from 0 review
6D 5N
Specific Tour
1 person
English, Myanmar
တစ်ဦးလျှင်ဈေးနှုန်း
USD 1610 (နှစ်ယောက် တစ်ခန်းနှုန်းဖြင့်)
***ခရီးစဉ်အတွက် လူဦးရေ (၁၀) ဦးပြည့်မှသာလျှင် စတင်ထွက်ခွာလို့ရပါမည်။***
Travel period – ၂၀၂၅ မေလမှ စက်တင်ဘာအထိ
Travelling Date
· 7th May 2025 to 12th May 2025
· 11th June 2025 to 16th June 2025
· 9th July 2025 to 14th July 2025
· 6th August 2025 to 11th August 2025
· 10th Sept 2025 to 15th Sept 2025
4* Hotel (WITH Tour Leader) | 10 pax | Single Supplement |
---|---|---|
1610 | 295 |
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုကြပြီး ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ကာ အနားယူကြပါမည်။ ထို့နောက် နေ့လည်စာကို Thai Chi စားသောက်ဆိုင်တွင် ဘူဖေးနေ့လည်စာ သုံးဆောင်ကြပါမည်။Palm Island သို့မသွားမှီ Atlantis ဟိုတယ်၏ရှုခင်းများအား နောက်ခံထားပြီး ပျော်ရွှင်စွာ ဓာတ်ပုံသွားရိုက်ကြပါမည်။ (Gateway Station မှ Atlantis Hotel Station သို့ လက်မှတ်တကြောင်းစာပါမည်) ညနေပိုင်းတွင် Atlantis The Royal Hotel ရှိ Gastronomy restaurant တွင် ညစာသုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ ပြန်လည်ကာအိပ်စက်အနားယူကြပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် Sharjah မြို့သို့လည်ပတ်ပြီး Sharjah မြို့သို့ရောက်သောအခါ Sharjah ဗလီနှင့် Quran အဝိုင်းသို့ သွားရောက်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကြပါမည်။ ထို့နောက် Train Shopping center တွင် မိမိတို့ကိုယ်ပိုင်အစီစဉ်ဖြင့် စျေးဝယ်ထွက်ကြပါမည်။နေ့လည်စာကို AI Ibrahimi စားသောက်ဆိုင်တွင် နေ့လည်စာ ကို အရသာရှိစွာ သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် စိတ်လှုပ်ရှားဖွယ်ရာမြူးမြူးကြွကြွအကအလှ များသာမက ရိုးရာဖြစ်သော လက်ဖမိုးပေါ်တွင်လှပသည့် လက်ပန်းချီများဆွဲကာသဲကန္တာရသို့သွားရောက် လည်ပတ်ကြ ပါမည်။ ထို့နောက် ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်လည်ကာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒူဘိုင်းမြို့သို့ စတင်လည်ပတ်ပါမည်။ဒူဘိုင်းမြို့၏ အထင်ကရ နေရာဖြစ်သော Dubai Frame သို့သွားရောက်ပြီး Museum of the Future (လက်မှတ်မပါဝင်ပါ)တွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် နေ့လည်စာကို Asiana Grand Hotel ရှိ ဘူဖေးစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ကြပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Al Fahidi မြို့ဟောင်းနှင့် Bastakiya ၏ ရိုးရာအမွေအနှစ်များကို ဆက်လက်လေ့လာကြည့်ရှုပါမည်။ ထို့နောက် မြစ်ကိုဖြတ်ကာ Abra ride စီးပြီး ဒူဘိုင်းရိုးရာအမွှေးနံ့သာတန်း၊ ရွှေဆိုင်တန်း စသည့် စျေးတန်းများကိုလည်ပတ်ကာ ပျော်ရွှင်စွာ စျေးဝယ်ထွက်ကြပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်လည်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် စိတ်လှုပ်ရှားဖွယ်ရာကောင်းသော Address Sky View သို့ သွားရောက်လည်ပတ်ပါမည်။(ဝင်ကြေးပါဝင်ပြီး) ထို့နောက် Jumeirah ကမ်းခြေသို့ သွားရောက်ပြီး Burj Al Aracb တွင် ဓာတ်ပုံရိုက်ရင်း အပန်းဖြေ အနားယူကြပါမည်။ ထို့နောက် ဟိုတယ်အတွင်းရှိ Al Lwan restaurant တွင် နေ့လည်စာသုံးဆောင်ကြပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Dubai Marina တွင် သီးသန့်နှစ်နာရီကြာ ဇိမ်ခံရွက်လှေ ဖြင့် Bluewaters ကျွန်းကို သွားရောက်လည်ပတ်ပါမည်။ထို့နောက် Dubai Mall သို့မသွားမှီ ရိုးရာ Arabian စျေးဖြစ်သော Madinat Jumeirah သို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် Burj Khalifa ၏ ၁၂၄ထပ်မှ ရင်သပ်ရှုမောဖွယ် နေဝင်ချိန်ကို ကြည့်ရှုပြီး Dubai Fountain Show ကို ကြည့်ရှုကြပါမည်။ ညစာကို Daniel စားသောက်ဆိုင်တွင် Arabic Buffet ညစာဖြင့် သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်လည်ကာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အဘူဒါဘီမြို့သို့ ထွက်ခွာပါမည်။ အဘူဒါဘီသို့ရောက်ရှိသောအခါ ခမ်းနားထည်ဝါသော Sheikh Zayed Grand Mosque သို့သွားရောက်လည်ပတ်ပါမည်။ ဝတ်စားဆင်ယင်မှုများကို အထူးသတိပြုရန်မှာ (အမျိုးသမီးများသည် အင်္ကျီလက်ရှည်အပြည့်ကို ပဝါနှင့် ဝတ်ဆင်ရမည်ဖြစ်ပြီး အမျိုးသားများသည် ဘောင်းဘီအရှည်ကိုသာ ဝတ်ဆင်ရမည်ဖြစ်သည်)စသဖြင့် ဖော်ပြထားပါသည်။ အဘူဒါဘီ၏ အမြင့်ဆုံးအဆောက်အဉီးများထဲမှ တခုဖြစ်သည့် Eithad Towers တွင် အမှတ်တရ ဓာတ်ပုံများရိုက်ကြပြီး(ဝင်ကြေးလက်မှတ်မပါဝင်ပါ) နေ့လည်စာကို Sofitel Abu Dhabi Corniche တွင် နေ့လည်စာသုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အဘူဒါဘီတွင် အကြီးဆုံး Mall တခုဖြစ်သော Yes Mallကို သွားရောက်လည်ပတ်ကာ စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် နေ့လည်ခင်းတွင် Marina Walk တွင် လမ်းလျှောက်ကာ အမှတ်တရဓာတ်ပုံများရိုက်ပြီး ဒူဘိုင်းသို့ပြန်လည်ထွက်ခွာပါမည်။ ဒူဘိုင်းသို့ရောက်ရှိသောအခါ Marina Dhow Cruise ဖြင့် အပန်းဖြေအနားယူရင်း ညစာကို ဘူဖေးသုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ကာ တစ်ညတာအိပ်စက်အနားယူကြပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ check out လုပ်ကာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကာ ဒူဘိုင်း၏မမေ့နိုင်သောခရီးစဉ်အမှတ်တရများဖြင့် ခရီးစဉ်ပြီးဆုံးပါမည်။
Leave a reply