from 0 review
5D 4N
Daily Tour
1 person
English, Myanmar
(၄ညအိပ် ၅ရက်)
ခရီးစဉ်ထွက်ခွာမည့်ရက်
အောက်တိုဘာလမှ ၂၀၂၆ ဧပြီလအထိ
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
UAE Visit Visa Requirement:
(တစ်နေ့လျှင် ခြောက်နာရီအထိ သယ်ယူပို့ဆောင်မှု ဝန်ဆောင်မှုပါဝင်သည်။ ခြောက်နာရီအတွင်းသာ ဝန်ဆောင်မှုပြုမည်။ အင်္ဂလိပ်စကားပြောနိုင်သော လမ်းပြကြောင်းညွှန် (Guide) ဝန်ဆောင်မှုလည်း ပါဝင်သည်။ သို့သော် Desert Safari (သဲကန္တဝင်ခရီးစဉ်) အတွက် လမ်းညွှန်ဝန်ဆောင်မှု မပါဝင်ပါ။)
သဲကန္တရခရီးစဉ်ပါဝင်သည့် ဝန်ဆောင်မှုများ
သဲကန္တရခရီးစဉ်တွင် မပါဝင်သည့်ဝန်ဆောင်မှုများ –
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ ရောက်ရှိပြီး Dubai International လေဆိပ်သို့ပြန်လည်ထွက်ခွာပါမည်။ Dubai International လေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး နေ့လည်စာသုံးဆောင်ရန်ထွက်ခွာပါမည်။ နေ့လည်စာကို New Times Chinese Restaurant တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဒူဘိုင်းနိုင်ငံရှိ Dubai Miracle ဥယျာဉ်သို့သွားရောက်လည်ပတ်ပါမည်။ ညနေပိုင်းတွင် Blue Water ကျွန်း နှင့် ကမ္ဘာ့အမြင့်ဆုံး စက်ဝိုင်းပတ်မြင်ကွင်းစက် (Ain Dubai) တွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကြပါမည်။ ညစာကို Asiana Hotel ရှိ Lames International Buffet စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။
မနက်စာကိုဟိုတယ်တွင် သုံးဆောင်ပြီးနောက် Dubai Frame သို့ သွားရောက်လည်ပတ်ခြင်း (လက်မှတ်ပါပြီး) ၊ အပင်စိမ်းပြာများနှင့် အေးမြတဲ့ ပတ်ဝန်းကျင်ရှိသော ဧည့်ခံပန်းခြံဖြစ်သည့် Zabeel Park နှင့် အာမီးရ်၏ နန်းတော် (Zabeel Palace) (တံခါးအပြင်ဘက်မှ ဓာတ်ပုံရိုက်နိုင်သည်) သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် အဟောင်းဒူဘိုင်မြို့ ဖြစ်သည့်– Bastakiya Heritage Area (ယဉ်ကျေးမှုရပ်ကွက်) တွင် လမ်းလျှောက်လည်ပတ်ခြင်း ၊ Abra (ရေသယ်စက်လှေ – ရိုးရာရေလှေ) စီးပြီး Dubai Creek သို့ လည်ပတ်ခြင်း နှင့် ဒူဘိုင်ရှိအကြီးဆုံး ဟင်းခတ်မှုန့်ဈေးကွက်ဖြစ်သည့် Spice Souk (ဟင်းခတ်မှုန့်ဈေးကြီး) သို့ သွားရောက်လည်ပတ်ကြပါမည်။ညနေပိုင်းတွင်ကမ္ဘာ့အကြီးဆုံးရွှေဈေးကွက်တစ်ခုဖြစ်ပြီး၊ရွှေအလှဆင်ပစ္စည်းများကိုဈေးဝယ်ဖို့အကောင်းဆုံးနေရာဖြစ်သည့် Gold Souk သို့သွားရောက်လည်ပတ်ပါမည်။ ညစာကို Daniel Star Restaurant တွင် ဘူဖေးသုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် အဘူဒါဘီသို့ခရီးစတင်ထွက်ခွာပါမည်။ ထို့နောက် UAE တွင်အကြီးဆုံး အလှဆုံးဖြစ်သော မတ်စ်ကျောင်း Sheikh Zayed Grand Mosque သို့ သွားရောက်လည်ပတ်ပါမည်(တနင်္ဂနွေနေ့တိုင်း မတ်စ်ကျောင်းကို ၁၁:၃၀ နာရီမှ ၃:၀၀ နာရီအထိ ဆုတောင်းချိန်အတွက် ပိတ်ထားပါသည်။ မိန်းကလေးများအတွက် – ကိုယ်အပေါ်ပိုင်းနှင့် ဆံပင်အပါအဝင် လုံးဝဖုံးအုပ်ထားသည့်အဝတ်အစား ဝတ်ဆင်ရန်လိုအပ်သည်။) နေ့လည်စာကို Sofitel Abu Dhabi Corniche ဟိုတယ်ရှိ ဘူဖေးဆိုင်တွင်နေ့လည်စာ သုံးဆောင်ကြပါမည်။ နေ့လည်စာစားပြီးနောက် Qasr Al Watan နန်းတော်သို့ သွားရောက်လည်ပတ်မည်။ ထို့နောက် Corniche Beach တွင် ဓာတ်ပုံရိုက်ကူးရန် ခဏရပ်နားပါမည်၊ Ferrari World (လက်မှတ် မပါ) ၏ အပြင်ဘက်၌လည်း ဓာတ်ပုံရိုက်ကူးရန် ရပ်ပါမည်။ အချိန်ရှိလျှင် Yas Mall တွင် စျေးဝယ်လည်း သွားနိုင်ပါသည်။ ညစာကို နိုင်ငံတကာ Buffet Restaurant သို့မဟုတ် တရုတ်အစားအစာ Set Menu ဖြင့် ညစာ သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ကားဖြင့် ဒူဘိုင်းမြို့သို့ ပြန်ပြီးနောက် ဟိုတယ်သို့ပြန်ရောက်ပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် Burj Khalifa အဆောက်အဦး၏ 124/125 ထပ်များသို့ သွားရောက်လည်ပတ်ပါမည်။ထို့နောက် Dubai Mall တွင် စျေးဝယ်ရန် သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Daniel Star Restaurant ဘူဖေးဆိုင်တွင် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Dubai Marina တွင် Private Yacht Cruise ကို ၂ နာရီ အချိန်ကြာဖြင့် လည်ပတ်ကြပါမည်။ ထို့နောက် The Palm Gateway Monorail Station မှ Atlantis Aquaventure Monorail Station သို့ တစ်လမ်းသွား MonoRail စီးနင်းပြီး Atlantis The Palm Hotel သို့ သွားရောက်လည်ပတ်ပါမည်။ သွားနေစဉ် Palm Jumeirah နှင့် အာရဗျပင်လယ်၏ လှပသော ရူခင်းများကို မြင်တွေ့ခံစားနိုင်သည်။ ညနေပိုင်းတွင် Atlantis The Palm Hotel အပြင်ဘက်တွင် ဓာတ်ပုံရိုက်ကူးခြင်းနှင့် Palm Jumeirah Boardwalk တွင် ဓာတ်ပုံရိုက်ကူးရန် Photo Stop ပြုလုပ်ကြပါမည်။ ညစာကို Atlantis The Palm International Buffet Restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်သွားကာ တစ်ညတာအိပ်စက် အနားယူတည်းခိုပါမည်။ (တစ်နေ့ ၁၂ နာရီအထိ ယာဉ်အသုံးပြုခွင့်နှင့် အင်္ဂလိပ်စာပြောနိုင်သောလမ်းပြဦးဆောင် ဝန်ဆောင်မှု တစ်နေ့လုံး ပါဝင်သည်။)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ check-out ပြုလုပ်ပါမည်။ Museum of the Future အပြင်ဘက်တွင် ဓာတ်ပုံရိုက်ကူးခြင်း၊ Jumeirah Beach နှင့် Burj Al Arab Hotel အပြင်ဘက်၌လည်း ဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်ပြီးနောက် Dubai လေဆိပ် (Terminal 2) သို့ ပို့ဆောင်ပေးပါမည်။ ထိုမှတဆင့် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။ (နေ့တစ်ဝက်အတွင်း အတွက် ယာဉ်သုံးစွဲခွင့်နှင့် အင်္ဂလိပ်စကားပြောတတ်သော လမ်းပြဦးဆောင် ဝန်ဆောင်မှုများ ပါဝင်ပြီး၊ LA Memoria Myanmar မှ ဦးဆောင်သူများကလည်း အဖွဲ့နှင့်အတူ လေဆိပ် Check-in ပြုလုပ်ရာသို့ ပို့ဆောင်ပေးပါမည်။)
Leave a reply