from 0 review
7D 6N
Specific Tour
10 people
English, Myanmar
ကိုရီးယားနိုင်ငံ နာမည်ကြီးအထင်ကရနေရာတွေ၊ အတွေ့အကြုံများစွာကို ခံစားရစေမယ့် ရက်ရှည်ခရီးစဉ်ဖြစ်ပါတယ်။ ဗီဇာကိစ္စရပ်ကနေစပြီး ခရီးစဉ်အားလုံးကို အကောင်းဆုံးစီစဉ်ပေးထားတဲ့ Korea Trip လေးပါ။
ARRIVE SEOUL - BUSAN
Incheong လေဆိပ်ကိုရောက်ရှိမှာဖြစ်ပြီး Gwangmyeong station ကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ Busan station ကိုရထားနဲ့သွားရမှာဖြစ်ပြီး Busan ကဟိုတယ်မှာပဲအိပ်စက်အနားယူရမှာဖြစ်ပါတယ်။
BUSAN
Gyeongsang Province ရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ GIMHAE မြို့သို့ပို့ဆောင်ပေးမှာပါ။ NAKDONGGANG RAILBIKE စီးရင်း NAKDONGGANG မြစ်ရဲ့အလှအပကိုခံစားနိုင်ပါတယ်။ ပြီးရင်တော့ RASPBERRY WINE TUNNEL, KAYA THEME PARK (ဝင်ခွင့်လက်မှတ်အပါ), PAINTER’S SHOW တွေကိုလည်ပတ်ပြီး Busan သို့ပြန်ရမှာဖြစ်ပါတယ်။ ညစာကတော့ ဒေသခံစားသောက်ဆိုင်မှာသုံးဆောင်ရမှာဖြစ်ပါတယ်။ SEOMYEON SHOPPING STREET မှာစေ◌ျးဝယ်ထွက်လို့ရမှာဖြစ်ပြီး Busan မှာပဲအိပ်စက်အနားယူရမှာဖြစ်ပါတယ်။
GAMCHUN CULTURAL VILLAGE TAEJONGDAE
ဟိုတယ်မှာ မနက်စာစားပြီးရင်တော့ HAEUNDAE BEACH ကိုလည်ပတ်ရမှာဖြစ်ပါတယ်။ BIFF STREET မှာလမ်းလျှောက်ပြီးရင် YONGDUSAN PARK & BUSAN TOWER တွေကိုပါလည်ပတ်ရမှာပါ။ ပြီးရင်တော့ BUSAN Station ကိုပို့ဆောင်ပေးမှာဖြစ်ပြီး အဲ့ကနေမှ Seoul မြို့သို့ရထားနဲ့သွားရမှာဖြစ်ပါတယ်။ Seoul မြို့ရောက်ပြီဆိုရင်တော့ Hotel မှာ check-in လုပ်ကာ အနားယူနိုင်ပါပြီ။
SEOUL SIGHTSEEING
ဟိုတယ်မှာ မနက်စာသုံးဆောင်ပြီးရင်တော့ GYEONGBOK PALACE ကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ BUKCHON HANOK VILLAGE, GINSENG GALLERY, ITAEWON STREET တွေလည်ပတ်ရင်း KIMCHI လုပ်နည်းအတွေ့အကြုံကိုပါခံစားနိုင်မှာဖြစ်ပါတယ်။ DFS MYEONGDONG MARKET ဆက်လက်လည်ပတ်ပြီး Seoul မြို့မှာ အိပ်စက်အနားယူရမှာဖြစ်ပါတယ်။
SEOUL – EVERLAND THEME PARK
မနက်စာကိုဟိုတယ်မှာသုံးဆောင်ပြီးရင်တော့ HEALTHY LIVER SHOP ကိုလည်ပတ်ရမှာဖြစ်ပြီး ပြီးရင်တော့ Yogin ကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။ EVERLAND Theme Park မှာလည်ပတ်ပြီးရင်တော့ Seoul မြို့ကိုပြန်လည်ပို့ဆောင်ပေးမှာပါ။ COEX MALL STARFILED LIBRARY, K POP ROAD အစရှိတဲ့နေရာတွေသွားလည်ရဦးမှာဖြစ်ပြီး ညတာကိုတော့ Seoul မြို့မှာပဲဖြတ်သန်းရမှာဖြစ်ပါတယ်။
SEOUL – NAMI ISLAND – N SEOUL TOWER
မနက်စာကိုဟိုတယ်မှာသုံးဆောင်ပြီးရင်တော့ COSMETIC OUTLET ဆီသွားနိုင်ပါတယ်။ ပြီးရင်တော့ CHUNCHEON ဆီပို့ဆောင်ပေးမှာဖြစ်ပြီး NAMI ISLAND (ဖယ်ရီနဲ့ခေါ်ဆောင်သွားမှာပါ), PETITE FRANCE နဲ့ ITALIAN VILLAGE လိုနေရာတွေလည်ပတ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Seoul မြို့ပြန်ရမှာဖြစ်ပြီး N SEOUL TOWER (ကေဘယ်ကားနဲ့ခေါ်ဆောင်သွားမှာပါ), COEX STARFIELD LIBRARY သို့လည်ပတ်ရမှာဖြစ်ပါတယ်။ ညမှာတော့ Seoul မြို့မှာပဲ အိပ်စက်အနားယူရမှာဖြစ်ပါတယ်။
SEOUL – DEPARTURE
မနက်စာကိုဟိုတယ်မှာသုံးဆောင်ပြီးရင်တော့ check-out ထွက်ကာ ဒေသခံ Supermarket တွေကိုသွားရောက်လည်ပတ်နိုင်ပါတယ်။ ပြီးရင်တော့ INCHEON လေဆိပ်ကိုပို့ဆောင်ပေးကာ ရန်ကုန်သို့ပျံသန်းပြီး ခရီးစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။
Leave a reply