from 0 review
4D 3N
Specific Tour
1 person
English, Myanmar
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပါမည်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Sea life Ocean World နှင့် Madame Tussauds သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Siam & MBK ရှော့ပင်းမောလ်တွင် ဈေးဝယ်ထွက်ပါမည်။ ညစာကို Twin Tower ဟိုတယ်ရှိ ဘူဖေးစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် Dream World (Super VISA Ticket) သို့သွားရောက်လည်ပတ်ရန် ဟိုတယ်မှထွက်ခွာပြီး Snow Town နှင့် Go Kart၊ (သီးသန့် Canival Games) များပါရှိသော စွန့်စားခန်းဂိမ်းများစွာကိုသွားရောက်ကစားကြပါမည်။ နေ့လည်စာကို ပန်းခြံအတွင်းရှိဘူဖေးစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက်ဘန်ကောက်သို့ပြန်လည်ထွက်ခွာပါမည်။ဘန်ကောက်သို့ပြန်လည်ရောက်ရှိပြီးနောက် Mahanakhon Sky Walk သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Baiyoke sky Tower တွင် ဘူဖေးညစာသုံးဆောင်ပြီး ဟိုတယ်သို့ ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Wat Pho နှင့် Wat Arun ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် ဘူဖေးသုံးဆောင်ပြီးနောက် Icon Siam Shopping Mall တွင် မိမိတို့စိတ်ကြိုက်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ကျောက်ဖုရားမြစ်တွင် ညစာစားရန် Icon Siam Pier သို့သွားကာ ဘူဖေးညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check out ပြုလုပ်ကာ အားလပ်ချိန်များကို Pratunam & Central World Shopping Mall တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ပြီး နေ့လည်စာကိုမိမိတို့ကိုယ်ပိုင်စိတ်ကြိုက် သုံးဆောင်ပြီး နောက် လေဆိပ်သို့ထွက်ခွာပါမည်။လေဆိပ်သို့မရောက်မှီ Central Village တွင်အမှတ်တရဈေးဝယ်ထွက်ပြီးနောက် လေဆိပ်သို့ ရောက်ရှိသောအခါ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply