from 0 review
4D 3N
Daily Tour
1 person
English, Myanmar
ဟနွိုင်း – စါပါ
(၃ညအိပ် ၄ရက်ခရီးစဉ်)
ခရီးစဉ်ထွက်ခွာမည့်ရက် – ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ
တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း
အမေရိကန်ဒေါ်လာ ၃၉၂ မှ စတင်၍ (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)

မှတ်ချက်:
ငွေပေးချေမှု
TERMS & CONDITIONS:
· ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာပါမည်။ · ဟနွိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ညစာသုံးဆောင်ရန် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ · ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်မြောက်ပိုင်း၏ အထင်ကရတောင်ပေါ်မြို့လေး Sapa သို့ ဆက်လက်ထွက်ခွာပါမည်။ · ဗီယက်နမ်နှင့် တရုတ်နယ်စပ်ဖြစ်သော လောက်ကိုင်ပြည်နယ်တွင် အမှတ်တရဓာတ်ပုံ များရိုက်ကြပြီးနောက် ၂၂၀၀ မီတာအမြင့်ရှိပြီး ၆၀၀ မီတာရှည်လျားသည့် အရှေ့တောင်အာရှတွင်အမြင့်ဆုံး မှန်တံတားဖြစ်ပြီး တောင်ကမ်းပါးမှ ၆၀ မီတာအကွာတွင်တည်ရှိပြီး လာရောက်လည်ပတ်သူတိုင်း လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားနိုင်စေရန် တည်ဆောက်ထားသည့် Rong May Glass Bridge သို့ တောင်ခြေမှတဆင့် ၇၀ မီတာရှည်လျားသော Elevator ဖြင့် တက်ရောက်ပြီး ပျော်ရွှင်စွာသွားရောက်လည်ပတ်ကြပါမည်။ Elevator တစ်စီးလျှင် လူဦးရေ ၃၀ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး အပြင်ဘက်မြင်ကွင်းအား ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားနိုင်စေရန် မျက်နှာပြင်လေးဖက်စလုံးတွင် ဖန်သားများဖြင့် ပြုလုပ်တည်ဆောက်ထားပါသည်။ (မှတ်ချက် — Dragon Cloud Bridge အတွင်းရှိ ဂိမ်းများ မပါဝင်ပါ) · ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် စါပါရှိ ဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ကြပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check-out ပြုလုပ်ကာ တောင်ပေါ်ဒေသ သဘာဝအလှများအပြင် H’mong ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကြောင့် အလွန်ကျော်ကြားသော လောက်ကိုင်ဒေသရှိ Muong Hoa တောင်ကြားတွင်တည်ရှိသည့် Cat Cat Village သို့ ခြေလျင်သွားရောက်လည်ပတ်ရင်း ဒေသထွက်ကုန်များအား လေ့လာကြည့်ရှုရင်း ဝယ်ယူနိုင်ပါမည်။ · ခရီးလမ်းတစ်လျှောက် ရှုမျှော်မဆုံးသည့် အံ့ဩဖွယ်ရာအလှတရားများဖြင့် ပြည့်နှက်နေသည့် စပါးခင်းများ၊ ရေတံခွန်များတလျှောက် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ ထိုမှတဆင့် နာမည်ကျော် Moana Sapa Café သို့ သွားရောက်ရင်း ဗီယက်နမ်ရိုးရာကော်ဖီများအားလည်း မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ပျော်ရွှင်စွာမြည်းစမ်းကြပါမည်။ · နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ၃၁၄၇ မီတာခန့်အမြင့်ရှိသည့် Fansipan တောင်ထိပ်သို့ Cable Car ဖြင့် သွားရောက်လည်ပတ်ပါမည်။ Fansipan တောင်ပေါ်မှတဆင့် ရင်သပ်ရှုမောဖွယ်ရာ တောင်တန်းသဘာဝရှုခင်းများကို ခံစားလေ့လာပြီးနောက် အမြင့် ၁၂.၅ မီတာရှိပြီး ခေတ်မီနည်းပညာကို အသုံးပြုကာ ကြေးချည်တန်ချိန် ၅၀ ကျော်ဖြင့် သွန်းလုပ်ထားသည့် Amitabha Buddha အကြီးမားဆုံး ရုပ်ပွားတော်အား သွားရောက်ဖူးမြော်ကြပါမည်။ · ထိုမှတဆင့် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာကြပါမည်။ · ညစာအား ဟနွိုင်းရှိဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ကြပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ပြုလုပ်ကာ ဗီယက်နမ်နိုင်ငံသမ္မတဟိုချီမင်းမှ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးကြေငြာစာတမ်းဖတ်ခဲ့ရာ Ba Dinh Square၊ ဗီယက်နမ်နိုင်ငံ၏ခေါင်းဆောင် ဟိုချီမင်းဂူဗိမာန်၊ သမ္မတဟိုချီမင်းနေထိုင်ခဲ့ရာအိမ်၊ (၁၁) ရာစုအစောပိုင်းက တိုင်တစ်လုံးတည်းဖြင့် တည်ဆောက်ထားသော ရှေးဟောင်း One Pillar Pagoda နှင့် Hoang Kiem Lake တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ · Buffet နေ့လည်စာအား ဟင်းအမျိုးပေါင်း ၂၀၀ ကျော်ဖြင့် တည်ခင်းဧည့်ခံထားသည့် ဟနွိုင်းမြို့ရှိနာမည်ကျော် Sen Tay Ho စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ · Aeron Shopping Mall တွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပြီးနောက် ဟနွိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာကာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply