from 0 review
3D 2N
Specific Tour
1 person
English, Myanmar
ကမ်းခြေမှာ အနားသွားယူရင်း ကြည်နူးစရာအမှတ်တရလေးတွေကို ဖန်တီးနိုင်မယ့် ရန်ကုန် – ငွေဆောင် – ရန်ကုန် (၂ ညအိပ် ၃ ရက်) ခရီးစဉ်ဖြစ်ပါတယ်။ ပိတ်ရက်တွေမှာ ကမ်းခြေအပန်းဖြေခရီးထွက်ချင်တဲ့ မိတ်ဆွေတို့အခုပဲစီစဉ်လိုက်တော့နော်။
ရန်ကုန် - ငွေဆောင်
နံနက် (၆ နာရီ) ခန့်တွင် ရန်ကုန်မှ ခရီး စတင်ထွက်ခွာပါမယ်။ နံနက်စာ ကို ညောင်တုန်းမြို့ တွင်သုံးဆောင်ပြီး ငွေဆောင်ကမ်းခြေသို့ ခရီးဆက်ပါမယ်။ နေ့လည်စာကို ငွေဆောင်ရှိ ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check – in ဝင်ပါမယ်။ ညစာ ကို ငွေဆောင်ရှိ ဒေသစားသောက်ဆိုင် တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမယ်။
ငွေဆောင်
နံနက်စာကို ဟိုတယ် တွင် သုံဆောင်ပြီးနောက် ပင်လယ်ကမ်းခြေ၏ အလှအပများကို ခံစားရင်းအေးချမ်းစွာအနားယူပါမယ်။ နေ့လည်စာနဲ့ ညစာကို ငွေဆောင်ရှိဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး နောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမယ်။
ငွေဆောင် - ရန်ကုန်
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး နေ့လည် ၁၁ နာရီခန့်တွင် ဟိုတယ်မှ Check-out ထွက်ကာ ရန်ကုန်သို့ စတင်ထွက်ခွာပါမယ်။ ပုသိမ်မြို့တွင် နေ့လည်စာသုံးဆောင်ပြီး ခရီးဆက်ပါမယ်။ ညနေပိုင်းအချိန်တွင် ရန်ကုန်မြို့သို့အေးချမ်းစွာ ပြန်လည်ရောက်ရှိလာပြီး ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမှာဖြစ်ပါတယ်။
Leave a reply