from 0 review
8D 7N
Specific Tour
1 person
English, Myanmar
မြေမြတ်မဟာ ဗုဒ္ဓဂယာ (၇) ညအိပ် (၈) ရက်ဘုရားဖူးခရီးစဉ်
အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၆) ရက်နေ့အထိ
နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၁) ရက်နေ့အထိ
ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၆) ရက်နေ့အထိ
ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၉) ရက်နေ့အထိ
တစ်ဦးလျှင်ဈေးနှုန်း
· အမေရိကန်ဒေါ်လာ ၉၃၀ (ဘုန်းကြီးကျောင်းများတွင် တစ်ခန်းလျှင် ၃ ယောက်၊ ၄ ယောက်၊ ၅ ယောက်နှုန်းဖြင့်)

အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန်လိုအပ်ချက်များ
အပြန်လေယာဉ်ပေါ်တွင် ဝန်ပိုသယ်ဆောင်ခြင်းနှင့် ပတ်သက်၍ သိသင့်သည့် အချက်အလက် များ
အထူးသတိပေးချက်
ဆောင်ရန် / ရှောင်ရန်
ဖုန်း Sim Card အသုံးပြုနည်း
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှု အခြေအနေများ စသည့် အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ထွက်ခွာမည့်ရက်နှင့် ခရီးစဉ်ဈေးနှုန်းများ အပြောင်းအလဲရှိ နိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Oway ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ မှ ခရီးစဉ်အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် လေယာဉ်ဖြင့် စတင်ထွက်ခွာပါမည်။ (ပျံသန်းချိန် ၂ နာရီခန့် ကြာမြင့်ပါမည်။) ထို့နောက် ညနေပိုင်းတွင် ဂယာမြို့သို့ ဆိုက်ရောက်ပါမည်။ ညနေပိုင်းတွင် မြတ်စွာဘုရား ဒုက္ကရစရိယာကျင့်တော်မူသောနေရာ၊ သုဇာတာအိမ်ကုန်းမြေ၊ ဂနာနို့ဆွမ်းကပ်ရာ နေရာ၊ ရွှေခွက်မျှောသောနေရာ၊ မြက်ရှစ်ဆုပ်လှူ ဒါန်းသောနေရာများသို့ လိုက်လံပို့ဆောင်ပေး ပါမည်။ ထို့နောက် အဖွဲ့မှစီစဉ်ပေးသော ကြာသင်္ကန်းကို ဘူမိဖဿဘုရားကြီးတွင် ကပ်လှူပူဇော်၍ သတ္တဌာန (၇) ဌာနကို ဖူးမြှော်ကြည်ညိုကြပါမည်။ ပြီးနောက် ဗုဒ္ဓဂယာရှိ (ရာမညဘူမိမွန်ကျောင်း) မြန်မာဘုန်းတော်ကြီး ကျောင်းတွင် ညစာသုံးဆောင်ကာ အိပ်စက်အနားယူကြပါမည်။
မြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ဗာရာဏသီသို့ ခရီးဆက်လက် ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင် ဗာရာဏသီမြို့သို့ရောက်ရှိပြီး နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ချောက်ခဏ္ဏီစေတီ၊ မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဦးဟောရာ ဓမ္မေခစေတီနှင့် မူလဂန္ဓကုဋီတိုက်တို့ကို သွားရောက်ဖူးမြော်ကြပါမည်။ ပြီးနောက် မြန်မာဘုန်းတော်ကြီးကျောင်းသို့ပြန်လာကာ ညစာသုံးဆောင်ပြီးနောက် ဆေးဝင်္ကပါမြန်မာကျောင်းတွင် အိပ်စက် အနားယူပါမည်။
မြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ဗာရာဏသီမှ သာဝတ္ထိသို့ ခရီးဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာကို လမ်းခရီးရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ညနေပိုင်းတွင် သာဝတ္ထိမြို့သို့ရောက်ရှိကာ မြတ်စွာဘုရားရှင် (၂၅) ဝါတိုင်တိုင် သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်ရာအတွင်းရှိ ဇေတဝန်ကျောင်းတိုက် နေရာများ၊ ဒေဝဒတ်မြေမျိုသောနေရာ၊ အာနန္ဒာဗောဓိပင်၊ ဗုဒ္ဓရေတွင်း၊ ဂန္ဓကုဋီတိုက်နေရာတို့ကို လေ့လာပါမည်။ ထို့နောက် ကောသလမင်းကြီး၏ နန်းတော်ရာဟောင်း၊ အင်္ဂုလိမာလကျောင်းတော်နေရာတို့ကို သွားရောက်ပါ မည်။ သာဝတ္ထိမြို့ရှိ ဒိဌိများအား တန်ခိုးပြသပြီး မယ်တော်မိနတ်သားအား တရားဟောကြားရန် အတွက် တာဝတိံသာနတ်ပြည် သို့ ကြွတော်မူရာ သရက်ဖြူကုန်းတို့သို့ သွားရောက်ဖူးမြော် လေ့လာပါမည်။ ထို့နောက် မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ရောက်ရှိကာ ညစာသုံးဆောင်ပြီး (သာဝတ္ထိမြန်မာကျောင်း) တွင် အိပ်စက်အနားယူပါမည်။
မြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် နီပေါနိုင်ငံရှိ လုမ္ဗိနီသို့ ခရီးဆက်လက်ထွက်ခွာ ပါမည်။ အိန္ဒိယနှင့် နီပေါနှစ်နိုင်ငံနယ်စပ်ရှိ စွန်နောလီမြို့သို့ နေ့လည်ပိုင်းတွင် ရောက်ရှိပြီး နေ့လည်စာသုံးဆောင် ပါမည်။ ထိုမှတဆင့် နီပေါနယ်စပ်ဂိတ်တွင် ပြည်ဝင်ခွင့်ဗီဇာပြုလုပ် ဆောင်ရွက်ပြီး လုမ္ဗိနီသို့ ခရီးဆက်လက် ထွက်ခွာပါမည်။ ထို့နောက် လုမ္ဗိနီကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓဖွားမြင်ရာ အထိမ်းအမှတ်စေတီနေရာ၊ ပြတိုက်ငယ်နှင့်
ရေပူရေအေးစီးဝင်ရာကန်များကို လေ့လာဖူးမြော်ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး နီပေါရှိ (မြန်မာဘုန်းတော်ကြီးကျောင်း) တွင် အိပ်စက်အနားယူပါမည်။
မြန်မာဘုန်းကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ကုသိနာရုံသို့ ခရီးဆက်လက် ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင် ကုသိနာရုံသို့ ရောက်ရှိပြီး မြန်မာဘုန်းတော်ကြီးကျောင်း တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ခေတ္တခဏအနားယူပြီး အဖွဲ့မှစီစဉ်ပေးသော ကြာသင်္ကန်းဖြင့် မြတ်စွာဘုရားတေဇောဓာတ်လောင်ကျွမ်းရာ (အင်္ဂါရစေတီ) နှင့် နောက်ဆုံး ရေကြည်တော်သောက်သုံးရာ နေရာတို့ကို ဖူးမြော်လေ့လာနိုင်ရန် ပို့ဆောင်ပေးပါမည်။ ထို့နောက် မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပြန်လာကာ ညစာသုံးဆောင်ပြီး (ကုသိနာရုံမလ္လာရာမဝိဟာရမြန်မာ ကျောင်း) အိပ်စက်အနားယူပါမည်။
မြန်မာဘုန်းကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီး ဝေသာလီမှ ရာဇဂြိုလ်သို့ ခရီးဆက်လက် ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင် ဝေသာလီသို့ရောက်ရှိပြီး နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ဝေသာလီရှိ ဒုတိယသင်္ဂါယနာတင်ရာ နေရာ၊ လိစ္ဆဝီမင်းများ၏ ဓာတ်တော်တိုက်နှင့် လစ္ဆဝီမင်းများ ခေါင်းဆေးမင်္ဂလာပြုရာကန်တို့ကို ဖူးမြော်လည်ပတ်ပြီးနောက် ရာဇဂြိုလ်သို့ ဆက်လက်ထွက်ခွာ ပါမည်။ ရာဇဂြိုလ်သို့ ညနေပိုင်းတွင် ရောက်ရှိပြီး ညစာသုံးဆောင်ကာ (ဝေဠုဝန်ရိပ်သာကျောင်း) မြန်မာဘုန်းတော်ကြီး ကျောင်းတွင် အိပ်စက်အနားယူပါမည်။
မြန်မာဘုန်းကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ရာဇဂြိုလ်ရှိ ဝေဘာရတောင်၊ ဂျပန်ငြိမ်းချမ်းရေးစေတီ၊ ဂိဇ္ဈကုဋ်တောင်၊ ဗိမ္ဗီသာရမင်းကြီး၏ အကျဉ်းချထားခံရာ အကျဉ်းထောင်၊ အဇာတသတ်မင်းကြီး၏ ဓာတ်တော်တိုက်၊ ဆွန်ဘဏ္ဍာတိုက်၊ ရှေးခေတ်လှည်းကုန်သည်များ၏ လှည်းလမ်းကြောင်းနေရာ၊ ဆေးဆရာဇီဝက၏ သရက်ဥယျာဉ်နေရာ၊ ဝေဠုဝန်ကျောင်းတော်နေရာ နှင့် ဇာတ်နိမ့်၊ ဇာတ်မြင့် ရေချိုးသောနေရာတို့ကို သွားရောက်ပြီးနောက် နေ့လည်စာသုံးဆောင် ပါမည်။ ထို့နောက် နာလန္ဒာန်သို့
ဆက်လက်ထွက်ခွာပြီး နာလန္ဒာန်တက္ကသိုလ်ဟောင်းသို့ သွားရောက် လေ့လာပါမည်။ ထို့မှတဆင့် ဂယာသို့ ဆက်လက်ထွက်ခွာပြီး ညနေပိုင်းတွင် ဂယာမြို့သို့ရောက် ရှိကာ (ရာမညဘူမိမွန်ကျောင်း) မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာ သုံးဆောင်ပြီးနောက် အိပ်စက်အနားယူပါမည်။
မြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ဂယာရှိ ဂျပန်ကမာကူရ ဘုရားသို့ သွားရောက်ဖူးမြော်ကြပါမည်။ ထို့နောက် ရန်ကုန်အပြန်ခရီးစဉ်အတွက် လေဆိပ်သို့ပြန်လည်ပို့ ဆောင်ပေးပြီး ဂယာလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပါသည်။
Leave a reply