from 0 review
4D 3N
Daily Tour
2 people
English, Myanmar
မဲခေါင်မြစ်ဘေးက လာအိုနိုင်ငံမြောက်ပိုင်းမြို့လေး Luang Prabang ကို သွားလည်ကြရအောင်!
နိုင်ငံတကာခရီးသွား အများဆုံးလာရောက်တဲ့ ဒေသတခုဖြစ်တဲ့ လာအိုနိုင်ငံရဲ့ Luang Prabang ဒေသကို (၃ ညအိပ် ၄ ရက်) ခရီးစဉ်ဖြင့် Oway မှာစီစဉ်ပြီး သွားရောက်နိုင်ပါပြီ။
ARRIVAL – LUANG PRABANG – HALF DAY TOUR
လာအိုလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ဟိုတယ်သို့ ပို့ဆောင်ပေးကာ Check in ဝင်ပါမယ်။ ပြီးရင်တော့ Luang Prabang မြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။ (Luang Prabang ဟာ အရှေ့တောင်အာရှတွင် အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ထားသော ရိုးရာမြို့ဖြစ်ပါတယ်။ သာယာလှပသောသဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုရှုခင်းများဖြင့် မြို့၏ ကျက်သရေရှိမှုတွေဟာ လာအိုနိုင်ငံ၏ ကြည်နူးစရာအကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်စေတာပါ။) ခေတ္တအနားယူပြီးနောက် Wat Visoun ရဲ့ အထင်ကြီးစရာကောင်းသော စေတီတော်မြတ်နှင့် Wat Aham, Wat Mai တို့၏ နတ်ကွန်းတို့ကိုသွားရောက်လည်ပတ်ပါမည်။ ထို့နောက် Phousi တောင်ထိပ်သို့၍ မြို့နှင့်မဲခေါင်မြစ်တို့၏ နေဝင်ဆည်းဆာ အလှအပကို ကြည့်ရှုခံစားနိုင်ပါတယ်။ ပြီးရင်တော့ Luang Prabang အနီးတစ်ဝိုက်ရှိ ဒေသခံလူမျိုးများနှင့် တောင်ပေါ်သားတို့ ပြုလုပ်သည့် အထည်အလိပ်များကို ညဈေးတွင် သွားရောက်လေ့လာပါမယ်။ ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာအိပ်စက်အနားယူမှာဖြစ်ပါတယ်။
LUANG PRABANG – PAK OU CAVES AND XIENGMENE
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် မဲခေါင်မြစ်ပေါ်တွင် အပျော်စီး သင်္ဘောစီးကြပြီး Xiengmene တွင်ခေတ္တရပ်နားကာ Wat Long Khun၊ Tham Sakkarin ထုံးကျောက်ဂူ နှင့် Ban Xiengmene ရွှာတစ်ဝိုက်သို့ သွားရောက်လည်ပတ်ပါမယ်။ နေ့လည်စာသုံးဆောင်ပြီးနောက် မဲခေါင်မြစ်ထဲသို့ဆက်လက်ထွက်ခွာပြီး ရင်သပ်ရှုမောဖွယ်ရာရှုခင်းများကို ခံစားကြည့်ရှုရင်း Pak Ou Caves သို့သွားရောက်လေ့လာပါမယ်။ လမ်းတစ်လျှောက်တွင် ဒေသခံလူမျိုးများပြုလုပ်သည့် ဆန်ဝိုင်များပြုလုပ်ရာ Ban Xanghai ရွာတွင် ခေတ္တရပ်နားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာအိပ်စက်အနားယူနိုင်ပါပြီ။
LUANG PRABANG – KUANG SI – LUANG PRABANG
နံနက်ပိုင်းတွင် Phosi Market သို့သွားရောက်လည်ပတ်ပါမယ်။ လာအိုနိုင်ငံဟာ ရိုးရာလက်မှုပစ္စည်းများကြောင့် ကျော်ကြားပြီး ယနေ့တွင် Ban Ouay၊ Hmong Hill tribe၊ Ban Thapene Of Khmu စတဲ့နာမည်အဖြစ်တည်ရှိနေတဲ့ ဒေသခံကျေးရွာများကို သွားရောက်လေ့လာလည်ပတ်ပါမယ်။ ပြီးရင်တော့ သာယာလှပသော Khouangsi Waterfall သို့သွားရောက်လည်ပတ်ကာ ရေကစားခြင်း၊ တောလမ်းတစ်လျှောက် လမ်းလျှောက်ကာ သဘာဝပတ်ဝန်းကျင်အလှကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ညနေစောင်းမှာ Luang Prabang သို့ပြန်လာပြီး နာမည်ကြီးရိုးရာရက်ကန်းလုပ်သည့်ရွှာဖြစ်သည့် Ban Phanom သို့ဆက်လက်သွားရောက်ကာ Wat Phabath တွင် နေဝင်ချိန်အလှကိုကြည့်ရှုခံစားပါမယ်။ ထို့နောက်တွင် ဟိုတယ်သို့ပြန်လာကာ အေးချမ်းစွာအိပ်စက်အနားယူမှာပဲဖြစ်ပါတယ်။
LUANG PRABANG- DEPARTURE
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ရန်ကုန်ရွှေမြို့တော်သို့ပြန်ရန် လေယာဉ်စောင့်ဆိုင်းရင်း အနားယူပါမည်။
Leave a reply