from 0 review
3D 2N
Daily Tour
1 person
English, Myanmar
(၂ ညအိပ် ၃ ရက်ခရီးစဉ်)
Payment Terms & Conditions:
Validity Period: 1st OCT to 31st OCT 2025(သီတင်းကျွတ်ရုံးပိတ်ရက်များမပါဝင်ပါ)
Grand Ngwe Saung Hotel
နံနက် ( ၆ နာရီ ) ခန့်တွင် ရန်ကုန်မှ ခရီး စတင်ထွက်ခွာပါမည်။ နံနက်စာ ကို ညောင်တုန်းမြို့ တွင် (မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီး ငွေဆောင်ကမ်းခြေသို့ ခရီးဆက်ပါမည် ။ နေ့လည်စာကို ငွေဆောင်ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check – in ဝင်ပြီး အပန်းဖြေအနားယူပါမည်။ ညစာကို ငွေဆောင်ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည် ။
ဟိုတယ်တွင် အရသာရှိသော နံနက်စာသုံးဆောင်ပြီးနောက် ရင်သပ်ရှုမောဖွယ်ကောင်းသော ပင်လယ်ကမ်းခြေ၏ အလှတရားများကို ခံစားခြင်း၊ ကမ်းခြေသဲသောင်ပြင်ပေါ်တွင် လမ်းလျှောက်ခြင်း၊ ငွေဆောင်ကမ်းခြေ ဧရိယာ၏ သဘာဝအလှတရားများကို ကိုယ်တိုင်ရှာဖွေစူးစမ်းခြင်းများ ပြုလုပ်ရန် တစ်နေ့တာလုံးကို ဧည့်သည်တော်များ၏ စိတ်ကြိုက် မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပျော်ရွှင်စွာ လည်ပတ်ကုန်ဆုံးနိုင်မည် ဖြစ်ပါသည်။ နေ့လည်စာနှင့် ညစာကို ငွေဆောင်ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီး နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ Beach Activites နဲ့ Water Sport တွေကိုခံစားရင်း ချစ်ခင်ရသူတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာအခိုက်တန့်များကို ဖန်တီးဖို့ ကြိုတင် Booking နိုင်ရန် OWAY မှ စီစဉ်ပေးနေပါသည်။
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး နေ့လည် ၁၁ နာရီခန့်တွင် ဟိုတယ်မှ Check-out ထွက်ကာ ရန်ကုန်သို့ စတင်ထွက်ခွာပါမည်။ ပုသိမ်မြို့တွင် (မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) နေ့လည်စာသုံးဆောင်ပြီး ခရီးဆက်ပါမည်။ ညနေပိုင်းအချိန်တွင် ရန်ကုန်မြို့သို့အေးချမ်းစွာ ပြန်လည်ရောက်ရှိလာပြီး ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply