from 462 USD
Inquiry

Siem Reap – Phnom Penh Package

Siem Reap - Phnom Penh
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

(၃ညအိပ် ၄ရက်ခရီးစဉ်)

ခရီးစဉ်ထွက်ခွာမည့်နေ့

မေလ ၁၈ ရက်နေ့မှ၂၁ ရက်နေ့အထိ

ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ

ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ

ဩဂုတ်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ

စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ

တစ်ဦးလျှင်ဈေးနှုန်း

USD 462(နှစ်ယောက် တစ်ခန်းနှုန်းဖြင့်)

***ခရီးစဉ်အတွက် လူဦးရေ (10)ဦးပြည့်မှသာ ခရီးစဉ်ထွက်ခွာမည်ဖြစ်ပါသည်။***

 

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ
  • ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့်

လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day-1 ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိမြို့ Arrival (- /-/ D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိပြီး Siem Reap လေဆိပ်သို့ဆက်လက်ထွက်ခွာပါမည်။ ကမ္ဘောဒီးယားနိုင်ငံရှိ Siem Reapအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပါမည်။ ထို့နောက် တော်ဝင်နန်းတော်ရှေ့ရှိ Preah Ang Chek နှင့် Preah Ang Chorm ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို ဒေသ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်၍ Siem Reap ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day-2 အမ်ကောဝပ် City Tour (B /L /D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် King Suryavarman II လက်ထက် ၁၂ ရာစုအစောပိုင်းက State Temple နှင့် မြို့တော်အဖြစ်တည်ဆောက်ခဲ့သော UNESCO အသိအမှတ်ပြု အမ်ကောဝပ်သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် ၁၅ ရာစုနှစ် (AD 802-1432) က တည်ဆောက်ခဲ့သော South Gate of Angkor Thom သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ အေဒီ ၁၁၈၆, ဘုရင် Jayavarman VII လက်ထက်က တည်ဆောက်ခဲ့ပြီး အခြားသော Angkor Temples များနှင့်မတူ ကွဲပြားခြားနား Ta Prohm Temple သို့ သွားရောက်လည်ပတ်ပါမည်။ လွန်စွာအံ့အားသင့်ဖွယ်ရာ သစ်ပင်ကြီးများ ထိုးထွက် ပေါက်ရောက်နေသည့် အပျက်အစီးများကြားမှ အလွန်လှပဆန်းကြယ်စွာတည်ရှိ ကျန်ရစ်နေသည့် တောအထပ်ထပ်ကြားမှ ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုအရှိဆုံး Ta Prohm Temple တွင် အမှတ်တရဓာတ်ပုံများ စိတ်ကြိုက်ရိုက်ကူးရင်း လေ့လာကြပါမည်။ ထို့နောက် နေဝင်ဆည်းဆာအလှအား Pre Rup Temple မှနေ၍ ကြည့်ရှုခံစားပါမည်။ထို့နောက် ညနေပိုင်းတွင် Apsara Dance ရှိုးနှင့်အတူကြည့်ရှုခံစားပြီး ဘူဖေးညစာအား ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် Night Market တွင် (၁) နာရီခန့် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။ထို့နောက် ဟိုတယ်သိုပြန်လည်အိပ်စက်အနားယူအိပ်စက်ပါမည်။

