from 0 review
3D 2N
Daily Tour
1 person
English, Myanmar
မြန်မာနိုင်ငံရဲ့ Switzerland လို့တင်စားရတဲ့ ထိ ရင်သပ်ရှုမောဖွယ်ရာ အလှတရားတို့တည်ရှိရာ ဘားအံရဲ့အလှဆုံးHidden Gems လေးတွေကို OWAY ၏ ခရီးစဉ်ဖြင့် လည်ပတ်ရင်း အမိုက်စား ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးဖန်တီးလို့ ရမယ့် Hpa-An Rainy Retreat Package နဲ့ လည်ပတ်ကြရအောင်။
ရေကူးလို့ရတဲ့ နာမည်ကြီး နောင်ခရိုင် ပါပါဝင်တဲ့ ဂူ(၆)ဂူ၊ တောင်ဝိုင်း+ကြာအင်း တောင်(၂)တောင်၊ ရွှေယဉ်မျှော်ဘုရား၊ လွန်းညရေပြာအိုင်၊လုံမ္မနီဥယျာဉ်၊ သစ္စာတံတား၊ ကျိုက်ကော်သစ်သီးတန်း နဲ့ အခြား ဓါတ်ရိုက်လို့ကောင်းသည့် နေရာများစွာပါဝင်သည့် စုံစုံလင်လင်နှင့် စိတ်အေးချမ်းသာစွာ လည်ပတ်လို့ရမယ့် မိုးရာသီအတွက် ခရီးစဉ်ကောင်းလေးကို ယူဆောင်လို့လာပါပြီ။
ရန်ကုန် – ဘားအံ – ရန်ကုန်
၂ ညအိပ် ၃ ရက်
Grand Explorer Package (Hotel + Private Car + Meals + Sightseeings)
Payment Terms & Conditions:
နံနက် (၀၅:၀၀ နာရီ) အချိန်ခန့်တွင် ဆုံရပ်မှ ဘားအံမြို့ သို့ OWAYမှ စီစဉ်ထားသောသီးသန့်ကားဖြင့် ခရီးစတင်ထွက်ခွာပါမည်။ နံနက်စာကို လမ်းခရီးတွင်ရှိသော ဒေသစားသောက်ဆိုင်တွင်(မိမိ ကိုယ်အသုံးစားရိတ်ဖြင့်) သုံးဆောင်ပြီးနောက် စီစဉ်ထားသောသီးသန့်ကားဖြင့် ဘားအံမြို့သို့ ခရီးဆက်ပါမည်။ နေ့ခင်းပိုင်းတွင် ဘားအံမြို့သို့ရောက်ရှိပြီးနောက် နေ့လည်စာကို ဘားအံမြို့ရှိ OWAY မှ စီစဉ်စားသော ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် သံလွင်မြစ်အနောက်ဖက်ကမ်းရှိ လည်ပတ်စရာများသို့ ဦးစွာလည်ပတ်ကြပါမည်။ သံလွင်မြစ်အနောက်ဖက်ကမ်းရှိ လည်ပတ်စရာများ လည်ပတ်ပြီးစီးသည့်နောက် ဟိုတယ်တွင် Check-in ပြုလုပ်ကြပါမည်။ Check-in ပြုလုပ်ပြီး နောက်တွင် ဘားအံမြို့ အရှေ့ဘက်ခြမ်းရှိ လည်ပတ်စရာများကို ဆက်လက်လည်ပတ်ကြပါမည်။ ညနေစာကို ဘားအံမြို့ရှိ OWAY မှ စီစဉ်စားသော ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညနေစာ သုံးဆောင်ပြီးသည့်နောက်တွင် ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာအိပ်စက်အနားယူပါမည်။ ညဦးပိုင်းတွင် ဘားအံညဈေး ကို လမ်းလျှောက်ကာ (မိမိ အစီစဉ်ဖြင့်) သွားရောက်လည်ပတ်နိုင်ပါသည်။
၁။ ကော့ဂွန်းဂူ
ကော့ဂွန်းဂူ မှာ ကော့ဂွန်းကျေးရွာအနီး သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ ထုံးကျောက်သဘာဝလိုဏ်ဂူတစ်ခု ဖြစ်ပါသည်။ မြင့်မားလှတဲ့ ကျောက်နံရံကြီးပေါ်မှာ အုတ်ခွက်ဘုရားအဆူဆူကို သပ္ပါယ်လွန်းစွာ ဖူးမြင်ကြရသလို၊ လိုဏ်ဂူကြီးအတွင်းမှာလည်း အုတ်ခွက်ဘုရားအဆူဆူကို နံရံ၊မျက်နှာကျက်တွေပေါ်မှာ ဖူးတွေ့ကြရမှာဖြစ်ပါသည်။ အချိန်ကာလရွေ့လျားတိုက်စားလို့ အပျက်အစီးရှိလာတဲ့ အုတ်ခွက်ဘုရားအဆူများကို ယခင်ကဖြင့် ဘိလပ်မြေနဲ့ ကိုင်ပြီး ပြန်ကပ်ဖို့ ကြိုးစားခဲ့ကြသော်လည်း မူလနည်းပညာကို မမီနိုင်သောကြောင့် ပြန်လည်ကွာကျနေတာတွေကို မြင်တွေ့ရမှာဖြစ်ပါသည်။ မူလအုတ်ခွက်ဘုရားတွေ စီတဲ့ပညာမှာ အတော် လေးနက်ကြောင်း ပိုနားလည်နိုင်ပါသည်။ ဒီအရပ်ဒေသ၏ ဖြစ်တည်မှုကို လေ့လာနိုင်သည့် ကျောက်စာ၊ မင်စာတွေကိုလည်း မြင်တွေ့ရနိုင်သလို၊ ယခင်ခေတ်ကာလကိုထင်ဟပ်စေသည့် ဆင်းတု၊ ရုပ်တုအမျိုးမျိုးကိုလည်း ထိန်းသိမ်းပြသထားသည် ကို လေ့လာတွေ့ရှိ နိုင်ပါသည်။ ၎င်းရုပ်ထုများထဲတွင် ဟိန္ဒူအယူဝါဒဆိုင်ရာ ရုပ်ထုများလည်း မြင်တွေ့ရသောကြောင့် သမိုင်းလေ့လာလိုသူတွေအတွက်လည်း အတော်သဘောကျစရာ ဖြစ်ပါသည်။ ထို့အပြင် အလွန်ရှေးကျပြီး(၇) ရာစုလောက်ကဟု ယူဆသော ဂဝံ ကျောက်ရုပ်ထုချပ် (၃) ချပ်ကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။ ယခုကော့ဂွန်းဂူ မှာ မုတ္တမမိဖုရားကြီး ရဲ့ ဝဋ်ကြွေးတွေ ကျေစေဖို့ ဆုတောင်းနဲ့ ထုလုပ်ထားတဲ့ အကြွေးကြေဘုရား ကိုလည်း လူအများ လာရောက်ဆုတောင်းလေ့ရှိပါတယ်။
၂။ ရသေ့ပျံဂူ
ဟိုရှေးယခင်က ဂူထဲကနေ ရသေ့တပါးပျံတက်သွားလို့ “ရသေ့ပျံဂူ” ဟုခေါ်ကြပါသည်။ ရသေ့ပျံတက်သွားတဲ့ ဂူပေါက်လေးလို့ အဆိုပြုကြသော နေရာလည်းရှိပါသည်။ ဂူတွင် အရှေ့ပေါက် နဲ့ အနောက်ပေါက် ဆိုပြီး နှစ်ပေါက်ရှိပါသည်။ ဂူအရှေ့ပေါက်မှာ ကားရပ်ပြီး အုတ်လှေကားဖြင့်တက်၍ ဂူထဲကဘုရားတွေဖူး၊ ကျောက်စက်ပန်းဆွဲတွေကြည့်ပြီး အနောက်ဖက်အပေါက်ကနေပြန်ထွက်ရင် View point ကြည့်သော သံလှေကားနေရာကိုတန်းရောက်ပါသည်။ View point ကနေ မြင်ရတဲ့ မြင်ကွင်းက တော်တော်လေးလှလို့ အမောပြေစေမှာပါ။ View point ကနေ သံလှေကား အတိုင်း ဆင်းသွားပါက စက်လှေဆိပ်/ အာလဝံအင်းကိုရောက်ပါသည်။ စက်လှေဖြင့် တောင်ကိုတစ်ပါတ်ပါတ်ပြီး ဂူအရှေ့ဘက် ကို ပြန်လာလို့ ရပါသည်။ မျောက်ကလေးတွေလည်း အများကြီးရှိတဲ့အတွက် မျောက်စာလည်း ကျွေးလို့ရပါသည်။
၃။ ကြာအင်းတောင်
ကြာအင်းတောင်သည် ဘားအံမှာ တက်ရအလွယ်ဆုံးတောင်တစ်ခုဖြစ်ပြီး အမြင့်ပေ(၁၁၀၀) ခန့်မြင့်ပါသည်။တောင်ထိပ်ကနေ ဇွဲကပင်တောင်ကြီးကို နီးနီးကပ်ကပ်မြင်ရပြီး viewလည်း အရမ်းလှပါသည်။ တောင်ထိပ်နားအထိကွန်ကရစ်ကားလမ်းဖောက်ထားလို့ကားနဲ့ပဲတက်တက်၊လမ်းပဲလျှောက်တက်တက်အဆင်ပြေပါသည်။ကားလမ်းအဆုံးမှာတော့ လှေခါးထစ်၄၁၃ထစ်ကို တက်ရပါမည်။ တောင်ထိပ်နားရောက်ခါနီးမှာ မိုးဖွဲဖွဲလေးပဲကျတော့ပြီး တိမ်တွေစထွက်လာပါလိမ့်မည်။
၄။ ကျောက်ကလပ်စေတီ
သာမညဆရာတော်ဘုရားကြီး အဓိဌာန်အောင်မြေတွင်တည်ထားသော ကျောက်ကလပ်စေတီတော်၏ နေရာသည် ဝန်းဝိုင်းသောကန်ကြီး၏ အလယ်ခေါင်တွင် ကျွန်းကလေးသဖွယ် တည်ရှိ၍ ကျောက်ကလပ် စေတီတော် သို့ တံတားဖြင့်သွားရပါသည်။ ကျောက်ကလပ်စေတီတော်ပေါ်တွင် ပရိတ်ကြိုးများ လည်းပေးပါသည်။ စေတီတော်သို့ လာရောက်ကြသော ဘုရားဖူးများကို သက်သက်လွတ်ထမင်းနှင့် ဟင်းများကိုလည်း နေ့စဉ်ကျွေးမွေးလျက် ရှိပါသည်။ ၅။ ကန်သာယာတံတား ဘားအံ၏ အသည်းနှလုံးနေရာတခုဖြစ်သည့် ကျောက်ကလပ် စေတီတည်ရှိရာ ကန်ရေပြင်ထက်က ကန်သာယာတံတား ကိုလည်း လည်ပတ်ကြပါမည်။ တောင်တွေ ဝန်းရံထားတဲ့ ကန်ရေပြင်ကြီး အထက်က နေဝင်ချိန်အလှမှ ရင်သပ်ရှုမောဖွယ်ဖြစ်ပါသည်။ ၆။ ညဈေးတန်း ညပိုင်းတွင် ဘားအံညဈေးတန်းကို (မိမိကိုယ်ပိုင် အစီစဉ်ဖြင့်) သွားရောက်လည်ပတ်နိုင်ပါသည်။
၅။ ကန်သာယာတံတား
ဘားအံ၏ အသည်းနှလုံးနေရာတခုဖြစ်သည့် ကျောက်ကလပ် စေတီတည်ရှိရာ ကန်ရေပြင်ထက်က ကန်သာယာတံတား ကိုလည်း လည်ပတ်ကြပါမည်။ တောင်တွေ ဝန်းရံထားတဲ့ ကန်ရေပြင်ကြီး အထက်က နေဝင်ချိန်အလှမှ ရင်သပ်ရှုမောဖွယ်ဖြစ်ပါသည်။
၆။ ညဈေးတန်း
ညပိုင်းတွင် ဘားအံညဈေးတန်းကို (မိမိကိုယ်ပိုင် အစီစဉ်ဖြင့်) သွားရောက်လည်ပတ်နိုင်ပါသည်။
ဟိုတယ်တွင် အရသာရှိသော နံနက်စာသုံးဆောင်ပြီးသည့်နောက် နံနက် (၀၇:၃၀) အချိန်တွင် ဒုတိယမြောက်နေ့ လည်ပတ်ခြင်းခရီးစဉ် အတွက် ဟိုတယ်တွင် OWAY၏အစီစဉ်ဖြင့်လာရောက်ခေါ်ဆောင်ပါမည်။ ဒုတိယမြောက်နေ့အတွက် တစ်နေ့တာအား OWAY ၏ အစီစဉ်ဖြင့် ပျော်ရွှင်စွာလည်ပတ်ကုန်ဆုံးကြပါမည်။ နေ့ခင်းစာ နှင့် ညနေစာအား OWAY မှ စီစဉ်ထားသော ဒေသစားသောက်ဆိုင်တွင် အရသာရှိရှိသုံးဆောင်ကြပါမည်။ တစ်နေ့တာ လည်ပတ်ခြင်း ခရီးစဉ်ကို လှပသော နေဝင်ချိန်ဖြင့် ပျော်ရွှင်စွာ ကုန်ဆုံးပြီးနောက်တွင် ဟိုတယ်သို့ပြန်ကာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။
၇။ နောင်ခရိုင်ဂူ
ဒုတိယနေ့ခရီးစဉ်ကို နောင်ခရိုင်ဂူဖြင့် စတင်ပါမည်။ နောင်ခရိုင်ဂူ ကို မနက်ပိုင်းသွားလည်ခြင်းဖြင့် လူလည်းရှင်းပြီး ရေလည်းကြည်နေလို့ ဓါတ်ဖမ်းဖို့ ကောင်းဆုံးအချိန်ဖြစ်ပါသည်။ ဂူထဲတွင် ယခုလို မိုးတွင်းဆိုရင် ရေတွေပြည့်ပြီး အရမ်းလှလို့နေပြီး ဘားအံကတော့ မိုးများလေပိုလှလာလေဖြစ်ပါသည်။
၈။ လုံမ္မနီဥယျာဉ် (ဇွဲကပင်တောင်ခြေ)
ဇွဲကပင်တောင်ခြေရှိ လုံမ္မနီဥယျာဉ်တွင် ဘုရားဖူး ဓါတ်ပုံရိုက်လို့ရသည့်အပြင် (မိမိအစီစဉ်ဖြင့်) ပျော်စရာ Cable လည်းစီးနိုင်ပါသေးသည်။
၉။ ထွန့်ပတိုင်ရေကန်
နက်မှောင် နေသောတောင်ကြီးကို နောက်ခံထားပြီး ကျောက်စိမ်းရောင် တလက်လက် တောက်ပနေသည့် ရေကန်ပေါ်တွင် ဝါးတံတား ငယ်လေးတစ်ခုထိုးထားပြီး ထိုတံတား လေးပေါ်မှ ဓာတ်ပုံရိုက်ကူးကြပါမည်။ ရိုးရိုးရှင်းရှင်းလေး လှပစွာ ဆွဲဆောင်ထားတဲ့ ထွန့်ပတိုင်ရေကန်၏ ပတ်ဝန်းကျင်သည်လည်း သာယာလှပါသည်။
၁၀။ သစ္စာတံတား
သစ္စာတွေ ခိုင်မြဲပါတယ်ဆိုသော ထွန့်ပတိုင်ရေကန်ထက်က သစ္စာတံတား။ သစ်သားတံတားအမျိုးစားဖြစ်ပြီး ရေတက်ချိန်ဆို တံတားပေါ်တွင်ရေတင်မဟုတ်ဘဲ ငါးတွေပါကူးခတ်သွားလာနေတဲ့ကြားထဲမှ ဖြတ်သန်းသွားလာ ရသောထူးခြားတဲ့ ခံစားမှုမျိုးကိုရရှိစေမှာဖြစ်သလို ငါးလေးတွေကိုလည်း အစာကြွေးလို့ရပါသည်။ သစ်သားတံတားတစ်လျှောက်ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။
၁၁။ ဆန္ဒန်ဂူ
ဘားအံ ရှိ သဘာဝ ထုံးကျောက်ဂူများအနက်မှ အကြီးဆုံး ဂူတစ်ဂူဖြစ်ပြီး ဂူထဲတွင် ကျောက်ထွင်းအုတ်ခွက် ဘုရားများ ကိုလည်းလေ့လာတွေ့ရှိရမှာဖြစ်ပါသည်။ ဆန္ဒန်ဂူတွင် OWAY ၏ အစီစဉ်ဖြင့် လှေစီးကြပါမည်။
၁၂။ လွန်းညရေပြာအိုင်
လွန်းညရေပြာအိုင်သည်ဘားအံမြို့မှအိန္ဒူအကျော်လွန်းညကျေးရွာတွင်တည်ရှိပါသည်။ယင်းရေပြာအိုင်မှာရေကစားရန်အတွက်အသင့်အတင့်အကျယ်ဝန်းရှိပြီး တစ်နှစ်ပတ်လုံးရေမပြာဘဲ မိုးရာသီကာလတွင်ပိုပြာပါသည်။ ရေပြာအိုင်ရှိ တောင်ခြေသို့သွားရာလယ်ကွင်းပြင်များကို ဖြတ်သန်းဖောက်လုပ်ထားသော တံတားရှည်ရှည်လေးတစ်စင်းမှာ ကန်၏ အလှကို ပို၍ဆွဲဆောင်နေပါသည်။
၁၃။ နောင်လုံတောင်ကြားလမ်း
ဘားအံတွင် အလှဓာတ်ပုံရိုက်လို့ကောင်းသော အလှဆုံးနေရာတွေထဲမှ နေရာတစ်ခုလည်းဖြစ်ပါသည်။ ဘားအံကို အလည်အပတ်ရောက်သူတိုင်း ဘားအံရဲ့ View Point တစ်နေရာဖြစ်တဲ့ နောင်လုံတောင်ကြား View Point မှာ အလှဓာတ်ပုံရိုက်ဖို့ photo stop လုပ်ကြပါမည်။
၁၄။ ကော့ကသောင်ဂူ
ဂူအတွင်း၌ ဓမ္မစကြာပုံတော်များ၊ ဓာတ်တော်ခန်း၊ ရေကန်၊ သံလမ်းတံခါး၊ ရုပ်ရှင်ပုံစံဗုဒ္ဓရုပ်ပွားများ၊ ရှေးအုပ်ဆရာတော်များထိုင်သုံးသော ဂူငယ်များနှင့် ပုံပြင်ဆန်သည့် ကြာပွင့်စသည်ဖြင့် မြင်တွေ့နိုင်ပါသည်။ ဂူပေါက်အကျယ် ၄၀ ပေအနံ၊ အရှည် ၆၅ ပေရှိပြီး အတွင်းတွင် အလင်းရောင်အားနည်းပါသည်။
၁၅။ စိတ္တသုခရေကန်
ကော့ကသောင်ဂူ ရှေ့မှ ကြည်လင်တောက်ပနေသော စိတ္တသုခရေကန်တွင် အလှဓါတ်ပုံများရိုက်ကူးကြပါမည်။
၁၆။ တောင်ဝိုင်းတောင်
မိုးရာသီတွင် တိမ်ပင်လယ်ဖြစ်တတ်ပြီး ဘားအံ ရဲ့ စိမ်းစိုမြူဆိုင်းနေသော အလှကို တောင်ဝိုင်းတောင်ထိပ်ကနေ ရင်သပ်ရှုမောဖွယ် နေဝင်ချိန်အလှကို ခံစားပြီး တနေ့တာကုန်ဆုံးပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check-out ပြုလုပ်ပြီး နံနက် ၁၀:၀၀ အချိန်တွင် ဟိုတယ်မှ စတင် ထွက်ခွာကြပါမည်။ Check-out ပြုလုပ်ပြီးသည့်နောက် ဘုရင့်ညီဂူနှင့် ရွှေယျဉ်မျှော်ဘုရား တို့ကို လည်ပတ်ပြီး ရန်ကုန်သို့ခရီးဆက်ပါမည်။ ယနေ့အတွက်နေ့လည်စာ ကို လမ်းခရီး ရှိ (ဒေသစားသောက်ဆိုင်တွင်မိမိအစီစဉ်ဖြင့်) သုံးဆောင်ကြပါမည်။ အိမ််အပြန်လက်ဆောင် ဒေသထွက်အသီးနှံများဝယ်ယူရန် ကျိုက်ကော်သစ်သီးတန်းတွင် ရပ်နားပေးပါမည်။ ညနေ ၀၇:၀၀ ဝန်းကျင်ခန့်တွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိပြီး ပျော်ရွှင်ဖွယ် ဘားအံ ခရီးစဉ်လေးအောင်မြင်စွာပြီးဆုံးပြီ ဖြစ်ပါသည်။
၁၇။ ဘုရင့်ညီဂူ
ရှေ့နှစ်ပေါင်း ၉၀၀ ခန့်လောက်တွင် ဘုရင်ကြီး တရားကျင့်ကြံပြီး နတ်ရွာစံသော ဂူဖြစ်သဖြင့် ဘုရင်ကြီးဂူ ဟုတ်အမည်တွင်ရာမှ ကာလကြာညောင်းသောအခါ ဘုရင့်ညီဂူ ဟုအမည်တွင်သည်။ ဘုရင့်ညီဂူသည် တောင်ကုန်းပေါ်တွင် တည်ရှိပြီး အုတ်လှေကားများဖြင့် အပေါ်သို့ တက်ရောက်ကြပါမည်။ တောင်စောင်းတစ်လျှောက်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် ဂူအတွင်းတွင် ရှေးဟောင်းဘုရားများကို ဖူးမြော်ပါမည်။ ဂူသည် ၁ ဖာလုံခန့် ရှည်လျားပါသည်။ ဘုရင့်ညီဂူအခြေတွင် သဘာဝအလျှောက် ဖြစ်ပေါ်နေသော ရေပူ၊ ရေအေးစိမ့်စမ်းအိုင်လည်း ရှိပါသည်။ ဂူထဲတွင် ဂဝံကျောက်အုတ်၊ ရှေးခေတ်ဟောင်း လက်လုပ်မြေအုတ်တို့ဖြင့် ထွင်းထုထားသော ဘုရားများစွာကိုလည်း ဖူးမျှော်ကြပါမည်။
၁၈။ ရွှေယင်မျှော်
ရွှေယင်မျှော်ဘုရားကြီးသည် သီရိဓမ္မာသောကမင်း၏ ကောင်းမှုတော် တစ်ခုဖြစ်သည်ဟုယူဆကြပါသည်။ သီရိဓမ္မာသောကမင်းသည် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် အရှင်ယောနကမထေရ်နှင့် မထေရ်ကြီးများနှင့် သာသနာထွန်းကားစေရန် တိုင်းခန်းလှည့်ခဲ့ရာ စေတီတော်ကြီးတည်ထားရမည့်နေရာသို့ ရောက်စဉ် မင်းကြီးပင့်ဆောင်လာသော ဓာတ်တော်မွေတော်များသည် မြတ်စွာဘုရားရှင်တော်မြတ် နှစ်ဆူသဏ္ဌာန် တန်းခိုးတော်ပြတော်မူ၍ ကောင်းကင်မှ သက်ဆင်းလာပြီး အရှေ့အရပ်သို့မျက်နှာတော်မူလျှက် လူနတ်ဗြဟ္မာတို့၏ အပူဇော်ခံခဲ့သည်ဟု အဆိုရှိခဲ့ဖူးပါသည်။ မင်းကြီးသည် မြတ်စွာဘုရားညွှန်သောနေရာတွင် တည်ထားခဲ့သော ရွှေယင်မျှော်ဘုရားအား လည်ပတ်ဖူးမျှော်ကြပါမည်။
Leave a reply