from 0 review
1D
Daily Tour
1 person
Myanmar
နီးနီးနားနားပဲ သွားချင်တယ်၊ သဘာဝ အရသာတွေကိုလည်းကြိုက်တယ် ဆိုတဲ့သူတွေ အတွက်၊ ရန်ကုန်မြို့ကနေ သိပ်မဝေးတဲ့ ပဲခူးလေယာဥ်ကွင်း နားက Zalataw Glamping Resort
DayTrip နေ့ချင်းပြန် လေးလည်း သွားချင်တယ် ထူးခြားပြီးပျော်စရာကောင်းတဲ့ အတွေ့အကြုံ တွေလည်း လိုချင်တယ် ဆိုရင် Zalataw Glamping resort Package ကိုသာရွေးလိုက်ကြနော်။ ညအိပ် အနားယူချင်သူတွေအတွက် လည်း အဆင်ပြေပါတယ် နော်။
ကိုယ်နေတဲ့ တဲ ရှေ့မှာပဲ ရေကူးကန်အသေးစားလေး၊ မျက်နှာချင်းဆိုင် view ကဆိုရင်လဲ အရမ်းလှတဲ့ ဆည်ကြီးနဲ့ အေးအေးဆေးဆေး အနားယူလို့ တကယ်ကောင်းတဲ့ ဒီ နေရာလေး။
ခရီးစဉ်အတွင်း စိတ်အေးချမ်းသာစွာဖြင့် ကစားနိုင် ရန် ယုံကြည်စိတ်ချရသော Travel Insurance ခရီးသွား အာမခံ ကိုလည်း သက်သာသော နှုန်းထားများဖြင့် OWAY မှာ ဝယ်ယူနိုင်ပါတယ်။
Meals အတွက် ရွေးချယ် စရာ Options များ မှာ –
နေ့လည်စာ မြန်မာထမင်းဟင်း – တစ်ဦးလျှင် ၁၃၂၀၀ ကျပ်။
နေ့လည်စာ + ညစာ + နောက်နေ့ မနက်စာ (၃) နပ်လုံးကိုမှ မြန်မာထမင်းဟင်း နဲ့ဆိုရင် တစ်ဦးလျှင် ၂၇,၅၀၀ ကျပ်။
နေ့လည်စာ + ညစာ + နောက်နေ့ မနက်စာ (၃) နပ်လုံးကိုမှ ညစာ ကို BBQ အကင် နဲ့ဆိုရင် တစ်ဦးလျှင် ၃၈,၅၀၀ ကျပ်။
အကင် ကင်ရန် ဟင်းချက် ရန် အတွက် လိုအပ်တဲ့ အိုးခွက် ပန်းကန် တွေ အကုန်လုံးကို အခမဲ့ ငှားပေးပါတယ်။ကိုယ့်ဘာသာ ကင်ဖို့ ချက်ဖို့ တွေ ယူခဲ့မယ်ဆိုလည်း ရပါတယ်။ မီးဖို ချောင် လည်း အခမဲ့ အသုံးပြုလို့ရပါတယ်။
OWAY Transportation ကားငှားဝန်ဆောင်မှု
OWAY မှ လူကြီးမင်းတို့ အတွက် လုံခြုံစိတ်ချရပြီး လွယ်ကူချောမွေ့ စွာ သွားလာနိုင်ရန် ကား အမျိုးစားပေါင်းများစွာ ကို လူကြီးမင်းတို့ စိတ်တိုင်းကျ သက်သာသော နှုန်းထားများဖြင့် ငှားရမ်း စီစဉ်ပေးပါသည်။
Travel Insurance ခရီးသွားအာမခံ
ခရီးစဉ်အတွင်း စိတ်အေးချမ်းသာစွာဖြင့် ပျော်ပါးနိုင် ရန် ယုံကြည်စိတ်ချရသော Travel Insurance ခရီးသွား အာမခံ ကိုလည်း OWAY မှ သက်သာသော နှုန်းထာ: ၂၄၃၀/- ကျပ် ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ခရီးသွားအာမခံ နှင့် ပတ်သက်သော အသေးစိတ်ကို တိုင်ပင်ဝယ်ယူရန် 09-43178554 သို့ ဆက်သွယ် ဝန်
ဆောင်မှုရယူနိုင်ပါတယ်။
အနည်းဆုံး (၂)ယောက် ကနေ စပြီး တဲအသေးတွေ ကို နေ့ချင်းပြန် လာရောက် ကြသူတွေ အတွက် အခမဲ့ Free ပေးပါတယ်။ နားဖို့ စားပွဲတွေ၊ ထီးတွေ လည်း စီစဉ်ပေးထားပါတယ်။ တဲအကြီးတွေကို ကျတော့ နေ့ချင်းပြန် လာရောက်ကြသူတွေအတွက် (၁၀) ယောက်ပြည့်တာနဲ့ အခမဲ့ Free ပေးပါတယ်။ တကယ်လို့ (၁၀)ယောက်လည်း မပြည့်ဘူး၊ တဲကြီး နဲ့လည်း နေ့ခင်းနေ့လည် ရေကူး အနားယူချင်တယ်ဆိုရင် ၂၂၀,၀၀၀ ကျပ် နဲ့ ကြိုတင်မှာ ယူလို့ရပါတယ်။
၄ ယောက်အိပ် တဲအကြီးက ၁ လုံး ကို ၂၂၀,၀၀၀ ကျပ် (၄) ယောက်စာဝင်ကြေးအပါ ကျသင့်မှာဖြစ်ပါတယ်။ Extra bed ထိုးမယ်ဆိုရင်တော့ ကုတင်တစ်လုံးကို ၂၂,၀၀၀ ကျပ်ပါ။ တဲ ၁ လုံး ကို အများဆုံး Extra bed ၂ လုံးထိ ထိုးလို့ရပါတယ်။ တဲအသေး က ၁ လုံးကို ၆၆,၀၀၀ ကျပ် (၂)ယောက်စာဝင်ကြေးအပါ ဖြစ်ပါတယ်။ ညအိပ် တဲကြီး ၁ လုံး ၂၀၀,၀၀၀ ကျပ်ဆိုတာ တဲဖိုးကြီးပဲလား? အစားသောက်ရော ပါသေးလား? အစားအသောက် အတွက်မပါလို့ ကိုယ့်စိတ်ကြိုက်ကုန်ကျစားရိတ်ဖြင့် ကြိုတင်မှာယူနိုင်ပါတယ်။ ဝင်ကြေး + တဲဖိုး + Air con + Activities တွေ အားလုံးအတွက်ပါ။ စားဖို့ မပါ လို့ သပ်သပ် မှာယူနိုင်ပါတယ်။
၅ နှစ်အောက်ကလေးတွေအတွက် ဝင်ကြေး Free အစားသောက် Free ပါ။ ၅ နှစ် ကနေ ၁၀ နှစ် ထိဆိုရင် ဝင်ကြေးရော၊ အစားသောက်ရော လူကြီးရဲ့ တစ်ဝက်နှုန်းပါ။ မိသားစု ၁ စု တွင် သတ်မှတ်ထားသော နှုန်းထားများအတိုင်းအများဆုံး ကလေး ၂ ဉီးထိလိုက်ပါနိုင်ပြီး၊ ၂ ဉီးအထက် ပါဝင်သည့်ကလေးတိုင်းအတွက် တစ်ဉီးလျှင် ၂၂,၀၀၀ ကျပ်ကြသင့်မှာဖြစ် ပါတယ်။ ၁၀ နှစ်အောက် ကလေးတွေချည်းပဲ လာမည့် student trip တွေဆိုရင် တော့ တစ်ယောက် ၂၂,၀၀၀ ကျပ် ဖြစ်ပါတယ်။
Leave a reply