from 117 USD
Inquiry

တောင်ကြီး – အင်းလေး – ကလော – ပင်းတယ -ရွာငံ ခရီးစဉ်

တောင်ကြီး - အင်းလေး - ကလော - ပင်းတယ -ရွာငံ
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ပိတ်ရက်မှာ ခရီးထွက်အနားယူချင်တဲ့သူတွေအတွက် ရှမ်းပြည်ရဲ့လည်ပတ်စရာနေရာတွေကို စုံလင်စွာသွားရောက်ရမယ့် တောင်ကြီး – အင်းလေး – ကလော – ပင်းတယ -ရွာငံ (၄ ညအိပ် ၅ ရက်) ခရီးစဉ်လေးရှိတယ်နော်။

တောင်ကြီးမြို့ရဲ့ အထင်ကရ တန်ခိုးကြီးဘုရားစေတီများ၊ အင်းလေး-ကလောရှိ စိတ်ဝင်စားစရာ သမိုင်းဝင်နေရာများနှင့် ပင်းတယ-ရွာငံရှိ စေတီပုထိုးများကို စုံလင်အောင်လည်ပတ်ရမှာဖြစ်ပါတယ်။

Highlights

  • မွေတော်ကက္ကူစေတီစုများ၊ စူငှာမုဏိစေတီတော်၊
  • အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရား ၊ အလိုတော်ပေါက်ဘုရား ၊ ယက်ကန်းရုံ၊
  • ကလောနှီးဘုရား ၊ ကလောဘူတာ၊ ကလောနာရီစင်၊ မြင်းမထိသဘာဝလှိုဏ်ဂူ
  • ပင်းတယ ရွှေဥမင်လှိုဏ်ဂူ ၊ ကုံလုံဆရာတော်ကြီး၏ စံကျောင်းနှင့် စဉ့်စေတီ
  • မိန်းမရဲသခင်မတောင် ၊ မြင်းမူကုန်း ၊ ယူကလစ်တန်း ၊ သစ်ခြောက်ပင် ၊ ရေပြာအိုင် နှင့် တောကြယ်ရေတံခွန်

Itinerary

Day 1


ရန်ကုန် - တောင်ကြီး  




နံနက် ၅ နာရီ ခန့်တွင် ရန်ကုန်မြို့ မှ ကားစတင်ထွက်ခွာပါမယ်။ နံနက်စာ ၁၁၅ မိုင်တွင် သုံးဆောင်ပါပြီး နေ့လည်စာ ကို ဒေသစားသောက်ဆိုင်    တွင်သုံးဆောင်ပါမယ်။ ညနေ ၅ နာရီ ခန့် တွင် ညောင်ရွှေမြို့ သို့ရောက်ရှိပြီး  ဟိုတယ်တွင် Check – In ဝင်ပါမယ်။ ညစာကိုတော့ ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။


Day 2


တောင်ကြီး - အင်းလေး   




နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ တောင်ကြီးမြို့ သို့သွာရောက်လည်ပတ်ပါမယ်။  မွေတော်ကက္ကူစေတီတော်၊ စူငှာမုဏိစေတီတော်၊ သို့ သွားရောက်ဖူးမြော်ပါပြီး နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ညနေ ပိုင်းတွင် ညောင်ရွှေသို့ ပြန်လည် ထွက်ခွာ ပြီး ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။


Day 3


အင်းလေး - ကလော   




နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ယက်ကန်းရုံ သို့ သွားရောက်လည်ပတ်ပါမယ်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ကလောမြို့ သို့ ခရီးဆက်ပြီး ကလောနှီးဘုရား၊ ကလောဘူတာ၊ ကလောနာရီစင်၊ မြင်းမထိသဘာဝလှိုဏ်ဂူ သို့သွားရောက်လည်ပတ်ပါမယ်။ ညစာကို ကလောမြို့ ရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ ကလောမြို့ရှိ ဟိုတယ်တွင် Check in ဝင်ပြီး အေးချမ်းစွာအိပ်စက် အနားယူပါမယ်။


Day 4


ပင်းတယ - ရွာငံ   




နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ ပင်းတယ ရွှေဥမင်လှိုဏ်ဂူ၊ ကုံလုံဆရာတော်ကြီး၏ စံကျောင်း နှင့် စဉ့်စေတီ သို့သွားရောက်လည်ပတ်ပါမယ်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင်သုံးဆောင်ပါမယ်။ ရွာငံ သို့သွားရောက်လည်ပတ်ပါမယ်။ မိန်းမရဲသခင်မတောင်၊ မြင်းမူကုန်း၊ ယူကလစ်တန်း၊ သစ်ခြောက်ပင်၊ ရေပြာအိုင် နှင့် တောကြယ် ရေတံခွန် စသည့် နေရာများသို့ သွားရောက်လည်ပတ်ပါမယ်။ ညစာကို ကလောမြို့ ရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ကလောမြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။


Day 5


ရန်ကုန်   




နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ ကလောမြို့မဈေးသို့ သွားရောက်ပြီး ဈေးဝယ်ပါမယ်။ ထို့နောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး နေ့လည်စာ ကိုဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမယ်။ လမ်းတွင် လက်ဖက်ရည်သောက်ရပ်နားပေးပါမယ်။ ညဦးပိုင်းတွင် ရန်ကုန်မြို့ သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမှာဖြစ်ပါတယ်။


Included/Excluded

  • ခရီးစဉ်တစ်လျှောက် ၄၅ ယောက်စီး ( Air Condition Vehicle)
  • ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ၊ ညစာ
  • 3* / 4*ဆင့်ရှိ ဟိုတယ်တွင် ၃ ညစာ တည်းခိုခွင့်
  • နေ့စဉ် ‌ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် တွင် Tour Leader ဝန်ဆောင်မှု
  • Guide and Driver Tipping
  • ခရီးစဉ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ၊
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ၊
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ၊
  • ခရီးသွားအာမခံ၊

Tour's Location

တောင်ကြီး - အင်းလေး - ကလော - ပင်းတယ -ရွာငံ

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 117 USD

Inquiry





    You might also like