Day-3 စီရမ်ရိ - ဖနွမ်းပင် (B /L /D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဖနွမ်းပင်မြို့သို့ ထွက်ခွာပါမည်။ လမ်းခရီးတွင် ၁၂ ရာစုက Kompong Kdei မြို့အနီးတွင် မည်သည့်ဘိလပ်မြေမျှအသုံးပြုထားခြင်းမရှိဘဲ အုတ်ရိုးများဖြင့်စီကာတည်ဆောက်ထားသည့် ၇၅ မီတာရှည်လျားပြီး ၁၄ မီတာအမြင့်ရှိ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး Kom Pong Kdei Bridge တွင် ခေတ္တခဏအမှတ်တရဓာတ်ပုံများ ရိုက်ပါမည်။ထို့နောက် Skun Market တွင် နှံကောင်ကြော်၊ သရေစာ၊ ပင့်ကူနက်ကြီးများ၊ ရာသီအလိုက် အသီးအနှံများ အစရှိသည်တို့ကို မိမိတို့စိတ်ကြိုက် ဝယ်ယူစားသုံးနိုင်ပါမည်။ထိုမှတဆင့် ဖနွမ်းပင်မြို့သို့ (၆) နာရီခန့်ကြာ သီးသန့် Air-conditioned car ဖြင့် ဆက်လက်ထွက်ခွာပါမည်။နေ့လည်စာကို ဖနွမ်းပင်မြို့ရှိ ဒေသခံ

စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ဖနွမ်းပင်မြို့ရှိ ၁၈၆၆ ခုနှစ်က ကမ္ဘောဒီးယားဗိသုကာပညာရှင်များတည်ဆောက်ခဲ့သည့် ခမာဘုရင်နေထိုင်ခဲ့ရာ Royal Palace နှင့် ငွေပြားတစ်ပြားစီတွင် ၁ ကီလိုဂရမ်အလေးချိန်ရှိသည့် ငွေပြား ၅၀၀၀ ဖြင့် ကြမ်းခင်းပြုလုပ်ထားပြီး တန်ခိုးကြီးမြဘုရား Preah Keo ကိန်းဝပ်စံပယ်ရာ Silver Pagoda တို့သို့ သွားရောက်လည်ပတ်ပါမည်။ (မှတ်ချက်။ Royal Palace ပိတ်ချိန်မှာ ညနေ ၄ နာရီခွဲဖြစ်ပါသည်။)ထို့နောက် ခမာနီတို့လက်ထက်က ရက်စက်ကြမ်းကြုတ်မှုများအား နောင်လာနောက်သားတို့ အမှတ်ရစေရာနေရာတစ်ခုဖြစ်သော Toul Sleng Museum သို့ သွားရောက်လေ့လာပါမည်။ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်ပြီးနောက် ဖနွမ်းပင်ရှိ ဟိုတယ်တွင် check in ဝင်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။

Day-4 ဖနွမ်းပင် City Tour – Departure (B / L/-)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check Out ပြုလုပ်ပါမည်။ထို့နောက် Wat Phnom Hill သို့ သွားရောက်လည်ပတ်ပြီးနောက် ကမ္ဘောဒီးယားတို့ ပြင်သစ်ကိုလိုနီ လက်အောက်မှ ၁၉၅၈ ခုနှစ်တွင် လွတ်မြောက်ခဲ့ခြင်းအထိမ်းအမှတ်ဖြစ်ပြီး တိုင်းပြည်လွတ်လပ်ရေး အတွက် အသက်ပေးလှူခဲ့ကြသည့် တိုက်ပွဲဝင်နိုင်ငံသားများ၏ ဝိညာဉ်များအား အောက်မေ့ဂုဏ်ပြုရာနေရာ Independent Monument သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဖနွမ်းပင်မြို့ရှိ ဗဟိုစျေးတွင်

အမှတ်တရပစ္စည်းများကို မိမိတို့စိတ်ကြိုက်၀ယ်ယူနိုင်ပါမည်။ ထို့နောက် ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ထို့မှတစ်ဆင့် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း (သို့) သုံးဦးလျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် မနက်စာ ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသောလည်ပတ်မှုများနှင့် ဝင်ကြေးများ
  • Private boat trip on floating village at Tonle Sap
  • နေ့စဉ်သောက်ရေသန့်နှစ်ဗူးစီ ဝန်ဆောင်မှု
  • ရန်ကုန် - Siem Reap - ဖနွမ်းပင် - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်များ
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Siem Reap - Phnom Penh

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 462 USD

Inquiry



    You might also like