from 279,000 MMK
Inquiry

ပဲခူးရိုးမ ခရီးစဉ်

ပဲခူးရိုးမ
0/5
Duration

2D 1N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

မြို့ပြရဲ့အဝေး ပဲခူးရိုးမရဲ့နွေရာသီအလှအပတွေကို ထိတွေ့ခံစားနိုင်မယ့် Bago Yoma Eco Resort ၁ ညအိပ်၊ ၂ ရက်ခရီးစဉ်ကို Oway နဲ့အတူသွားကြရအောင်!

ခရီးဝေးမသွားချင်တဲ့သူတွေအတွက် နီးနီးနားနား Travel Mood on နိုင်မယ့် Bago Yoma Eco Resort ခရီးစဉ််ဟာဆိုရင် သဘာဝရဲ့အရိပ်မှာ အနားယူရင်း တိတ်ဆိတ်မှုတွေနဲ့ နွေရာသီအရွက်ကြွေ အလှတရားတွေကို ခံစားကြည့်နိုင်မယ့် ခရီးစဉ်လေးဖြစ်ပါတယ်။

Highlights

  • Soft Trekking လေးဖြစ်တဲ့ Sai Kya View Point ကို Trekking ပြုလုပ်နိုင်ပါတယ်။
  • ရိုးမဆင်ကလေး ၂ ကောင်ကို အစာကျွေးတာ၊ ရေချိုးပေးတာတွေကိုပါ လေ့လာနိုင်ပါတယ်။
  • နွားနို့ကြိုက်တဲ့သူတွေအတွက်လည်း သဘာဝနွားနို့စစ်စစ်အရသာကို မြည်းစမ်းကြည့် နိုင်ပါသေးတယ်။
  • သစ်ပင်စိုက် ဝါသနာပါသူများအတွက် အမှတ်တယ အပင်လေးများကို မိမိတို့နှစ်သက်ရာ နာမည်လေးနှင့် အမှတ်တရ စိုက်ပျိုးထားနိင်ပါတယ်။

Itinerary

Day 1


ရန်ကုန် - ပဲခူးရိုးမ   




နံနက် ၆ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမယ်။ နံနက်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ နေ့လည်စာ ကို Bago Yoma Eco Resort တွင်သုံးဆောင်ပါမယ်။ ထို့နောက် သဘာသတောတောင်ရှုခင်းများ ကြည့်ရှုနိင်မယ့် Soft Trekking လေးဖြစ်တယ့် Sai Kya View Point Trekking လေးပြုလုပ်ပြီး Eco Resort တွင် ညစာသုံးဆောင် ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။


Day 2


ပဲခူးရိုးမ Eco Resort - ရန်ကုန် 




နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ နံနက်စာသုံးဆောင်ပြီးနောက် ရိုးမဆင်ကလေး ၂ ကောင် အား အစာကြွေးခြင်း၊ ရေချိုးပေးခြင်းများအားလေ့လာကြပါမယ်။ နွားနို့ကြိုက်နှစ်သက်သူများအတွက် သဘာဝနွားနို့ စစ်စစ်လေးကို မြည်းစမ်းကြည့်လို့ ရပါမယ်။ သစ်ပင်စိုက် ဝါသနာပါသူများအတွက် အမှတ်တရ အပင်လေးများကို မိမိတို့နှစ်သက်ရာ နာမည်လေးနှင့် အမှတ်တယ စိုက်ပျိုးထားနိင်ပါတယ်။ နေ့လည်စာ ကို Eco Resort တွင် သုံးဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမယ်။ ညနေပိုင်းတွင် ရန်ကုန်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပြီး ခရီးစဉ်လေး ပြီးဆုံးမှာ ဖြစ်ပါတယ်။


Included/Excluded

  • ခရီးစဉ်တစ်လျှောက် 12 ယောက်စီး ( Air Condition Vehicle)
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • ဟိုတယ်တွင် 1 ညစာ တည်းခိုခွင့်
  • နေ့စဉ် ‌ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု
  • Guide and Driver Tipping
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ

Tour's Location

ပဲခူးရိုးမ

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 279,000 MMK

Inquiry





    You might also like