from 0 review
8D 7N
Specific Tour
1 person
English, Myanmar
မြေမြတ်မဟာ ဗုဒ္ဓဂယာ (၇ ညအိပ် ၈ ရက် ခရီးစဉ်)
အောက်တိုဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ
နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ
ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ
ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ
မတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ
ဧပြီလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ
ခရီးစဉ်ဈေးနှုန်း (၁၀ ဦးနှင့်အဖွဲ့အတွက်)
အမေရိကန်ဒေါ်လာ ၉၉၉ (ဟိုတယ်တစ်ခန်းလျှင် နှစ်ဦး သို့မဟုတ် သုံးဦးနှုန်း)
အမေရိကန်ဒေါ်လာ ၁၉၉ (တစ်ခန်းလျှင် တစ်ဦးတည်းနေလိုပါက ထပ်တိုးပေးရမည့် ပမာဏ)
No reservation has been made at this stage and confirmation may be subject to availability.
စီစဉ်ထားသော လေယာဉ်ဖြင့် ဂယာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်တွင် ခရီးသွားကိုယ်စားလှယ်မှ လာရောက်ကြိုဆိုကာ ဗုဒ္ဓဂါယာသို့ ဆက်လက်ထွက်ခွာပါမည်။ ထို့နောက် ဟိုတယ်သို့ Check-in ဝင်ရန် ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် နေ့လည်ပိုင်းတွင် ဘီစီ ၃ ရာစုတွင် မဟာအသောက တည်ခဲ့သော မဟာဗောဓိစေတီတော်သို့ သွားရောက်လည်ပတ်ပါမည်။ ပြီးလျှင် မြတ်စွာဘုရားပွင့်တော်မူခဲ့ရာ နှစ်ပေါင်း ၃၀၀ ခန့် သက်တမ်းရှိသည့် ဗောဓိညောင်ပင်သို့ သွားရောက်ပါမည်။ ထိုသစ်ပင်အောက်တွင် တရားထိုင်နိုင်ပါသည်။ ပြီးလျှင် ဗုဒ္ဓဂါယာတွင် မိမိအစီအစဉ်ဖြင့် ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Hotel တွင် သုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ကားဖြင့် ဗာရာဏသီမြို့သို့ ဆက်လက်ထွက်ခွာမည်။ (ခရီးအကွာအဝေး ၂၄၃ ကီလိုမီတာ၊ ခန့်မှန်း ခရီးစဉ်ကြာချိန် ၅ နာရီမှ ၆ နာရီ) ဖြစ်ပြီး နေ့လည်ပိုင်းတွင် ဗာရာဏသီမြို့ရှိ ဟိုတယ်တွင် Check-in ဝင်ပြီးနောက် ခေတ္တအနားယူပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဦးဟောရာ ဓမ္မရာဇိကစေတီ၊ သီရိလင်္ကာဓာတ်တော်တိုက် ချောက်ခဏ္ဏီစေတီ၊ မူလဂန္ဓကုဠီတိုက်၊ အနတ္တလက္ခဏာသုတ်တော် ဟောတော်မူရာတွင် တည်ထားသော ဓမ္မေကစေတီ၊ သမင်ဥယျာဉ်နှင့် ပြတိုက် (မှတ်ချက် – သောကြာနေ့တိုင်း ပိတ်သည်) နှင့် ကြီးကျယ်ခမ်းနားသော ခြင်္သေ့ကြီး ၄ ဆူ ရုပ်ထုကြီးတို့အား လေ့လာလည်ပတ်ကြပါမည်။
ညနေစာသုံးဆောင်ပြီးနောက် ဗာရာဏသီရှိ ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။
နံနက်စောစောတွင် ဂင်္ဂါမြစ်အတွင်း လှေစီးပြီး နေထွက်ချိန်အလှကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် ဟိုတယ်တွင် နံနက်စာ ပြန်လည်သုံးဆောင်ပြီးနောက် ကောသလမင်းကြီး၏မြို့တော်ဖြစ်ခဲ့ရာ သာဝတ္ထိသို့ ဆက်လက်ထွက်ခွာပါမည်။ သာဝတ္ထိသို့ရောက်လျှင် နေ့လည်စာသုံးဆောင်ပြီးနောက် သမိုင်းဝင်အထင်ကရနေရာများ ဖြစ်ရာ မြတ်စွာဘုရား (၂၅) ဝါတိုင်တိုင် သီတင်းသုံးခဲ့သော ဇေတဝန်ကျောင်းတော်ရာ အတွင်းရှိ (အာနန္ဒာဗောဓိပင်) ရေတွင်းနေရာ၊ ဂန္ဓာကုဠီကျောင်းတော်ရာ၊
ရှင်သီဝလိကျောင်းတော်တို့ကို သွားရောက်ဖူးမြော်ပါမည်။ ကောသလမင်း၏ နန်းတော်ရာ၊ အင်္ဂုလိမာလကျောင်းတော်ရာ၊ စိဉ္စမာနမြေမြိုရာနေရာ၊ ဒေဝဒတ်မြေမြိုရာနေရာ၊ သရက်ဖြူကုန်းနေရာတို့သို့ ပို့ဆောင်ပေးပါမည်။ ညပိုင်းတွင် ဟိုတယ်သို့ ပြန်လည် ရောက်ရှိပြီး ညစာသုံးဆောင်ကာ သာဝတ္ထိမြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီသို့ ခရီးဆက်လက်ထွက်ခွာပါမည်။ ခရီးလမ်းတလျှောက်တွင် အိန္ဒိယ - နီပေါ နယ်စပ်၌ နီပေါနိုင်ငံသို့ဝင်ရောက်ခွင့်ဗီဇာအား ပြုလုပ်ရပါမည်။ နေ့လည်စာအား လုမ္ဗိနီတွင် သုံးဆောင်ပြီးနောက် လုမ္ဗိနီကျောင်းတိုက်အတွင်း၌ ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်ရာ အထိမ်းအမှတ်စေတီ၊ ပြတိုက် အသောက ကျောက်တိုင် နှင့် ရေပူရေအေးစီးဝင်ရာ ကန်များအား လေ့လာဖူးမြော်ကြပါမည်။ ညနေပိုင်းတွင် ဟိုတယ်သို့ ရောက်ရှိပြီး ညစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ကုသိနာရုံသို့ ဆက်လက်ထွက်ခွာပါမည်။ ကုသိနာရုံသို့ ရောက်ရှိပြီး ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် မြတ်စွာဘုရားတေဇောဓာတ် လောင်ကျွမ်းရာ အင်္ဂါရစေတီ၊ မဟာပရိတ်နိဗ္ဗာနစေတီနှင့် နောက်ဆုံးရေကြည်တော် သောက်သုံးရာနေရာတို့ကို ဖူးမြော်ရန်အတွက် လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နောက် Hotelသို့ ပြန်၍ ညနေစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီး ကုသိနာရုံမှ ဝေသာလီသို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင် ဝေသာလီသို့ရောက်ရှိပြီး နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ဝေသာလီရှိ ဒုတိယသင်္ဂါယနာတင်ရာ နေရာ၊ လိစ္ဆဝီမင်းများ၏ ဓာတ်တော်တိုက်နှင့် လစ္ဆဝီမင်းများ ခေါင်းဆေးမင်္ဂလာပြုရာကန်တို့ကို ဖူးမြော်ပြီး ဝေသာလီတွင် အနားယူအိပ်စက်ကြပါမည်။
နံနက်စာသုံးဆောင်ပြီး ဝေသာလီမှ ရာဇဂြိုလ်သို့ ထွက်ခွာရာ ခရီးလမ်းတစ်လျှောက်တွင် နာလန္နာန်ရှိ BC ၅ ရာစုက တည်ထောင်ခဲ့သည့် ကမ္ဘာ့အထင်ကရအဖြစ်ဆုံး ရှေးဟောင်းဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်လေ့လာ လည်ပတ်ကြပါမည်။ ထို့နောက် ရာဇဂြိုလ်မြို့သို့ ဆက်လက်ထွက်ခွာပြီး ရာဇဂြိုလ်ရှိ ဝေဘူယျတောင်၊ ဂျပန်ငြိမ်းချမ်းရေးစေတီ၊ ဂိဇ္ဈကုဋ်တောင်၊ ဗိမ္ဗီသာရ အကျဉ်းထောင်နှင့် ဝေဠုဝန်ကျောင်းတော်နေရာတို့ကို သွားရောက်လည်ပတ်ပါမည်။ ရာဇဂြိုလ်ရှိ ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် ဂယာသို့ ဆက်လက်ထွက်ခွာပါမည်။ ဂယာမြို့သို့ ရောက်ရှိသောအခါ ဟိုတယ်သို့ Check-in ဝင်ပြီးနောက် ညစာသုံးဆောင်ကာ အနားယူအိပ်စက်ပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဂယာရှိ ဂျပန်ကမာကူရဘုရားကြီးသို့ သွားရောက်ဖူးမြော် ကြပါမည်။ ပြီးလျှင် မြတ်စွာဘုရား ဉာဏ်အလင်းရပြီးနောက် ရေချိုးတော်မူခဲ့သည့် နေရဥ္ဇရာမြစ်၊ ဗုဒ္ဓဂါယာ၏အနောက်ဘက် 2 ကီလိုမီတာ Phalgu မြစ်အနီးရှိ ဥရုဝေလနွယ်ဖွား သိဒ္ဓတ္ထမင်းသားအား ဃနာနို့ ဆွမ်း ဆက်ကပ်ရာ ဘုရားကျောင်းဖြစ်သည့် သုဇာတာအိမ်ရာသို့ သွားရောက်လေ့လာကြပါမည်။ ထိုမှတဆင့် နေ့လည်စာသုံးဆောင်ပြီးနောက် ဂယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ပြန်လည်ပို့ဆောင်ပေးပြီး မြန်မာနိုင်ငံ ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာခရီးစဉ် ပြီးဆုံး မည် ဖြစ်ပါသည်။
Leave a reply