from 0 review
3D 2N
Specific Tour
1 person
English, Myanmar
(၂ ညအိပ် ၃ ရက်)
ဇွန်လ မှ အောက်တိုဘာလအတွင်း
တစ်ဦးလျှင်ဈေးနှုန်း
Hotel Information (4* Hotel)
· စင်ကာပူအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ meeting point တွင် သက်ဆိုင်ရာ ယာဉ်မောင်းနှင့် တွေ့ဆုံပြီး ဟိုတယ်သို့သက်ဆိုင်ရာခရီးသွားလုပ်ငန်းတာဝန်ရှိသူနှင့် တွေ့ဆုံပြီး ထိုမှတဆင့် ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
· ထိုမှတဆင့် ဟိုတယ်သို့ check-in ဝင်ပြီးနောက် ညနေပိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်အချိန်များအား စိတ်ကြိုက်ပျော်ရွှင်စွာ ကုန်ဆုံးနိုင်မည်ဖြစ်ပါသည်။
· စင်ကာပူ၏ ဒုတိယနေ့အဖြစ် SIC Half Day City Tour အနေဖြင့် သွားရောက်လည်ပတ်ကြပါမည်။ Suntec City နှင့် Singapore Flyer တို့အား ကားပေါ်မှ ဖြတ်သန်းသွားရင်း မြင်တွေ့နိုင်ပါမည်။ Merlion park တွင် ကားရပ်နားပေးပြီး ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများရိုက်ကြပါမည်။ ထိုမှတဆင့် China Town ရှိ Thian Hock Keng Temple သို့ ပို့ဆောင်ပေးပြီး ပျော်ရွှင်စွာ လေ့လာလည်ပတ်ကြပါမည်။
· ထို့နောက် Souvenir Shop တွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပြီးနောက် Chocolate Gallery သို့ ဆက်လက်၍ သွားရောက်လေ့လာပြီး စိတ်ကြိုက်ဈေးဝယ်ထွက်ပါမည်။
· ထိုမှတဆင့် Garden by the Bay ၏ အပြင်ဘက်တွင် ပျော်ရွှင်စွာအမှတ်တရစိတ်ကြိုက်ဓာတ်ပုံများရိုက်ရန်အတွက် မိနစ် (၃၀) အချိန်ပေးပါမည်။ (exclude Flower Dome, Cloud Forest & OCBC Skyway)
· SIC Half Day City Tour ပြီးချိန်တွင် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
· ဟိုတယ်တွင် ခေတ္တခဏအနားယူပြီးနောက် Trickeye Museum သို့ သွားရောက်လည်ပတ်နိုင်ပါမည်။ (ဟိုတယ်မှ Trickeye Museum သို့ အသွားအပြန် transportation အား ဧည့်သည်များ၏ ကိုယ်ပိုင်အစီအစဉ်၊ အသုံးစရိတ်ဖြင့် သွားရောက်နိုင်မည်ဖြစ်ပါသည်။)
· စင်ကာပူမြို့ရှိဟိုတယ်တွင် ပျော်ရွှင်စွာ အနားယူအိပ်စက်ပါမည်။
· နံနက်ပိုင်းတွင် ဟိုတယ်မှ Check-out ပြုလုပ်ကာ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ (နိုင်ငံတကာ ဟိုတယ် Check-out time မှာ နေ့လည် ၁၂ နာရီအထိဖြစ်ပါသည်။)
· SIC transfer အနေဖြင့် လေယာဉ်မထွက်ခွာမီ (၄) နာရီအလိုတွင် ဟိုတယ်မှ လေဆိပ်သို့ ပို့ဆောင်ရန်အတွက် လာရောက်ခေါ်ဆောင်မည်ဖြစ်ပါသည်။
· ထိုမှတဆင့် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply