from 2,080 USD
Inquiry

ရန်ကုန် – တိုကျို – ရန်ကုန်

Yangon - Japan - Yangon
0/5
Duration

7D 6N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ရန်ကုန် – တိုကျို – ရန်ကုန်

(၇ရက်/ ၆ည)

ခရီးစဉ်ထွက်ခွာမည့်ရက်များ

ဇွန်လ ၁၀ရက် မှ ၁၇ ရက်နေ့အထိ

ဇူလိုင် ၈ရက်မှ ၁၄ရက်နေ့အထိ

သြဂုတ်လ ၁၂ရက်မှ ၁၈ရက်နေ့အထိ

စက်တင်ဘာလ ၉ရက်မှ ၁၅ရက်အထိ

အောက်တိုဘာ ၃ရက်မှ ၉ရက်အထိ

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်း ဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day-1 ရန်ကုန် - ဘန်ကောက် - နာရီတာ (-)

· ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

· ထိုမှတဆင့် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ပါသည် ။

Day-2 ဘန်ကောက် - နာရီတာ (-)

· နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါတွင် သက်ဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည် ဖြစ်ပါသည်။

· ထို့နောက် ဟိုတယ်သို့ သွားရောက်ကာ Check in ဝင်ပြီးနောက် အေးချမ်းစွာဖြင့် အနားယူအိပ်စက်ပါမည်။

Day-3 တိုကျို (နံနက်စာ/-/-)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် တိုကျို၏ ရှေးအကျဆုံးနှင့် သမိုင်းကြောင်းကြွယ်ဝပြီး အထင်ရှားဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်သည့် Sensoji ဘုန်းကြီးကျောင်းကို သွားရောက်လည်ပတ်လေ့လာကြည့်ရှုပါမည်။

· ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက် အစာအသောက်များဖြင့် သက်ဝင်လှုပ်ရှားနေသော Nakamise Shopping Street သို့ ဆက်လက်သွားရောက် လည်ပတ်မည်ဖြစ်ပါသည်။

· ထို့နောက် ၃၅၀ မီတာမြင့်သော Upper deck သို့ တက်ရောက်ကာ မြို့တော်၏ရင်သပ်ရှုမောဖွယ်ရာ ရှူခင်း အလှအပကို Tokyo Sky tree မှတဆင့် ကြည့်ရှုခံစားလိုက်ပါ။

· ဆက်လက်၍ ရင်သပ်ရှုမောဖွယ်ရာ အလွန်လှပသော ကျုံးများ တော်ဝင်ဥယျာဉ် များဖြင့် ဝန်းရံထားသော မိသားစုတို့နေထိုင်ရာ Imperial Palace သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

· နေ့လည်ခင်းတွင် Game, Anime ချစ်သူများအတွက် သုခဘုံဖြစ်သည့် Akhabara သို့ သွားရောက် ကြည့်ရှုလေ့လာမည် ဖြစ်ပါသည်။

· ညနေခင်းတွင် တိုကျို၏ ဈေးဝယ်ထွက်ရာနေရာ ၊ အရသာရှိလှသော အစားအသောက်များတည်ရှိရာ နာမည်ကျော် မီးရောင်စုံများဖြင့် အလွန်စည်ကားလှပသော Ginza သို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

· ထို့နောက် ဟိုတယ်သို့ ပြန်ကာ အနားယူအိပ်စက်မည်ဖြစ်ပါသည်။

Day-4 Tokyo - Hakone (နံနက်စာ /- /-)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သဘာဝအလှတရားများနှင့် ဖူဂျီတောင်၏ လှပသော ရှုခင်းများဖြင့် လူသိများသော Hakone ဒေသသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။

· Hakone သို့ရောက်လျှင် အလွန်ကြည်လင်လှပသော Asahi Lake တွင်ရှိသည့် Kojiri ဆိပ်ကမ်းမှ အပန်းဖြေအပျော်စီးသင်္ဘောဖြင့် ဖူဂျီတောင်၏အလှအပကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။

· ဆက်လက်၍ သဘာဝရေပူစမ်းများ မီးတောင်များ ဖြင့် ကျော်ကြားလှသော Owakudani တောင်ကြားသို့ Ropeway စီးပြီး သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။

· တိုကျိုသို့ မပြန်မီ တောအုပ်တခုထဲရှိ ရေကန်အနီးတွင် တည်ရှိပြီး အနီရောင်ဂိတ်ဟု ထင်ရှားကျော်ကြားသည့် Hakhone Shrine သို့ သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။

· ထို့နောက် တိုကျိုသို့ပြန်ကာ ဟိုတယ်တွင် အိပ်စက်အနားယူမည်ဖြစ်ပါသည်။

Day-5 Tokyo (နံနက်စာ /-/-)

· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး‌နောက် လတ်ဆတ်သော ပင်လယ်စာများ၊ ရိုးရာဒေသစားသောက်ဖွယ်ရာများ၊ ရိုးရာ အဆာပြေစားစရာမျိုးစုံများကို ကြည့်ရှုလေ့လာနိုင်သည့် Tsukiji Market သို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ပါသည်။

· ထို့နောက် တိုကျိုပင်လယ်အော် ရှိ လူလုပ်ကျွန်းပေါ်တွင် ဖျော်ဖြေရေးများကို လှည့်လည် ကြည့်ရှုပြီးနောက် ဈေးဝယ်ရပ်ကွက်ဖြစ်သော Odaiba Park သို့ သွားရောက်ကာ ဆွဲဆောင်မှုရှိပြီး သာယာလှပသော ကမ်းနား ရှုခင်းများကိုပါ လေ့လာကြည့်ရှုမည်ဖြစ်ပါသည်။

· အနီရောင်နှင့် အဖြူရောင်တို့ဖြင့် ရောစပ်ထားပြီး ထင်ရှားသော အသွင်အပြင် ရှိသည့် တိုကျို မျှော်စင်တွင် အလွန်လှပသော ဓာတ်ပုံများရိုက်ကူးကြပါမည်

· ထို့နောက် မြို့လည်ကောင်ရှိ တောအုပ်လေးထဲတွင်ရှိပြီး Meiji ဧကရာဇ်မင်းမြတ် အတွက် ရည်စူးထားပြီး အလွန်သာယာလှပသော Meiji Jingu Shrine သို့သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။

· နေ့လည်ခင်းဘက်တွင် ကမ္ဘာပေါ်ရှိ လူသွားအများဆုံး လမ်းဆုံဖြစ်သည့် Shibuya Scramble Crossing ကို တွေကြုံခံစားကြပါမည်။ ထို့အပြင် သူ၏ပိုင်ရှင်ကို သစ္စာ ရှိရှိ စောင့်ဆိုင်းနေသော သစ္စာရှိ ခွေးကလေးကို ဂုဏ်ပြုသော အားဖြင့် တည်ဆောက်ထားသော Hachiko Memorial ရုပ်ထုကိုလဲ သွားရောက်ကြည့်ရှုကြမည်ဖြစ်သည်၊

· တနေ့တာလုံး လည်ပတ်သွားလည်ပြီးသည့်နောက်တွင် ဟိုတယ်သို့ ပြန်ကာ အနားယူအိပ်စက်မည် ဖြစ်ပါသည်။

Day 6 Tokyo (Narita ) – Bangkok (နံနက်စာ /-/-)

· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်ခေတ္တ အနားယူကာ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ကာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ် သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ပါသည်။

· ထို့နောက် သုဝဏ္ဏဘူမိလေဆိပ်တွင် မြန်မာပြည်သို့ဆက်လက်ထွက်ခွာ ရန် ခေတ္တ စောင့်ဆိုင်းပါမည်။

Day 7 Bangkok -Yangon (နံနက်စာ /-/-)

· နံနက်ခင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံအပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။

· ဘေးရန်ကင်းပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် ဟိုတယ်တွင် နံနက်စာသုံးဆောင်ခွင့်
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသောလည်ပတ်မှုများနှင့် ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် ဝန်ဆောင်မှု
  • ရန်ကုန် - ဘန်ကောက် - နာရီတာ - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်များ
  • ခရီးစဉ်တစ်လျှောက် အစားအသောက်ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် မြန်မာစကားပြော ဧည့်လမ်းညွှန် ဝန်ဆောင်မှု
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Yangon - Japan - Yangon

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 2,080 USD

Inquiry





    You might also like