from 0 review
3D 2N
Specific Tour
1 person
English, Myanmar
မြစ်ဆုံဒေသနှင့် ဝိုင်ခြံတွေကို သွားရောက်လေ့လာရမယ့် ရန်ကုန် – မြစ်ကြီးနား – ရန်ကုန် (၂ ညအိပ် ၃ ရက်) ခရီးစဉ်နဲ့အတူ
မြစ်ကြီးနားမြို့ရဲ့ အထင်ကရနေရာတွေကို စုံလင်စွာလည်ပတ်ပြီး မေခ မလိခတို့ပေါင်းစုံရာဒေသကို အတူတူသွားရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
ရန်ကုန် - မြစ်ကြီးနား
နံနက် (၁၀း၂၅)နာရီခန့်တွင် ရန်ကုန်မြို့ မှ ပြည်တွင်းလေကြောင်းလိုင်းဖြင့် မြစ်ကြီးနားမြို့သို့ ထွက်ခွာပါမယ်။ နေ့လည်စာ ကို ဒေသစားသောက်ဆိုင် တွင် သုံးဆောင်ပါမယ်။ မြစ်ကြီးနားမြို့ ရှိ ဟိုတယ်တွင် Check-In ဝင်ကာ ခေတ္တအနားယူပါမယ်။ မြစ်ကြီးနားမြို့ ရှိအထင်ကရဘုရားတစ်ဆူဖြစ်သော ကျောက်တော်ကြီးဘုရား သို့ သွားရောက်ဖူးမြော်ပါမယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။
မြစ်ကြီးနား
နံနက်စာ ကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ မြစ်ဆုံသို့ သွားရောက်လည်ပတ်ပါမယ်။ အောင်မြင်သာချောင်းနှင့် ဝိုင်ခြံ သို့ သွားရောက်လည်ပတ်ပါမယ်။ နေ့လည်စာ နှင့် ညစာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမယ်။
မြစ်ကြီးနား - ရန်ကုန်
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Check-out ပြုလုပ်ပါမယ်။ နေ့လည်ပိုင်းတွင် မြစ်ကြီးနား မှ ရန်ကုန်သို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာပါမယ်။ ညနေပိုင်းတွင် ရန်ကုန်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
Leave a reply