ မိုးဖွဲဖွဲလေးပဲကျတော့ပြီး တိမ်တွေစထွက်လာပါလိမ့်မည်။  


 


၁၉။ နောင်ခရိုင်ဂူ


ဘားအံက နောင်ခရိုင်ဂူတွင် ယခုလို မိုးတွင်းဆိုရင် ရေတွေပြည့်ပြီး အရမ်းလှနေပါပြီ။ ဘားအံကတော့ ဘားအံပီသစွာ မိုးများလေပိုလှလာလေပါ။ ဒီနောင်ခရိုင်ရေဂူကိုသွားဖို့အကောင်းဆုံးအချိန်ကတော့ ဇွဲကပင်တောင်တက်ပြီးပြန်ဆင်းတဲ့အချိန်ဖြစ်ပါသည်။ နောင်ခရိုင်ဂူ ကို မနက်ပိုင်းသွားလည်ခြင်းဖြင့် လူလည်းရှင်းပြီး ရေလည်းကြည်နေလို့ ဓါတ်ဖမ်းဖို့ ကောင်းဆုံးအချိန်ဖြစ်ပါသည်။   


လည်ပတ်ပြီးနောက် ဟိုတယ်သို့ ပြန်လာပြီး Check-out ပြုလုပ်ပါမည်။ Check-out ပြုလုပ်ပြီးနောက် မိမိအစီစဉ်ဖြင့် နေ့ခင်းစာ သုံးဆောင်ပြီး ကားဂိတ်သို့ သတ်မှတ်ထားသည့်အချိန်တိုင်း သွားရောက်ကာ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ လမ်းခရီးတွင် မိမိအစီစဉ်ဖြင့် ညနေစာသုံးဆောင်ပြီး ရန်ကုန်သို့ ညပိုင်းတွင်ပြန်လည်ရောက်၇ှိလာပြီး ပျော်ရွှင်ဖွယ်ခရီးစဉ်လေး ပြီးဆုံးပါပြီ။  


(၃)ရက်နေတဲ့ဧည့်သည်များအနေနဲ့ တတိယနေ့မှာမှ ဇွဲကပင်တောင်ကို တက်ရောက် ကြပါမည်။  


 


၂၀။ Mount Zwekabin ဇွဲကပင်တောင်


ဇွဲကပင်တောင်ကို မနက်စောစောတက်ခြင်းဖြင့် ယခုလိုမြင်ကွင်းလေးတွေကို တွေ့မြင်ခံစားနိုင်ပါမည်။ အကောင်းဆုံးအချိန်မှာ နံနက် (၄)နာရီခွဲလောက် တောင်ခြေအရောက်သွားပြီးတက်တာပါ။ နံနက် ၅ နာရီလောက်ဆို မိုးစလင်းပြီမို့ စိတ်ပူစရာမလို ၊ ရာသီဥတုကလည်း နံနက်ပိုင်းဆို ချမ်းစိမ့်စိမ့်လေးနဲ့ တောင်ပေါ်တက်နေရင်းတောင်တွေကြားထဲက၏တိမ်တွေတလှိမ့်လှိမ့်တက်လာတာကိုမြင်ရသည်မှာ တကယ် မမေ့နိုင်ဖွယ် အမှတ်တရတွေကို ပေးနိုင်ပါလိမ့်မည်။                  


 


၂၁။ ရွှေယင်မျှော်


ရွှေယင်မျှော်ဘုရားကြီးသည် သီရိဓမ္မာသောကမင်း၏ ကောင်းမှုတော် တစ်ခုဖြစ်သည်ဟုယူဆကြပါသည်။ သီရိဓမ္မာသောကမင်းသည် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် အရှင်ယောနကမထေရ်နှင့် မထေရ်ကြီးများနှင့် သာသနာထွန်းကားစေရန် တိုင်းခန်းလှည့်ခဲ့ရာ စေတီတော်ကြီးတည်ထားရမည့်နေရာသို့ ရောက်စဉ် မင်းကြီးပင့်ဆောင်လာသော ဓာတ်တော်မွေတော်များသည် မြတ်စွာဘုရားရှင်တော်မြတ် နှစ်ဆူသဏ္ဌာန် တန်းခိုးတော်ပြတော်မူ၍ ကောင်းကင်မှ သက်ဆင်းလာပြီး အရှေ့အရပ်သို့မျက်နှာတော်မူလျှက် လူနတ်ဗြဟ္မာတို့၏ အပူဇော်ခဲ့သည်ဟု အဆိုရှိခဲ့သည်။ မင်းကြီးသည် မြတ်စွာဘုရားညွှန်သောနေရာတွင် တည်ထားခဲ့သော ရွှေယင်မျှော်ဘုရားအား လည်ပတ်ဖူးမျှော်ကြပါမည်။

Included/Excluded

  • ရန်ကုန် - ဘားအံ - ရန်ကုန် VIP Bus Tickets
  • AZURE Hpa-an ဟိုတယ် တွင် (၂ ယောက်ခန်း သို့ ၃ ယောက်ခန်း) ဖြင့် သက်ဆိုင်ရာ ညတာ အလိုက် တည်းခိုခွင့် (မနက်စာပါဝင်ပြီး)
  • ဘားအံ တွင် လည်ပတ်ခြင်းအတွက် သယ်ယူပို့ဆောင်ရေး ယာဥ်အားလုံး(ကား/လှေ/မြင်းလှည်း/Bike/မီးပုံးပျံ စီးခြင်းetc.)
  • နေ့လည်စာနှင့် ညစာများ
  • Tour Guide ဧည့်လမ်းညွှန်
  • ခရီးစဥ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ
  • ခရီးစဥ်တစ်လျှောက် အစားအသောက်ဝန်ဆောင်မှု
  • နေ့စဥ် ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • Driver Tipping

Tour's Location

Hpa-An

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 121,500 MMK

Inquiry





    You might also like