from 504 USD
Inquiry

ရန်ကုန် – ဘန်ကောက် ပျော်ရွှင်စရာခရီးစဉ်

Bangkok
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

Travel Length     :  3N4D
Travel date          : 28~31 May/26~29 June/25~28 July/8~11 August/ 27~30 Sep 2025
Price                       :  USD 504 (With Tour Leader)  ( ၂ဦးလျှင် ၁ ခန်းနှုန်းဖြင့်)
အထက်ဖော်ပြပါခရီးစဉ်စျေးနှုန်းသည် လူဦးရေ (10)ဦးပြည့်မှသာ ခရီးစဉ်ထွက်ခွာမည်ဖြစ်ပါသည်။

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ)
  • အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day-1 ရန်ကုန်-ဘန်ကောက် (- / L/ D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပါမည်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Sea life Ocean World နှင့် Madame Tussauds သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Siam & MBK ရှော့ပင်းမောလ်တွင် ဈေးဝယ်ထွက်ပါမည်။ ညစာကို Twin Tower ဟိုတယ်ရှိ ဘူဖေးစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။

Day-2 ဘန်ကောက် (B /L /D)

နံနက်စာသုံးဆောင်ပြီးနောက် Dream World (Super VISA Ticket) သို့သွားရောက်လည်ပတ်ရန် ဟိုတယ်မှထွက်ခွာပြီး Snow Town နှင့် Go Kart၊ (သီးသန့် Canival Games) များပါရှိသော စွန့်စားခန်းဂိမ်းများစွာကိုသွားရောက်ကစားကြပါမည်။ နေ့လည်စာကို ပန်းခြံအတွင်းရှိဘူဖေးစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက်ဘန်ကောက်သို့ပြန်လည်ထွက်ခွာပါမည်။ဘန်ကောက်သို့ပြန်လည်ရောက်ရှိပြီးနောက် Mahanakhon Sky Walk သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Baiyoke sky Tower တွင် ဘူဖေးညစာသုံးဆောင်ပြီး ဟိုတယ်သို့ ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။

Day-3 ဘန်ကောက် (B /L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Wat Pho နှင့် Wat Arun ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် ဘူဖေးသုံးဆောင်ပြီးနောက် Icon Siam Shopping Mall တွင် မိမိတို့စိတ်ကြိုက်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ကျောက်ဖုရားမြစ်တွင် ညစာစားရန် Icon Siam Pier သို့သွားကာ ဘူဖေးညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။

Day-4 ဘန်ကောက် - ရန်ကုန် (B/ -/ -)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check out ပြုလုပ်ကာ အားလပ်ချိန်များကို Pratunam & Central World Shopping Mall တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ပြီး နေ့လည်စာကိုမိမိတို့ကိုယ်ပိုင်စိတ်ကြိုက် သုံးဆောင်ပြီး နောက် လေဆိပ်သို့ထွက်ခွာပါမည်။လေဆိပ်သို့မရောက်မှီ Central Village တွင်အမှတ်တရဈေးဝယ်ထွက်ပြီးနောက် လေဆိပ်သို့ ရောက်ရှိသောအခါ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • Local English-speaking guide
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း (သို့) သုံးဦးလျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် မနက်စာ ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသောလည်ပတ်မှုများ
  • Tipping for Guide & Driver
  • နေ့စဉ်သောက်ရေသန့်နှစ်ဗူးစီ ဝန်ဆောင်မှု
  • ရန်ကုန် - ဘန်ကောက် - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်များ
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Bangkok

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 504 USD

Inquiry





    You might also like