from 0 review
5D 4N
Specific Tour
1 person
English, Myanmar
လူကြီး တစ်ဉီးလျှင် = 350,000/- ကျပ် (၂ ယောက်ခန်း သို့ ၃ ယောက်ခန်း)
နံနက် ( ၅ နာရီ ) ခန့်တွင် ရန်ကုန်မှ ခရီး စတင်ထွက်ခွာပါမည်။ နံနက်စာ ကို 115 မိုင် တွင်သုံးဆောင်ပြီး ခရီးဆက်ပါမည် ။ နေ့လည်စာကို ဒေသစားသောက်ဆိုင် တွင်သုံးဆောင်ပြီးနောက် ပုဂံသို့ ခရီးဆက်ပါမည်။ ညနေပိုင်းတွင် ပုဂံ သို့ရောက်ရှိပြီး ဟိုတယ်တွင် Check – in ဝင်ပါမည်။ ညစာ ကို ဟိုတယ်တွင် Set Menu ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပုဂံဘုရား များအား စတင်ဖူးမြော်ပါမည်။ မနူဟာဘုရား ၊သဗ္ဗညုဘုရား ၊ကန်တော့ပလ္လင်ဘုရား ၊အာနန္ဒာဘုရား များ သို့ သွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကို မြေအိုး စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား ၊ပြဿဒါးကြီး (ပြဿဒ်ကြီး) စသည့် ဘုရားများ သွားရောက်ဖူးမြော်ပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပုပ္ပါးတောင် သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာ ကို မြန်မာဘူဖေးဖြင့်သုံးဆောင် ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ရွှေစည်းခုံစေတီ၊ အလိုတော်ပြည့်ဂူဘုရား ၊ ထီးလိုမင်းလိုဘုရား ၊ ဗူးဘုရား များသို့ သွားရောက် ဖူးမြော်ပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပြည့်ငါးပြည့်ဘုရားငါးဆူ ဖြစ်သော လောကနန္ဒာ၊ တာမဏေသိမ် ၊ ရွှေဆံတော်၊ ဓမ္မရာဇကဘုရားရှိ (၂) ဆူအားသွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင် ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ခေတ္တအနားယူ ပါမည်။ ညနေပိုင်းတွင် အပြန်လမ်းတွင် ပိုင်ထန်းတော သို့ ဝင်ကာ ထန်းရည်ချိုများ သောက်သုံးပြီနောက် အညာဒေသထွက် လက်ဆောင် များအား စိတ်ကြိုက် ဝယ်ယူကြပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။
ရန်ကုန်မြို့ သို့ နံနက်စောစောတွင် အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ပြီးနောက် ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည် ဖြစ်ပါသည်။
Leave a reply