from 0 review
5D 4N
Specific Tour
1 person
English, Myanmar
(၄ ညအိပ်၊ ၅ ရက် ခရီးစဉ်)
ခရီးစဉ်ထွက်ခွာမည့်ရက်: မေလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊
ဇွန်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ၊
ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ၊
ဩဂုတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ၊
စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ
တစ်ဦးလျှင်ဈေးနှုန်း (တစ်ခန်းလျှင် ၂ ဦး သို့မဟုတ် ၃ ဦးနှုန်းဖြင့်)
လူကြီး – USD 415
ကလေး (၂ နှစ်မှ ၁၂ နှစ်အတွင်း) – USD 335 (With Extra Bed)
ကလေး (၂ နှစ်မှ ၁၂ နှစ်အတွင်း) – USD 260 (Without Extra Bed)
***ခရီးစဉ်အတွက် သတ်မှတ်လူဦးရေ (၁၀) ဦးပြည့်မှသာ ထွက်ခွာမည်ဖြစ်ပါသည်။***
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
Noi Bai International airport သို့ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ Check in ဝင်ရန် ပို့ဆောင်ပေးပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Hanoi မြို့တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့မှ ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိသည့် နင်းဘင်မြို့သို့စတင်ထွက်ခွာပါမည်။ နင်းဘင်မြို့ရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အထင်ကရနေရာတစ်ခုဖြစ်ပြီး ရှေးဟောင်းဘုရားများအပြင်၊ အသစ်ထပ်မံပူဇော်ထားသည့်ဘုရားများစွာ ကိန်းအောင်းစံပယ်လျက်ရှိသည့် အရှေ့တောင်အာရှ၏ အကြီးဆုံးဘုရားကျောင်းများထဲမှတစ်ခုဖြစ်သည့် Bai Dinh Pagoda သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ယူနက်စကိုစာရင်းဝင် ထရမ်အမ်းဒေသရှိ သဘာဝထုံးကျောက်ဂူများကြား ဗီယက်နမ်ရိုးရာလှေများစီးပြီး ပျော်ရွှင်စွာ လေ့လာလည်ပတ်ကြပါမည်။ ဆိတ်ငြိမ်အေးချမ်းလှသောဂူများ၊ စိမ်းလန်းစိုပြေသောတောင်တန်းများနှင့် သာယာသောမြစ်များတစ်လျှောက် လိုက်ပါလည်ပတ်ကြရင်း အမှတ်တရဓာတ်ပုံများရိုက်ကြပါမည်။ —Ninh Binh ၏ “Halong on Land” ကိုဖြတ်သန်းပါ။67 မီတာ အမြင့်ရှိပြီး ဗီယက်နမ်နိုင်ငံတွင် အမြင့်ဆုံးဘုရားကျောင်းတစ်ခု လည်းဖြစ်ရာ Son Tra ကျွန်းဆွယ်ရှိ ဆုတောင်းပြည့် ကွမ်ရင်မယ်တော်ဘုရားကျောင်းသို့ သွားရောက် လေ့လာလည်ပတ်ပါမည်။ ထိုမှတဆင့် ဟလောင်းဘေသို့ ဆက်လက်ထွက်ခွာကြပါမည်။ ညနေပိုင်းတွင် ဟလောင်းမြို့သို့ရောက်ရှိပြီးနောက် ဟိုတယ်သို့ Check-in ဝင်ကာ ခေတ္တအနားယူပါမည်။ ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ညပိုင်းတွင် မိမိတို့၏ကိုယ်ပိုင်အားလပ်ချိန်များအား ဟလောင်းမြို့ညဈေးသို့ ပျော်ရွှင်စွာဈေးဝယ်ထွက်ရင်း ကုန်ဆုံးကြပါမည်။ ထိုညအား ဟလောင်းမြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် UNESCO World Heritage Center တစ်ခုဖြစ်ရာ ဟလောင်းဘေသို့ သွားရောက်လည်ပတ်ရန် ဆိပ်ကမ်းသို့ ပို့ဆောင်ပေးပါမည်။ ထိုမှတဆင့် ဟလောင်းဘေအတွင်း ပျော်ရွှင်စွာ Cruise စီးကာလည်ပတ်ရင်း Thien Cung Cave နှင့် Ga Choi Island တို့ကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ပင်လယ်စာဖြင့် Cruise ပေါ်တွင် ပျော်ရွှင်စွာ သုံးဆောင်ကြပါမည်။ ထိုမှတဆင့် နေ့လည်ပိုင်းတွင် ဟလောင်းမြို့သို့ ပြန်လည်ရောက်ရှိပြီး ခေတ္တခဏအနားယူကာ ဧရိယာ 214 ဟက်တာ ကျယ်ဝန်းပြီး အဓိက ဧရိယာ နှစ်ခု ပါဝင်သည်- ကမ်းရိုးတန်း ဖျော်ဖြေရေး အဆောက်အအုံ နှင့် Ba Deo Peak ပေါ်ရှိ အပန်းဖြေ ဥယျာဉ် တစ်ခုတို့ ပါဝင်ပြီး ထူးခြားသည့် ကေဘယ်ကား စနစ်ဖြင့် ချိတ်ဆက်ထားသည့် Sun World Amusement Park သို့ သွားရောက်လည်ပတ်ကာ သတ်မှတ်ထားသော ကစားနည်းများအား ပျော်ရွှင်စွာကစားကြပါမည်။ (included: Two-way cable car, Sun Wheel, Samurai Slide, Kido Land and Zen garden only). သတ်မှတ်ထားသော ကစားနည်းများတွင် မပါဝင်သော Activities များကို ပြုလုပ်လိုပါက မိမိတို့၏စိတ်ကြိုက်အစီအစဉ်၊ ကုန်ကျစရိတ်များဖြင့်သာ ပြုလုပ်ရမည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ဟလောင်းဘက်သို့ ပြန်လည်ရောက်ရှိပြီး ဘူဖေးညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထိုမှတဆင့် ဟိုတယ်သို့ပြန်လည်အနားယူ အိပ်စက်ကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး check out ပြုလုပ်ကာ ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာကြပါမည်။ ဟနွိုင်းမြို့သို့ပြန်လည်ထွက်ခွာလာရာလမ်းတွင် ဗီယက်နမ်ရိုးရာအမှတ်တရပစ္စည်းများရောင်းချရာ Bamboo shop တွင် ခေတ္တခဏရပ်နားကာ ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။ ထိုမှတဆင့် ဟနွိုင်းမြို့သို့ ပြန်လည်ရောက်ရှိပြီး ဟိုတယ်သို့ Check-in ဝင်ကာ ခေတ္တအနားယူကြပါမည်။ ညနေအစောပိုင်းတွင် ဟိနွိုင်းမြို့၏အထင်ကရ မြို့ဟောင်း (Old Quarter)၊ ဟနွိုင်းမြို့လည်ရှိ Hoan Kiem Lake နှင့် မြို့လယ်ရှိ နာမည်ကျော်ဟနွိုင်းရထားလမ်း အစရှိသည်တို့အား သွားရောက်လည်ပတ်ကြပါမည်။ ညစာအား ဒေသစားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိဟိုတယ်သို့ ပြန်လည်အနားယူအိပ်စက်ကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်သမ္မတဟိုချီမင်းမှ လွတ်လပ်ရေးကြေငြာစာတမ်းဖတ်ခဲ့ရာ အထိမ်းအမှတ်နေရာဖြစ်သည့် Ba Dinh Square သို့ သွားရောက်လေ့လာကြပါမည်။ ထိုမှတဆင့် သမ္မတဟိုချီမင်းဂူဗိမာန် (Ho Chi Minh’s Mausoleum) (အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း ပိတ်သည်။) သို့ ဆက်လက်လေ့လာကြပါမည်။ ထို့နောက် ဟိုချီမင်းနေထိုင်ခဲ့ရာ နေအိမ်၊ တိုင်တစ်လုံးတည်းဖြင့်တည်ဆောက်ထားသော One Pillar Pagoda၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးအမျိုးသားတက္ကသိုလ် နှင့် ပြင်သစ်လက်ရာဘုရားရှိခိုးကျောင်း St. Joseph Cathedral တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဗီယက်နမ်သို့ရောက်ဖူးသူတိုင်း မဖြစ်မနေသွားရောက်သုံးဆောင်သင့်သည့် ဟင်းအမျိုးပေါင်း (၂၀၀) ကျော်ကြောင့် လွန်စွာနာမည်ကျော်လှသည့် Sen Tay Ho Restaurant တွင် နေ့လည်စာသုံးဆောင်ကြပါမည်။ ထိုမှတဆင့် နေ့လည်ပိုင်းတွင် လေဆိပ်သို့ မထွက်ခွာမီအချိန်အထိ နာမည်ကျော် Branded ပစ္စည်းများစွာဖြင့် စုံလင်လှသည့် Aeon Mall တွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။ ညနေပိုင်းတွင် ဟနွိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပြီး Flight Check-in ပြုလုပ်ကာ ထိုမှတဆင့် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply