from 0 review
5D 4N
Specific Tour
1 person
English, Myanmar
(၄ညအိပ် ၅ရက်ခရီးစဉ်)
ခရီးစဉ်ထွက်ခွာမည့်နေ့
မေလ ၁၆ ရက်နေ့မှ၂၀ ရက်နေ့အထိ
ဇွန်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ
ဇူလိုင်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ
ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ
စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ
တစ်ဦးလျှင်ဈေးနှုန်း
USD 574 (နှစ်ယောက် တစ်ခန်းနှုန်းဖြင့်)
***ခရီးစဉ်အတွက် လူဦးရေ (15) ဦးပြည့်မှသာ ခရီးစဉ် စတင်ထွက်ခွာပါမည်။***
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ် ရောက်ရှိပြီး ဖူးခက်လေဆိပ်သို့ပြန်လည်ထွက်ခွာပါမည်။ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပါမည်။ ထို့နောက် Chalong ဘုရားကျောင်း၊ Promthep Cape နှင့် Honey Bee Farm သို့သွားရောက်လည်ပတ်ကြပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ကာ ဖူးဆက်ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Boat Lagoon Pier သို့ ပို့ဆောင်ပေးပါမည်။ ထိုမှတဆင့် Phi Phi ကျွန်းသို့ သွားရောက်လည်ပတ်ကြပြီး အမှတ်တရ ဓာတ်ပုံများနှင့် snorkeling လုပ်ကြပါမည်။ နေ့လည်စာကို Phi Phi ကျွန်းရှိ စားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ကြပါမည်။ နေ့ခင်းပိုင်းတွင် ဖီဖီကျွန်းမှ ဖီဖီလေးကျွန်းသို့ထွက်ခွာပြီး ထုံးကျောက်ဂူရှေ့တွင် အမှတ်တရ ဓာတ်ပုံများရိုက်ကြပြီး PILEH LAGOON တွင် ရေကူးကြပါမည်။ ထို့နောက် Maya ကမ်းခြေသို့သွားရောက်ကာ သဲသောင်ပြင်ပေါ်တွင် အမှတ်တရ ဓာတ်ပုံများရိုက်ကြပါမည်။ထို့နောက် KHAI ကျွန်းတွင် အပန်းဖြေအနားယူပြီး snorkeling လုပ်ခြင်း၊ ရေကူးခြင်းနှင့် နေပူဆာလှုံခြင်းတို့ ပြုလုပ်ကြပါမည်။ ညနေပိုင်းတွင် ဖူးဖက်မြို့သို့ပြန်လည်ရောက်ရှိပြီး ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Phuket မှ ဘန်ကောက်သို့ ပြန်လည်ထွက်ခွာပါမည်။ ဘန်ကောက်သို့ရောက်ရှိပြီးနောက်၊ဟိုတယ်တွင် check-in လုပ်ကာခဏအနားယူပါမည်။ နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Sea life Ocean World နှင့် Madame Tussauds သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Siam & MBK ရှော့ပင်းမောလ်တွင် ဈေးဝယ်ထွက်ပါမည်။ ညစာကိုဒေသဆိုင်ရာစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check in ဝင်ပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မြဘုရားနှင့် မဟာနန်းတော်သို့ သွားရောက်လည်ပတ်ပါမည်။ထို့နောက် ဘန်ကောက်၏ လူကြိုက်အများဆုံး Safari World သို့ သွားရောက်လည်ပတ်ပါမည်။ တိရစ္ဆာန်ရုံနှင့် ခြင်္သေ့များ၊ ကျားများ၊ သစ်ကုလားအုတ်များနှင့် မြင်းကျားများကဲ့သို့ တောရိုင်းတိရစ္ဆာန်များကို ကားဖြင့်လိုက်လံကြည့်ရှုကြပါမည်။ ထို့နောက် လင်းပိုင်များ၊ ဖျံများနှင့် ငှက်များပါဝင်သည့် စိတ်လှုပ်ရှားဖွယ်ရှိုးများကို ခံစားကြည့်ရှုရန် Marine Park သို့ သွားရောက်ကြည့်ရှုပါမည်။ထို့နောက် နေ့လည်စာကို Safari World ထဲရှိ ဘူဖေးစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ကြပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့ရှိ Icon Siam ရှော့ပင်းမောလ် တွင် မိမိတို့စိတ်ကြိုက် ပျော်ရွှင်စွာ စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် ကျောက်ဖရားမြစ်ပေါ်တွင် ညစာစားရန် Icon Siam Pier သို့သွားကာ ဘူဖေးညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ရောက်ရှိပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မနက်ပိုင်းတွင်ပလပ်တီနမ်စျေးဝယ်စင်တာသို့ မိမိတို့စိတ်တိုင်းကျ စျေးဝယ်ထွက်ပြီးနောက် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ လေဆိပ်သို့ရောက်ရှိပြီးနောက် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply